Thursday, July 4, 2019

မြန်မာနိုင်ငံ အမျိုးသမီးများနေ့အခမ်းအနား ကျင်းပ
Image may contain: 3 people, people smiling, people standing
နေပြည်တော် ဇူလိုင် ၃
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင် မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန(MICC-2)၌ ကျင်းပသည်။
မှတ်တမ်းဗီဒီယိုအား ပြသ
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက် မှတ်တမ်းဗီဒီယိုအား ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြား ပြီး Women of Future (SEA) ဆုရရှိသူ ရန်ကုန်တိုင်း ဒေသကြီး တောင်သူပညာပေးအဖွဲ့ (Proximity Designs) မှ အထွေထွေမန်နေဂျာ မဖြူနှင်းငြိမ်း၊ ကြက်တောင်အားကစားထူးချွန်ဆုရရှိသူ ရန်ကုန်မြို့မှ မသက်ထားသူဇာ ကိုယ်စား ၎င်း၏ဖခင် ဦးထွန်းထွန်းဇော်၊ အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်း တိုင်းဒေ သကြီး ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက် စိုးထွန်း၊ ဒုတိယဆု ရရှိသည့် မကွေးမြို့ သင်ကြားရေးဆေးရုံကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာ ရေးကြီးကြပ်(၂) ဦးအောင်စည်သူ၊ တတိယဆု ရရှိသည့် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ ဘွဲ့လွန် ကျောင်းသား မောင်ရဲမင်းထက်တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ဂုဏ်ပြုဆုများချီးမြှင့်
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ထူးချွန်ရဲမေဆု ရရှိသူ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပြင်ဦးလွင် မြို့မရဲစခန်းမှ ဒု-ရဲအုပ် ဒေါ်အေးစံပယ်၊ ထူးချွန်မီးသတ် ရဲမေ ဆုရရှိသူ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယဦးစီးမှူး ဒေါ်လွင်လွင်သူ၊ ထူးချွန်ကြက်ခြေနီဆု ရရှိသူ မွန်ပြည်နယ်တပ်ဖွဲ့ခွဲမှူး ဒေါ်သီသီမွန်၊ မသန်စွမ်း ထူးချွန်ဆုရရှိသူ မကွေးမြို့ အရှေ့သီရိရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ စေတနာ့ဝန်ထမ်းဆရာမ ဒေါ်အိအိညိမ်းတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုး အောင်က မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အခြေခံပညာအထက်တန်းကျောင်း(၆)မှ မထက်ဆုပန်၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ် မုဒုံမြို့ အခြေခံပညာအထက်တန်းကျောင်း(၁)မှ မအေးမြတ်နိုးသူ၊ တတိယဆုရရှိသူ ကရင်ပြည်နယ် ဘားအံမြို့ အခြေခံပညာ အထက်တန်းကျောင်း(၄)မှ မချောသန္တာမိုးမြင့်တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝိဇ္ဇာတွဲ အမှတ်အများဆုံး ရရှိသူ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် တောင်တက်ရိုး အခြေခံပညာအထက်တန်းကျောင်းမှ မသဇင် ဝင်း၊ သိပ္ပံတွဲတွင် ဒုတိယအမှတ်အများဆုံးရရှိသူ မန္တလေးတိုင်းဒေသကြီး CAE ကိုယ်ပိုင်အထက်တန်း ကျောင်းမှ မဟန်နီထွန်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသမီး နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က သိပ္ပံတွဲတွင် ဒုတိယအမှတ် အများဆုံးရရှိသူ မန္တလေးတိုင်းဒေသကြီး CAE ကိုယ်ပိုင် အထက်တန်းကျောင်းမှ မယမုံသွင်တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ထို့နောက် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့လေးဖွဲ့မှ တာဝန်ရှိသူများက စကားဝိုင်းဆွေးနွေးခြင်းအစီအစဉ်တွင် "အမျိုးသမီးများနှင့် ရာသီဥတုပြောင်းလဲမှု"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူအဖြစ် အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ Facilitator အဖြစ် AICS မှ National Coordinator ဒေါ်ချိုချိုရီ၊ ပါဝင် ဆွေးနွေးသူ များအဖြစ် ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးသွယ်၊ သစ်တောဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာ မူမူအောင်၊ သဘာဝပတ်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသူဇာဝင်း၊ ဧသုခလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးမြင့်တင်(ခ)ဦးအောင်မြင့်တို့က လည်းကောင်း။
ဆွေးနွေး
"အမျိုးသမီးနှင့်မီဒီယာ"ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးသူ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက် ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူ၊ Facilitator အဖြစ် ဒေါ်စုစုမာ၊ ပါဝင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူ ဒေါ်သိလ္လာစိုး၊UNESCO မှ Project Officer ဒေါ်နိုင်နိုင်အေး၊ ရုပ်ရှင်ဒါရိုက်တာ ဒေါ်ခရစ္စတီးနားခီ၊ Myanmar Women Journalists Society မှ ဒေါ်ထက်ထက်တို့က လည်းကောင်း။
"၂၀၁၉ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်း အနားတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ Facilitator အဖြစ် UN Women မှ ဒေါ်သင်းသင်းအောင်၊ ပါဝင်ဆွေးနွေး သူများအဖြစ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်း၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ကြည်ချယ်ရီ၊ WON မှ ဒေါ်သူဇာတင်၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ကော်မတီမှ ဒေါ်လှိုင်ယဉ်နွယ်တို့က လည်းကောင်း။
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်
"သက်ဆိုင်ရာကဏ္ဍများတွင် ကျား၊ မရေးရာ ထည့်သွင်းဆောင်ရွက်ခြင်း" ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးသူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်း၊ Facilitator အဖြစ် AICS မှ National Coordinator ဒေါ်နော်အေးအေးလှိုင်၊ ပါဝင်ဆွေးနွေးသူများအဖြစ် ပညာရေးသုတေသနစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူး ဒေါ်ခင်ယုံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နယ်လီစန်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်နွယ်နီအုန်း၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ပူးတွဲသဘာပတိ ဒေါ်နွယ်ဇင်ဝင်းတို့ကလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်အဖြစ် တေးသံရှင်အဆိုတော် ပိုးမီက "မြန်မာအမျိုးသမီးများနေ့" သီချင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ဝူရှုးအားကစားသရုပ်ပြအက၊ အမျိုးသမီးအဖွဲ့များကွန်ရက် မှ "မရှိတာထက် မသိတာခက်"ပြဇာတ်၊ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်မှ "မြန်မာအမျိုးသမီးများနေ့ သံချပ်"၊ သမီးလေး မသီရိဖြူစင်က"အမေစုပါနော်" သီချင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ "အားလုံးရဲ့အိမ်"ပြဇာတ်တို့ဖြင့် ဖျော်ဖြေဧည့်ခံကြပြီး မြန်မာနိုင်ငံ အမျိုးသမီးများနေ့အခမ်း အနား အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ သူများအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment