ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးယာယီတာဝန်ခံ Mr. Thierry Umbehr နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။(ယာပုံ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးယာယီတာဝန်ခံ Mr. Thierry Umbehr နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။(ယာပုံ)
ဆွေးနွေး
တွေ့ဆုံစဉ် ဝန်ကြီးဌာနသည် လူမှုရေးအခြေခံ အဆောက်အအုံများ တိုးတက်ခိုင်မာစေရေးအတွက် လူမှု ကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာချမှတ်၍ စီမံကိန်း ရှစ်ရပ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်၊ ဆွစ်ဇာလန်နိုင်ငံ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက မြန်မာ နိုင်ငံ အရှေ့တောင်ပိုင်းဒေသများတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု၊ Mine Action Workshop အလုပ်ရုံဆွေးနွေးပွဲကျင်းပရေးကိစ္စ၊ လာမည့် အောက်တို ဘာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အဓိကတာဝန်ယူ၍ အာဆီယံသဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမည့်ကိစ္စ၊ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေး မဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံမှ နေရပ်စွန့်ခွာမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr. Walter Kalin နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ယင်းမဟာဗျူဟာအား အတည်ပြုနိုင်ရေးနှင့် ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ခုနစ်မြို့နယ်တွင် လူမှုရေးအခြေခံအဆောက်အအုံ နှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခဒဏ်ခံရသော ကျေးလက်ဒေသများတွင် ကျန်းမာရေး၊ ပညာရေး၊ ရေနှင့် သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်ရှိလုပ်ထုံးလုပ်နည်း များနှင့်လျော်ညီစွာ ရေးထိုးနိုင်ရေး ကိစ္စ၊ ဝန်ကြီးဌာနတွင် Social Work Institute ထူထောင်ရန် လိုအပ်မှုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုကျောင်းများ လိုအပ် နေမှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်
No comments:
Post a Comment