Wednesday, July 24, 2019

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယားနိုင်ငံသံအမတ်ကြီးMr. Miodrag Nikolin အား လက်ခံတွေ့ဆုံ





နေပြည်တော် ဇူလိုင် ၂၃


 

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဆားဗီးယားနိုင်ငံသံအမတ်ကြီး Mr. Miodrag Nikolinအား ယနေ့ မွန်းလွဲ ၂ နာရီက အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် သံအမတ်ကြီးက အောက်တိုဘာ ၁၃ ရက်မှ ၁၇ရက်အတွင်း ဆားဗီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့တွင် ကျင်းပမည့် (၁၄၁)ကြိမ်မြောက် ညီလာခံ နှင့် Inter-Parliamentary Union (IPU)အစည်းအဝေးများသို့ တက် ရောက်ပေးပါရန် ဆားဗီးယားနိုင်ငံ အမျိုးသားညီလာခံ ဥက္ကဋ္ဌ Mrs. Maja Gojkovic က ဖိတ်ကြားသည့် ဖိတ်ကြား စာအားပေးအပ်၍ နှစ်နိုင်ငံ အကျိုးနှင့် စပ်လျဉ်းသည့် ချစ်ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment