Friday, July 5, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဗြိတိန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Daniel Patrick Chugg နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သာသနာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြ သည်။
သတင်းစဉ်

No comments:

Post a Comment