Saturday, July 6, 2019

ရုပ်သံလွှင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
=
Image may contain: one or more people and indoorနေပြည်တော် ဇူလိုင် ၅

ရုပ်သံလွှင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်
အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မြန်မာ-ဂျပန် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကဏ္ဍအသီးသီး၌ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်မှု များအနက် ရုပ်သံလွှင့်မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်မှုသည်လည်း အရေးပါသည့် ပူးပေါင်းဆောင် ရွက်မှုဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများ ဖြင့် မြန်မာနိုင်ငံ၏ ရောင်စုံရုပ်မြင်သံကြားစနစ်ကို စတင် ထုတ်လွှင့်နိုင်ခဲ့ခြင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတွင် အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း၊ ရုပ်သံလွှင့်မီဒီယာ၏ အခန်းကဏ္ဍသည် နှစ်နိုင်ငံပြည်သူ များအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၊ အပြန် အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက် များစွာအရေးပါပါကြောင်း၊ ထို့ကြောင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလွှင့်မီဒီယာကဏ္ဍ အရည်အသွေးမြှင့်တင်နိုင်ရေး လိုအပ်ချက်များအား ပွင့်လင်း စွာ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ JICA Myanmar Offi ce မှ Mr. Masayuki Karasawa က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA)နှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတို့မှ တာဝန်ရှိသူများက JICA နှင့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း ဆောင်ရွက်ခဲ့မှုများနှင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်/သံ ထုတ်လွှင့် မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဂျပန်ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲလျက်ရှိသည့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ အခြေခံကျင့်ဝတ်များမူကြမ်း၊ သတင်းထောက်လက်စွဲ မူကြမ်း၊ ရုပ်သံလွှင့် လမ်းòန်စာစောင်မူကြမ်းနှင့် ပြည်သူ့ အကျိုးပြုအစီအစဉ်များ၊ တိုးချဲ့ထုတ်လွှင့်ရေး အကြံပြုချက် မူကြမ်းများကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲတွင် JICA ၏ အစီအစဉ် ဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလွှင့်ကဏ္ဍ အရည်အသွေးမြှင့်တင်ရေး ထောက်ပံ့ကူညီဆောင်ရွက် နေမှုများ၊ ပြည်သူ့အကျိုးပြု အစီအစဉ်ထုတ်လုပ်ပုံလုပ်ငန်း စဉ်နှင့် စီမံကိန်းလေးနှစ်မြောက်ကာလ လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေး
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် ဖွံ့ဖြိုးမိတ်ဖက်အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြ သည်။
JICA နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအနေဖြင့် ဆေးရောင်စုံရုပ်မြင်သံကြားအစီအစဉ် ထုတ်လွှင့်ရန် အတွက် ဂျပန်နိုင်ငံ Japanese Sasakawa Founda- H tion နှင့် JICA ၏ ODA အထောက်အပံ့များဖြင့် ၁၉၈၀ ပြည့်နှစ်တွင် ပထမဆုံး စတင်ထုတ်လွှင့်နိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် ဂျပန်နိုင်ငံယဉ်ကျေးမှု ဆိုင်ရာ ရန်ပုံငွေအထောက်အပံ့ဖြင့် NHK မှ ရုပ်သံလွှင့် အစီအစဉ် ၃၈၃ ခုအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
စီမံကိန်း၏ စတုတ္ထမြောက်နှစ်ဖြစ်
ယခုတတိယအကြိမ်အဖြစ် ဂျပန်နိုင်ငံအစိုးရ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အကူအညီဖြင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံအစီအစဉ် အရည်အသွေး များ တိုးတက်မြင့်မားရေး၊ ဝန်ထမ်းများအား လိုအပ်သည့် လေ့ကျင့်သင်တန်းပေးရေးနှင့် ပြည်သူ့အကျိုးပြုအစီအစဉ် များ တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် လေးနှစ်စီမံကိန်း ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်သည် စီမံကိန်း၏ စတုတ္ထမြောက်နှစ်ဖြစ်သည်။
တစ်ဆက်တည်းတွင် စတုတ္ထအကြိမ်အဖြစ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလွှင့်စက်ပစ္စည်းများနှင့် ရိုက်ကူးရေးစတူဒီယိုများ အဆင့်မြှင့်တင်ခြင်းကို ဂျပန်နိုင်ငံ ၏ JICA ODA Grant အထောက်အပံ့ဖြင့် ဆောင်ရွက် လျက်ရှိပြီး ယခုနှစ်အတွင်း ရုပ်သံလွှင့်စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment