Saturday, July 6, 2019

Vision 2020 တွင်ပါဝင်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများ မြန်မာနိုင်ငံရွေးကောက်ပွဲများအတွက် အရေးကြီးအချက်(၅)ချက်နှင့်စပ်လျဉ်း၍ ကဏ္ဍစုံမှ ဆက်စပ်ပတ်သက်သူများအကြား ဆွေးနွေးပွဲကျင်းပ
Image may contain: 2 people, people sitting, people standing, wedding, table and indoor
နေပြည်တော် ဇူလိုင် ၅
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် အရပ်ဘက်လူမှုအဖွဲ့အစည်း များပါဝင်သော Vision 2020 က မြန်မာနိုင်ငံ ရွေးကောက်ပွဲများအတွက် အရေးကြီးအချက် (၅)ချက်နှင့် ပတ်သက်၍ ကဏ္ဍစုံမှ ဆက်စပ် ပတ်သက်နေသူများအကြား ဆွေးနွေး ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင် ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။
စံ(၅)ချက်နှင့်အညီ ကျင်းပပေးမည်
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ရွေးကောက်ပွဲကော်မရှင် နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ သည် မိတ်ဖက်များဖြစ်ကြသည့် အားလျော်စွာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် မှတ်ကျောက် တင်ရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ် မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒ နှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ် တည်း ဖြစ်စေရေးဆိုသည့် စံ(၅)ချက် နှင့်အညီ ကျင်းပပေးမည်ဖြစ်ကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း ( ၂၀၁၉-၂၀၂၂ ) တွင် အမျိုးသမီးများ၊ တိုင်းရင်းသားလူမျိုးများနှင့် မသန် စွမ်းသူများအားလုံး ပါဝင်ဆောင်ရွက် မှုမြှင့်တင်ရန်အတွက် ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများနှင့် ဆက်ဆံခြင်း၊ အားလုံးပါဝင်မှုမြှင့်တင်ခြင်း အခန်း များ ထည့်သွင်းရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင် စာရင်း ပြုစုခြင်းနှစ်အဖြစ် သတ်မှတ် ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း။
ကျရာကဏ္ဍက တာဝန်ယူဆောင်ရွက်
ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှု၊ သမာသမတ်ကျမှု ကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက ကြီးကြပ်ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များကို ခွင့်ပြုပေး မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း၊ လက်ရှိအခြေ အနေအရ နိုင်ငံတော်အစိုးရ၊ ပြည်သူ နှင့် နိုင်ငံရေးပါတီအားလုံးတို့သည် ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော် တည်ဆောက်နိုင်ရေး ရည်ရွယ်ချက် တူညီစွာဖြင့် ပူးပေါင်းဆောင်ရွက်ရန် အချိန်အခါ ကျရောက်နေပြီဖြစ်သည့် အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံကြီးသားပီသစွာ ကျရာကဏ္ဍက တာဝန်ယူဆောင်ရွက် ပေးပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေး
ယင်းနောက် တက်ရောက်လာကြ သူများက မြန်မာနိုင်ငံရွေးကောက်ပွဲ များအတွက် အရေးကြီးအချက်များ နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment