Thursday, July 4, 2019

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ကိုရီးယားသံအမတ်ကြီးနှင့် ဗြိတိန်သံအမတ်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ
Image may contain: 8 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Lee Sang-hwa နှင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Daniel Patrick Chugg တို့အား ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံ သည်။
ဆွေးနွေး
ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံစဉ် ဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုတို့ကို အထောက်အကူဖြစ်စေမည့်ဥပဒေမူဘောင်များ ပြဋ္ဌာန်းဆောင်ရွက်ရာတွင် အတွေ့အကြုံများ ဖလှယ်ရေး လုပ်ငန်းများ၊ ကိုရီးယားနိုင်ငံ ဥပဒေပြုရေးဝန်ကြီးဌာန နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်းတည်ထောင် ထားသည့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ်ဖြင့် ဥပဒေအသိပညာပြန့်ပွားရေးဆောင်ရွက်မှု၊ နည်းပညာ အသုံးပြု၍ ကျူးလွန်သည့် မှုခင်းများကို အရေးယူဆောင် ရွက်ရာတွင် ဥပဒေအရာရှိများကို လုပ်ငန်းကျွမ်းကျင်မှု တိုးတက်ရေးအတွက် ကိုရီးယားနိုင်ငံ၌ သင်တန်းပေးခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ကူညီမည့်ကိစ္စများ ဆွေးနွေး
ဗြိတိန်နိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံစဉ် တရား ဥပဒေစိုးမိုးရေးဌာနများ ဆက်လက်အကောင်အထည်ဖော် ရေးအတွက် ဗြိတိန်နိုင်ငံသံရုံးနှင့် International Development Law Organization(IDLO) တို့အကြား သဘော တူစာချုပ်ချုပ်ဆိုပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဦးစားပေးဆောင်ရွက်လိုသည့် ကိစ္စရပ်များ ကို ဆက်လက်ကူ ညီဆောင်ရွက်မည့်ကိစ္စများနှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment