Friday, July 5, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲ ကျင်းပ
Image may contain: one or more people, people standing and outdoor
နေပြည်တော် ဇူလိုင် ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက် ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူ များ၊ သတင်းမီဒီယာအဖွဲ့ ၃၁ ဖွဲ့မှ သတင်းမီဒီယာသမား ၄၉ ဦးတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ရေးဆွဲခဲ့ ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာ အယူခံမှုအမှတ် ( ၁/၂၀၁၉ ) အပြီးသတ် အမိန့်ချမှတ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် သတင်းမီဒီယာအဖွဲ့များမှ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ၊ မဲဆွယ် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲကုန်ကျ စရိတ်တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးမြင့်နိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment