Friday, July 5, 2019

မြန်မာအိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် မြန်မာနိုင်ငံအားကစားဥပဒေပြဋ္ဌာန်း ရေးဆွဲရေးဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
Image may contain: 1 person
နေပြည်တော် ဇူလိုင် ၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်အဖွဲ့ သည် ဇွန် ၂၀ ရက်မှ ၂၅ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ လော်ဇန်းမြို့ရှိ အပြည်ပြည် ဆိုင်ရာ အိုလံပစ်ကော်မတီရုံးချုပ်သို့ မြန်မာအိုလံပစ် ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် မြန်မာနိုင်ငံအားကစား ဥပဒေပြဋ္ဌာန်းရေးဆွဲရေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲကို ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဇွန် ၂၀ ရက်မှ ၂၅ ရက်အထိ အစည်းအဝေးတက်ရောက်ခဲ့ သည့် ကာလအတွင်း International Olympic Council (IOC) မှ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ အရာရှိ Mr. Jerome နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးကိစ္စရပ်များနှင့် အဖွဲ့ဝင်အဖြစ်လိုက်ပါသူ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်က မြန်မာကိုယ်စား လှယ်အဖွဲ့အနေဖြင့် Olympic Solidarity Program မှ တာဝန်ခံအရာရှိနှင့် တွေ့ဆုံ၍ International Olympic Council (IOC) (NOC)အိုလံပစ်အဖွဲ့ဝင်နိုင်ငံအသီးသီးသို့ စီမံချက် လုပ်ငန်းအလိုက် ထောက်ပံ့ပေးအပ် လျက်ရှိသော အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးခဲ့ခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဤကဲ့သို့ Olympic Solidarity Program မှ နိုင်ငံအသီးသီးရှိ အိုလံပစ်ကော်မတီများသို့ ပေးအပ်နေသည့် ပံ့ပိုးမှုများ၊ ပညာတော်သင်အခွင့်အလမ်း များကို သိရှိရယူနိုင်ရေးအတွက် အင်တာနက်ကွန်ရက်ကို အသုံးပြုကာ စောင့်ကြည့်လေ့လာမည့် အဖွဲ့တစ်ခုဖွဲ့စည်း၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီသည့် အားကစားဥပဒေ (Sports Law) ထွက်ပေါ်လာခြင်းဖြင့် အားဖြည့်လုပ်ဆောင်ရမည့် ကဏ္ဍအလိုက် လုပ်ငန်းများကို သိရှိလုပ်ဆောင်နိုင်ပြီး နိုင်ငံတော်၏ ပံ့ပိုးမှုများကိုလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ အိုလံပစ်ရန်ပုံငွေများကိုလည်း လက်ရှိရရှိမှု အခြေအနေ၊ အသုံးပြုမှုအခြေအနေများကို ဆန်းစစ်၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ပညာတော်သင်အခွင့်အလမ်းများကို ရယူလျှောက် ထားနိုင်ရေးအတွက် အားကစားနှင့် ကာယပညာဦးစီးဌာန မှ ဝန်ထမ်း၊ အားကစားသမားများနှင့် နည်းပြများအနေ ဖြင့်လည်း အင်္ဂလိပ်ဘာသာစကားကို ပိုမိုကျွမ်းကျင် တတ်မြောက်စေရေး ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပြီး ဦးစီးဌာနအနေဖြင့်လည်း ပံ့ပိုးမှုများဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍကြီး စနစ် တကျဖြင့် ပိုမိုအောင်မြင်ဖြစ်ထွန်းလာစေရေး ဝန်ကြီးဌာန၊ အား/ကာအဖွဲ့ချုပ်အသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များမှ လူမှုရေးဝန်ကြီးများအားလုံး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုပါကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment