Wednesday, July 24, 2019

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း မီဒီယာ၏အခန်းကဏ္ဍအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ





Image may contain: 24 people, people smiling, people standing and indoor
နေပြည်တော် ဇူလိုင် ၂၃



၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလအတွင်း မီဒီယာ၏အခန်းကဏ္ဍအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နှင့် ကော်မရှင်အဖွဲ့ ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) မှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် သတင်းမီဒီယာ၏အခန်း ကဏ္ဍသည် အရေးပါကြောင်း၊ ပြည်သူ လူထုတစ်ရပ်လုံး ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ဗဟုသုတရရှိစေရန် ဆောင်ရွက်သည့်လုပ်ငန်း (Civic Education) နှင့်ဆန္ဒမဲပေးမည့်မဲဆန္ဒရှင် များအားမဲပေးခြင်းဆိုင်ရာ အသိပညာ ပေးဆောင်ရွက်သည့်လုပ်ငန်း(Voter Education) များ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းက ဆောင်ရွက်၍မရပါကြောင်း၊ ရွေးကောက် ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အဓိကကျသည့် သတင်းမီဒီယာ၏ အကူအညီများစွာ လိုအပ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲမှစတင်၍ ပြည်တွင်း/ ပြည်ပသတင်းမီဒီယာများကို ဖိတ်ကြား ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင်အဆင်ပြေချောမွေ့စွာ သတင်းရယူနိုင် ရန်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ယခင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံညှိနှိုင်းခဲ့ပါကြောင်း၊ ညှိနှိုင်းချက်များအရ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအနေဖြင့် မြန်မာသတင်း မီဒီယာသမားများအတွက် ရွေးကောက် ပွဲဆိုင်ရာ လမ်းညွှန်များ၊ သတင်းမီဒီယာ ကျင့်ဝတ်များကို ပြုစုရေးသားဖြန့်ဝေပေး ခဲ့သည့်အတွက် ရွေးကောက်ပွဲတွင် သတင်းရယူရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့ခဲ့ပြီး ကော်မရှင် အတွက် များစွာအထောက်အကူပြုခဲ့ပါ ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်း မြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေမှုဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ပါ ကြောင်း၊ ကော်မရှင်၏လုပ်ဆောင်ချက် များ၊ ပြည်သူလူထုတစ်ရပ်လုံး သိသင့် သည့် သတင်းများ၊ ကြေညာချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်းကို နိုင်ငံပိုင် သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် UEC Website တို့မှအခါအားလျော်စွာ ထုတ်လွှင့် ဖော်ပြပေးလျက်ရှိပါကြောင်း။
ကော်မရှင်၏ပြောရေးဆိုခွင့်ရှိသူ အဖြစ် ကော်မရှင်အဖွဲ့ဝင်တစ်ဦးကိုတာဝန် ပေးထားပြီးလိုအပ်ပါက သတင်းစာ ရှင်းလင်းပွဲများကို ကျင်းပပေးလျက်ရှိပါ ကြောင်း၊ သတင်းမီဒီယာများအနေဖြင့် နိုင်ငံတော်အကျိုးအတွက် မျှော်ကိုးပြီး ရွေးကောက်ပွဲနှင့်ဆိုင်သည့် မှန်ကန်မှု ရှိသော သတင်းအချက်အလက်များကို ပြည်သူလူထုသိရှိစေရန် ဆောင်ရွက်ပေး စေလိုပါကြောင်း၊ သတင်းအမှားများနှင့် အမုန်းစကားများ ပြည်သူလူထုထံရောက် ရှိပါက ရွေးကောက်ပွဲတွင်မလိုလား အပ်သည့် ပဋိပက္ခများဖြစ်လာနိုင်သော ကြောင့် သတင်းမီဒီယာများအနေဖြင့် ဘက်လိုက်ရေးသားမှုမျိုး မဖြစ်စေရန်နှင့် သတင်းတစ်ပုဒ်၏တန်ဖိုးကိုအလေးထား ရန် တိုက်တွန်းလိုပါကြောင်း၊ ရွေးကောက် ပွဲသတင်းများ ရေးသားဖော်ပြရာတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့် သတင်းမီဒီယာ ကျင့်ဝတ်နှင့် ရွေးကောက်ပွဲဆိုင်ရာ လမ်းòန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း။
၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစု ခြင်း နှစ်အဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မဲဆန္ဒရှင် ပြည်သူများ အတွက်မဲစာရင်းပြုစုရာတွင် ပူးပေါင်း ပါဝင်လာစေရန်၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာတွင် ပြည်သူများ ကြည့်ရှုစေရန်နှင့် ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်မှုများ ပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ သိရှိနားလည်စေရန် သတင်းမီဒီယာသမားများ အနေဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြော ကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာ၀တီ- ဦးအုန်းကြိုင်) နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေး မှုအဖွဲ့အစည်း (ယူနက်စကို) မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်Ms. Min Jeong Kim တို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာကြသူ များက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလတွင် မီဒီယာအခန်း ကဏ္ဍအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီတို့ ပူးပေါင်းဆောင်ရွက် ရေးနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
သတင်းစဉ်

No comments:

Post a Comment