Saturday, July 6, 2019

အစိုးရ၏ တရားဝင်ရပ်တည်ချက်သဘောထားမှာ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုများအပေါ်တွင် ထိပါးလာနိုင်သည့် လုပ်ရပ်မှန်သမျှကို လုံးဝလက်မခံ
Image may contain: one or more people and people on stage
နေပြည်တော် ဇူလိုင် ၅
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ သတင်း မီဒီယာများနှင့်တွေ့ဆုံပြီး ကလေး သူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်း၊ Wisdom Hil မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စအပေါ် အရေးယူဆောင်ရွက် သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အထူးကိစ္စရပ်အနေဖြင့် ဖိတ်ခေါ်ထား
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ပွဲသည် နိုင်ငံတော်သမ္မတအိမ်တော်တွင် ပုံမှန်ကျင်းပပြုလုပ်နေကျ ဖြစ်သည့် (Press Briefing) ဖြစ်ပါကြောင်း၊ ယခုအပတ် တွင် ဧည့်သည်တော်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြတို့ကို အထူးကိစ္စရပ် အနေဖြင့် ဖိတ်ခေါ်ထားပါကြောင်း။
ပထမဦးဆုံး တင်ပြလိုသည်မှာ Wisdom Hill ကျောင်းကိစ္စဖြစ်ပါကြောင်း၊ ယင်းကျောင်းကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို အားလုံးသိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ယင်းကိစ္စနှင့်ပတ်သက်ပြီး မျက်ကွယ်ပြုမထားပါကြောင်း၊ လျစ်လျူရှုမထားပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူများကို ယင်းကိစ္စနှင့်ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်အောင် အားလုံး ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ တချို့အကြောင်းအရာများကိုလည်း Facebook တွင် ရေးသား တင်ပြထားပြီးဖြစ်ပါကြောင်း။
ပြန်လည်လေ့လာသုံးသပ်
နံပါတ် ၂ အချက်မှာ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေကြမ်းကိစ္စဖြစ်ပါကြောင်း၊ ယင်းဥပဒေကြမ်း နှင့်ပတ်သက်ပြီး လတ်တလော ဆန္ဒပြမှုများ ဖြစ်ပေါ်နေ ပါကြောင်း၊ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က ဇွန် ၇ ရက် ရက်စွဲဖြင့် ပေးပို့လာပါကြောင်း၊ ယင်းဥပဒေကြမ်း နိုင်ငံတော်သမ္မတထံရောက်သည့် အခါတွင် ပြန်လည်လေ့လာသုံးသပ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်၏ သဘောထားနှင့် ဥပဒေဆိုင်ရာ အကြံပြုချက်များကို ရယူပါကြောင်း၊ ယင်းဥပဒေကြမ်းကို ဇွန် ၁၈ ရက်တွင် သဘောထားမှတ်ချက် ၃ ခုဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ပါကြောင်း၊ သဘောထားမှတ်ချက် နံပါတ်တစ်မှာ ယာယီ စောင့်ရှောက်ရေးဂေဟာဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် တွင် ဝန်ကြီးဌာနဆိုသည့် စကားရပ်နှင့်ပတ်သက်ပြီး ထုတ်ပယ်သင့်၊ မသင့် ဖြစ်ပါကြောင်း၊ နံပါတ်နှစ် သဘောထားမှတ်ချက်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆိုသည့် စကားရပ်နှင့်ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟု ပြင်ဆင်ရန် သင့်၊ မသင့် ဖြစ်ပါကြောင်း၊ နံပါတ်သုံး သဘောထားမှတ်ချက်မှာ ဥပဒေကြမ်း အပိုဒ် ၇၆ တွင် အရေးအသားပိုင်းဆိုင်ရာများ ပြင်သင့်၊ မပြင်သင့် ဖြစ်ပါ ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ကြမ်းနှင့်ပတ်သက်ပြီး လတ်တလော ဝေဖန်မှုများရှိပါ ကြောင်း၊ ယင်းအပေါ် တချို့ကိစ္စရပ်များကို အမေး၊ အဖြေ ကဏ္ဍတွင် အသေးစိတ်ရှင်းပြပေးသွားမည်ဖြစ်ပါကြောင်း။
အလွတ်သဘော တွေ့ဆုံဆွေးနွေး
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးပြီးသားအဖွဲ့များနှင့် ဆွေးနွေးရန် အစီ အစဉ်များရှိပါကြောင်း၊ ဇူလိုင် ၁၁ ရက်တွင် RCSS နှင့် NRPC နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ပါကြောင်း၊ ဇူလိုင် ၁၂ ရက်တွင် RCSS နှင့် တပ်မတော်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ တွေ့ဆုံမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခု မှာ NCA လက်မှတ်မရေးထိုးရသေးသည့် KNPP အဖွဲ့ ဖြစ်ပါကြောင်း၊ ဇူလိုင် ၁၇ ရက်တွင်KNPP အဖွဲ့နှင့် NRPC တို့ နေပြည်တော်တွင် တွေ့ဆုံကြမည်ဖြစ်ပါ ကြောင်း၊ ဇူလိုင် ၁၈ ရက်တွင် KNPP နှင့် တပ်မတော်ညှိ နှိုင်းဆွေးနွေးရေးအဖွဲ့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ လာမည့်ရက်သတ္တပတ်အတွင်းမှာလည်း KNU နှင့် ရန်ကုန်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး ရန်ရှိပါကြောင်း။
နောက်တစ်ခုမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့လေးဖွဲ့ ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့ လေးဖွဲ့နှင့် အစိုးရကိုယ်စားလှယ် အဖွဲ့ဖြစ်သည့် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့တို့ ပြီးခဲ့သည့် မိုင်းလားပွဲတွင် တွေ့ဆုံခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံပြီး အစိုးရဘက်က ငြူအေနမေူ ဃနျေန်ငမန ဗါမနနာနညအ နှင့်ပတ်သက်သည့် မူကြမ်းများ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ ပေးပို့ထားသည့်အပေါ် ယင်းလေးဖွဲ့က ပြန်ပြီးသုံးသပ်မည်ဖြစ်ပါကြောင်း၊ အစောဆုံးအားဖြင့် ဇူလိုင် ၁၄ ရက်၊ ၁၅ ရက်တွင် ပြန်ပြီးအကြောင်းပြန်ရန်နှင့် နောက်အကျဆုံး ဇူလိုင်လကုန်တွင် နောက်ထပ်တွေ့ဆုံရန် နေရာနှင့်ရက်စွဲများ ပြန်ကြားပေးရန် ညှိနှိုင်းနေဆဲဖြစ် ပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ òန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြတို့က Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စအပေါ် အရေးယူဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာသည့် သတင်းမီဒီယာများက မေးခွန်းများ မေးမြန်းကြရာ အမေရိကန် အောက်လွှတ်တော်အမတ်ပြောကြားသည့် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် မည်သို့တုံ့ပြန်မည်ကို သိရှိလိုခြင်းနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသည့် မွေးဖွား ခြင်း၊ မွေးစာရင်းမှတ်ပုံတင်ခြင်း၊ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ မေးခွန်းနှင့်စပ်လျဉ်း၍ òန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းကိစ္စသည် အမေရိကန် အောက်လွှတ်တော်အမတ် တစ်ဦး၏ ပြောကြားချက်သာဖြစ်ပါကြောင်း၊ အမေရိကန် အစိုးရ၏ သဘောထားမဟုတ်ပါကြောင်း၊ အမေရိကန်နိုင်ငံ state department တွင်ပြုလုပ်သည့် တောင်အာရှနှင့် ဗဟိုအာရှတို့နှင့်ပတ်သက်၍ မူဝါဒများဆွေးနွေးသည့် အခမ်းအနားတွင် အမေရိကန်နိုင်ငံ၏ တောင်အာရှနှင့် ဗဟိုအာရှဆိုင်ရာ ယာယီလက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက နိ်ုင်ငံတစ်နိုင်ငံ၏ နယ်မြေ တည်တံ့ခိုင်မြဲခြင်းကို ထောက်ခံခြင်းသည် အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်ဖြစ် သည်ဟု ပြန်လည်ရှင်းလင်းခဲ့ပါကြောင်း၊ အမေရိကန်အစိုးရ ၏ သဘောထားကို ထိုဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ်ပါ ကြောင်း။
အမေရိကန် အောက်လွှတ်တော်အမတ်အနေဖြင့် ချဲ့ကားရေးသားထားသည့် သတင်းအချက်အလက်များ အပေါ်တွင် အခြေခံထားသည်ဟု ယူဆပါကြောင်း၊ အစိုးရ၏ တရားဝင်ရပ်တည်ချက်သဘောထားမှာ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုများအပေါ်တွင် ထိပါးလာနိုင်သည့် လုပ်ရပ်မှန်သမျှကို လုံးဝ လက်မခံပါကြောင်း၊ အစိုးရအနေဖြင့် ထိုအတိုင်း ရပ်တည် သွားမည်ဖြစ်ပါကြောင်း။
မွေးစာရင်းသွင်းရုံဖြင့် နိုင်ငံသားမဖြစ်
မွေးစာရင်းနှင့်ပတ်သက်၍ မွေးစာရင်းတွင် ဤလက်မှတ်သည် နိုင်ငံသားဖြစ်မှုအတွက် သက်သေခံ အလျှင်း မဖြစ်စေရဟု မင်နီဖြင့်ရေးသားထားပါကြောင်း၊ ဆိုလိုသည်မှာ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုနှင့်မဆိုင်ဘဲ မွေးဖွားသည့် အထောက်အထားအချက်အလက်သာ ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ကြမ်း ပုဒ်မ ၂၂ တွင် မွေးဖွားကြောင်းမှတ်ပုံတင်သည့် ကလေးသူငယ်များသည် နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့် အရေးကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရရှိ စေရမည်ဟု ပါဝင်ပါကြောင်း၊ မွေးစာရင်းမှတ်ပုံတင်ထား သည့်ကလေးသည် မွေးစားသည်ဖြစ်စေ၊ အခြားနေရာသို့ ရောက်ရှိသည်ဖြစ်စေ ၎င်း၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေဖြစ်သည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ကလေးငယ်တစ်ဦးကို မွေးစာရင်းပေးရုံဖြင့် နိုင်ငံသားလုံးဝမဖြစ်ပါကြောင်း၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စသည်ဖြင့် မည်သို့မွေးစားသည် ဖြစ်စေ နိုင်ငံသားမဟုတ်သည့် ကလေးငယ်သည် မည် သည့် နည်းနှင့်မျှ နိုင်ငံသားမဟုတ်ဘဲ မွေးစာရင်းသွင်းရုံ ဖြင့် နိုင်ငံသားမဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် Wisdom Hill မူကြိုကျောင်းကိစ္စကို အစိုးရအနေဖြင့် မည်သို့အရေးယူဆောင်ရွက်ရန် ရှိကြောင်းနှင့် ယင်းဖြစ်စဉ်အပေါ် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က မည်သို့òန်ကြား ထားသည်ကို သိလိုကြောင်း၊ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေကြမ်း၏ ပုဒ်မ ၃၂ (ခ)တွင် မွေးစားခံရ သည့် ကလေးများသည် သားသမီးအရင်းများနှင့်အတူတူ အခွင့်အရေးရရှိစေရမည်။ အမွေဆက်ခံပိုင်ခွင့်ရှိရမည်။ ထို့ပြင် အခြားသောအခွင့်အရေးများ တန်းတူရရှိရမည်ဟု ပါရှိသည့်အတွက် ဖော်ပြထားသည့် အခြားသောအခွင့် အရေးများဆိုသည်မှာ မည်သို့သောအခွင့်အရေးများ ဖြစ်သည်ကို သိရှိလိုကြောင်း၊ မွေးစာရင်း၊ မွေးစားခြင်းနှင့် နိုင်ငံသားဖြစ်ခြင်းကို ရောထွေးပြီးဝေဖန်ပြောဆို ဆန္ဒပြ မှုများရှိပါကြောင်းနှင့် ယင်းနှင့်ပတ်သက်၍ ရှင်းရှင်း လင်းလင်း သိရှိလိုကြောင်း မေးခွန်းများနှင့်ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Wisdom Hil မူကြိုကျောင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စတင်ဖြစ် ကတည်းက သိရှိပြီး တာဝန်ရှိသူများကို ညွှန်ကြားထားပါကြောင်း၊ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က အမှုဖြစ်စဉ်အပေါ် တောက်လျှောက် စောင့်ကြည့်နေပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး လျစ်လျူရှုထားခြင်း မရှိပါကြောင်း၊ မျက်ကွယ်ပြုထားခြင်းမရှိပါကြောင်း၊ အမှုမှန်ကို မြန်မြန် ဆန်ဆန် မှန်မှန်ကန်ကန် ဖော်ထုတ်ပြီး အရေးယူနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ တာဝန်ရှိသူများအားလုံးကို အလေး အနက်မှာကြားထားပြီးဖြစ်ပါကြောင်း။
မွေးစာရင်းထဲတွင် ဤလက်မှတ်သည် နိုင်ငံသားဖြစ်မှုအတွက် သက်သေခံ အလျှင်းမဖြစ်စေရဟု ရေးသား ထားပါကြောင်း၊ ဆိုလိုသည်မှာ မွေးစာရင်းသည် နိုင်ငံသားဖြစ်မှုနှင့် မဆိုင်ပါကြောင်း၊ မွေးစာရင်းသည် ကလေးသူငယ်၏ အထောက်အထားအတွက်ဖြစ်ပါကြောင်း၊ ပုဒ်မ ၂၁(ဃ)တွင် ထိုကလေးမွေးဖွား ကြောင်း မှတ်ပုံတင်ခြင်းသည် ကလေးသူငယ်၏ အသက်အတွက် သက်သေ အထောက်အထားဖြစ်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားပါကြောင်း၊ ကလေး ငယ်၏ အထောက်အထား၊ ယင်းအတွက်သာ မွေးစာရင်းထုတ်ခြင်း ဖြစ်ပါကြောင်း။
မည်သို့ပင် မွေးစားထား နိုင်ငံသားမဖြစ်
ကလေးတစ်ယောက်ကို မွေးစားခြင်းသည် သက်ဆိုင်ရာမိသားစု၏ အရေးကိစ္စဖြစ်ပါကြောင်း၊ မွေးစာရင်း ကိစ္စသည် ကလေးသူငယ်အခွင့်အရေး ကိစ္စဖြစ်ပါကြောင်း၊ အရေးကြီးသည်မှာ နိုင်ငံသားဖြစ်ခြင်း ကိစ္စဖြစ်ပြီး ယင်းမှာ နိုင်ငံတော်ကိစ္စဖြစ်ပါကြောင်း၊ နိုင်ငံတော်က ထိုအပိုင်းတွင် ပါလာပါကြောင်း၊ မွေးစာရင်းတွင် တင်ထားသည့် ကလေးသူငယ်ကို မိဘများက မည်သို့ပင် မွေးစားထားမွေးစားထား နိုင်ငံသားမဖြစ်ပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေအရပဲ ဖြစ်မည်ဖြစ်ပါကြောင်း။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ညွှန်းရခြင်းမှာ ပုဒ်မ ၂၂ တွင် မွေးဖွားကြောင်းမှတ်ပုံတင်သည့် ကလေးသူငယ်တိုင်းသည် နိုင်ငံသားဖြစ်မှု ဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရရှိစေရ မည်ဟု ပါရှိပါကြောင်း၊ မွေးစားသည့် ကလေးများနှင့်ပတ်သက်ပြီး တည်ဆဲ ဥပဒေသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၇၃ တွင် ပြဋ္ဌာန်းပါ ရှိပါကြောင်း၊ ယင်းပုဒ်မ ၇၃ တွင် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်းခံရသော နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူအဖြစ်ကို မရရှိစေရဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဆိုလိုသည်မှာ မွေးစားလိုက်သည့် ကလေးသည် အလိုအလျောက် နိုင်ငံသားဖြစ်မလာ ပါကြောင်း၊ မိဘက နိုင်ငံသားဖြစ်တိုင်း နိုင်ငံသား မဖြစ်ပါကြောင်း၊ မိဘက ဧည့်နိုင်ငံသားဖြစ်တိုင်း ဧည့်နိုင်ငံသား မဖြစ်ပါကြောင်း၊ မိဘက နိုင်ငံသား ပြုခွင့်ရသူဖြစ်တိုင်း နိုင်ငံသားပြုခွင့်ရသူ မဖြစ်ပါကြောင်း။
ရောထွေးပြီး ဝေဖန်ဆန္ဒပြနေ
၎င်းမွေးစားထားသည့် ကလေးငယ်များကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ နိုင်ငံသားဖြစ်၊ မဖြစ် ဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ မွေးစာရင်း၊ မွေးစားခြင်းနှင့် နိုင်ငံသားဖြစ်ခြင်းတို့ကို ရောထွေးပြီး ဝေဖန်ဆန္ဒပြနေပါ ကြောင်း၊ ယင်းဆန္ဒပြသူများသည် ဥပဒေကြမ်းတွင်ပါရှိသည့် ပုဒ်မများ၊ ဖော်ပြချက်များကို သေသေချာချာ ရှင်းရှင်း လင်းလင်း မသိရှိကြပါကြောင်း၊ ယင်းဥပဒေတွင်ပါသည့် တည်ဆဲဥပဒေနှင့်အညီ ဆိုသည်မှာ အနှစ်ချုပ်ဖြစ်ပါ ကြောင်း၊ တည်ဆဲဥပဒေဆိုသည်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် Wisdom Hil မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် အမှုကိစ္စ၊ ယင်းအမှုကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်နေမှု၊ သက်သေခံများ စစ်ဆေးတွေ့ရှိမှုနှင့် အရေးယူ ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ òန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြတို့က ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Wisdom Hil ကျောင်းကို ယခု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ယာယီပိတ်ထားပါကြောင်း၊ အဆိုပါဖြစ်စဉ်ဖြစ်သွားသည့်အတွက် Wisdom Hil ကျောင်းကို ခွင့်ပြုချက်ပေးမည် မဟုတ်ပါကြောင်း၊ Wisdom Hil တွင် မူကြိုကျောင်းအပြင် ထက်၊ လယ်၊ မူ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းလုပ် ထားသည်များ ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးက ပညာရေး ဝန်ကြီးကို ညွှန်ကြားလိုက်ပါကြောင်း၊ ပြန်စစ်ရန်နှင့် ပြန်စစ်ပြီးပါက စည်းမျဉ်း စည်းကမ်းနှင့် မကိုက်ညီ မှုများတွေ့ရှိပါက အရေးယူမည်ဖြစ်ပါကြောင်း၊ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း၊ ကလေး သူငယ်များကို အဆိုပါကျောင်းမျိုးတွင် ထားကြပါကြောင်း၊ ထားသည့်အတွက် အဆိုပါဖြစ် စဉ်မျိုးဖြစ်သည်ဟု စိစစ်ချက် အရ ပေါ်ပါကြောင်း၊ တရားရုံးတွင် ရောက်နေပြီဖြစ်ပါကြောင်း၊ တရားရုံးတွင် ရှင်းမည်ဖြစ်ကြောင်း၊ Wisdom Hil ကျောင်းသည် တရားဝင်ခွင့်ပြုချက်မရဘဲ ဖွင့်ထားခြင်းဖြစ်ကြောင်း၊ ခွင့်ပြုချက်မရဘဲ ဖွင့်ထားခြင်းဖြစ်သည့်အတွက် အရေးယူမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည်ကို မသိကျိုး ကျွန်ပြု သည့် သက်ဆိုင်ရာတာဝန်ရှိသူများကိုလည်း ပြောထားပါကြောင်း၊ ဖော်ထုတ်ပြီး မိမိတို့အရေး ယူမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေမှု၊ တိုက်ပွဲများရပ်တန့်ရန် အစီအစဉ် ရှိ၊ မရှိ၊ ရခိုင်ပြည်နယ်တွင် ဖြတ်တောက်ထားသည့် အင်တာနက် လိုင်းများ ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အစိုးရ၊ တပ်မတော်၊ AA အဖွဲ့တို့အကြား ညှိနှိုင်းဆွေးနွေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း ၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နံပါတ်တစ် တိုက်ပွဲများ ရပ်တန့်နိုင်ရန် အတွက် စားပွဲဝိုင်းဆွေးနွေးပွဲသို့ လာရောက်ရန် လိုအပ်ပါကြောင်း၊ ထို့အတွက် NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် မြောက်ပိုင်းအဖွဲ့ လေးဖွဲ့နှင့် Bilateral Ceasefire လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မူကြမ်းပေး ထားပြီးဖြစ်ပါကြောင်း၊ Bilateral Ceasefire Agreement ရရှိပါက တိုက်ပွဲများ ရပ်ဆိုင်း သွားမည်ဖြစ်ပါကြောင်း၊ ရခိုင် ဒေသတွင် တိုက်ပွဲများမဖြစ်ပွားရန် စားပွဲဝိုင်းဆွေးနွေးပွဲသို့ လာရောက်ရန် အရေးကြီးပါကြောင်း၊ ဆွေးနွေးပွဲမလာပါက အောက်ခြေတွင် တိုက်ပွဲများဖြင့် ရှည်ကြာနေမည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းပြတ်တောက်မှုမှာ ယာယီပိတ်ထား ခြင်း ဖြစ်ပါကြောင်း၊ ရက်အကန့်အသတ် သတ်မှတ်ထားခြင်း မရှိသေးပါ ကြောင်း၊ ထိုအပေါ် တွင်လည်း စဉ်းစားသုံးသပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ချိန်ကို အတိအကျ ပြောကြား၍မရပါကြောင်း၊ သို့သော် ယာယီ ပိတ်ထားခြင်းသာဖြစ်ပါကြောင်း။
တပ်မတော်မှ ကြေညာချက်ထုတ်ပြန်ထားသည့် စစ်တိုင်းကြီးငါးတိုင်း တွင် ကြေညာထားသည့်အတိုင်း အပစ်အခတ်ရပ်စဲသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် မပါဝင်ခြင်းနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ပြောကြားထားပြီး ဖြစ်၍ မိမိအနေဖြင့် ပြောကြားရန် မလိုပါကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် AA အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေနှင့်အညီဖြစ်ရမည်
ထို့နောက် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားမှုများတွင် အရပ်သား ထိခိုက်မှုများကို အစိုးရမှဆောင်ရွက်ပေးသွားမည့် အခြေအနေကို သိလို ကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ òန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အဓိက မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် တိုက်ပွဲများဖြစ်ပေါ်ပါက လူသေဆုံးမှုသည် သာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိပါကြောင်း၊ အလားတူသော ဖြစ်စဉ်မျိုးများ အခြားပြည်နယ် များတွင်လည်း ရှိခဲ့ပါကြောင်း၊ အထူးသဖြင့် နံပါတ်တစ်မှာ ဥပဒေနှင့်အညီ ဖြစ်ရမည်။ နံပါတ်နှစ်မှာ Human Right Violation လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိရန်နှင့် နံပါတ်သုံးမှာ ပြစ်တင်ဝေဖန်မှုများ ရှိနိုင်ပါကြောင်း၊ နှစ်ဖက်စလုံးတွင် စွဲချက်များရှိလာနိုင်သည့်အတွက် သတိထားပြီးလုပ်ရန် အစောကြီးကတည်းက ပြောထားပါကြောင်း၊ တိုက်ပွဲများဖြစ်လာလျှင်လည်း ဥပဒေနှင့် ညီ၊ မညီဆိုသည်ကိုသာ ရပ်တည်မည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ အဂတိနှင့်ငြိစွန်း၍ တိုင်ကြားခံရသည့် ပြည်ထောင်စု ဝန်ကြီးများ ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ òန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အပိုင်းက ဖြေရမည်ဖြစ်ပါကြောင်း၊ အချို့ကိစ္စများသည် မိမိတို့အစိုးရပိုင်းက လုပ်သည်များရှိပါကြောင်း၊ အချိန် တန်လျှင် ရှင်းပြမည်ဖြစ်ကြောင်း၊ အသိပေးမည်ဖြစ်ပါကြောင်း၊ လောလောဆယ် တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မူကြိုကျောင်းများ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းရာ ဦးဇော်ဌေးက အဓိကမှာ လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် ဘတ်ဂျက်ရရှိမှုအပေါ်မှုတည်ပြီး မူကြိုကျောင်းများ တိုးချဲ့ ဖွင့်လှစ်ပေးရန် ဆောင်ရွက်နေပါကြောင်း၊ တစ်ဖက်တွင်လည်း ကလေးသူငယ် များအတွက် ကျောင်းများ ဖွင့်လှစ်ပေးထားခြင်းသည် ကလေးများအတွက် မူကြိုကျောင်းတက်ခွင့် အခွင့်အလမ်းရရှိရန်ဖြစ်ကြောင်း။
မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ရန် အရေးကြီး
ဆက်လက်၍ နေပြည်တော်တွင် တရားမဝင်မူကြိုကျောင်း ဖွင့်ခွင့်ရနေ ခြင်းကို အမှုအခင်းဖြစ်မှသိရှိရမှု၊ အမှုကိုင်တွယ်နေသည့်အခြေအနေတွင် ရဲတပ်ဖွဲ့လုပ်ဆောင်နေမှုအခြေအနေ၊ တရားရုံးတွင် စစ်ဆေးထွက်ပေါ်လာ မည့် အခြေအနေတို့နှင့်ပတ်သက်သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ဦးဇော်ဌေး က နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန် မှာကြားချက်ကို အသေးစိတ်ပြောထားပြီးဖြစ်ကြောင်း၊ အဓိကမှာ ပြစ်မှုတစ်ခု ဖြစ်လာပါက မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ရန် အရေးကြီးပါကြောင်း၊ ထိုဖော် ထုတ်ချက်များမှာလည်း တရားရုံးသို့ ရောက်ရှိပြီးဖြစ်ပါကြောင်း၊ အပြစ်ရှိ၊ မရှိ ကို တရားရုံးကဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ၎င်းသည် တရားရုံးအပိုင်း ဖြစ်ပါကြောင်း၊ တရားရုံးကစီရင်ချက် ပြစ်ဒဏ်ချမှတ်ခြင်း မပြုမချင်း သံသယရှိသူ များသာဖြစ်သည့်အတွက် သံသယရှိသူဟုသာ သုံးနှုန်းပါကြောင်း၊ အထူး သဖြင့် လူမှုကွန်ရက်တွင် ဖြစ်ပေါ်နေသည့် ကလေးသူငယ်ကိစ္စနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြစေလိုကြောင်း၊ ကလေးသူငယ်များ စိတ်ဒဏ်ရာ ရပြီး အနာဂတ်တွင်များစွာ အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည့် လုပ်ဆောင်ချက်များ မလုပ်ရန် ပြောကြားလိုပါကြောင်း ဖြေကြားသည်။
ထို့နောက် òန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆန္ဒပြမှုပေါင်း ၂၀ ကျော် ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ ဆန္ဒပြနေသူများကိုလည်း ပွင့်ပွင့်လင်းလင်း ပြောချင် ပါကြောင်း၊ တချို့သော အဖွဲ့အစည်းများကလည်း Statement အများထုတ်ထားပါကြောင်း၊ ဆိုလိုသည်မှာ ဥပဒေပါ အကြောင်းအရာနှင့် ၎င်းတို့ပြောဆိုထား သည်များမှာ လွဲနေပါကြောင်း၊ ပြည်သူလူထုက ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ် များပေးရန် တောင်းခံသည့်စာကို သတင်းစာများတွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အကြံÓဏ်ပေးရန်အတွက် ရေးဆွဲထားသည့် ပြဋ္ဌာန်းချက်များသည် ဥပဒေ ကြမ်းအဆင့်ရောက်လာသည့်အချိန်တွင် ထိုသို့ မဟုတ်တော့ပါကြောင်း၊ ဥပမာ- စိတ်ပူနေကြသည့် နိုင်ငံသားဖြစ်မှု ကိစ္စဆိုလျှင် တည်ဆဲဥပဒေတွင် မပါဟု ပြောပါကြောင်း၊ သို့သော် တည်ဆဲဥပဒေတွင် ပါရှိပါကြောင်း၊ အထူး သဖြင့် လူအများစိုးရိမ်နေသည့် ကလေးများ မွေးစာရင်းပေးလိုက်သည့်ကိစ္စနှင့် မွေးစားလိုက်သည့်ကိစ္စ အလိုအလျောက် နိုင်ငံသားများဖြစ်လာမည်ဆိုသည့် စိုးရိမ်ချက်သည် လုံးဝမဟုတ်ဆိုသည်ကို ပြောချင်ပါကြောင်း။
မွေးစားခြင်းနှင့် နိုင်ငံသားဖြစ်ခြင်းကို ရှင်းလင်းအောင်လေ့လာရန် အဖွဲ့ အစည်းများကိုလည်း ပြောချင်ပါကြောင်း၊ ကျန်သည့် ပြည်သူလူထုကလည်း မွေးစားခြင်းနှင့် နိုင်ငံသားဖြစ်ခြင်းအပေါ် စိတ်ပူရန်မလိုကြောင်း၊ အစိုးရက တော်တော်လေး လေ့လာသုံးသပ်ထားပါကြောင်း၊ အထူးသဖြင့် အများပြည်သူ စိုးရိမ်သည့်အတိုင်း နိုင်ငံတော်အကြီးအကဲများအနေဖြင့်လည်း စိုးရိမ်ပါကြောင်း၊ အထူးသဖြင့် နိုင်ငံသားဖြစ်ခွင့်ကိစ္စအပေါ်တွင် မိမိတို့ လုံးဝသတိထားပြီး ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment