Friday, July 5, 2019

မြန်မာနိုင်ငံ လှူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးပွဲ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ရှင်းလင်းပြောကြား
Image may contain: 5 people, people standing, people sitting and suit
နေပြည်တော် ဇူလိုင် ၄
ဂျီနီဗာမြို့ ကုလသမဂ္ဂရုံး၌ ဇွန် ၂၄ ရက်မှ ဇူလိုင် ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် လှူအခွင့်အရေးကောင်စီ၏ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ဇူလိုင် ၂ ရက်တွင် မြန်မာနိုင်ငံလှူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေး ပွဲကို ပြုလုပ်သည်။
အစီရင်ခံစာကို နှုတ်ဖြင့်တင်သွင်း
ယင်းဆွေးနွေးမှုတွင် မြန်မာနိုင်ငံလှူအခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူက မြန်မာနိုင်ငံ၏ လှူအခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ အစီရင်ခံစာကို နှုတ်ဖြင့်တင်သွင်းခဲ့သည်။
အဆိုပါအပြန်အလှန်ဆွေးနွေးပွဲတွင် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားရာ၌ ဒီမို ကရေစီစနစ်နှင့်အညီ ရွေးချယ်ခံထားရသည့် အရပ်သား အစိုးရသည် ဒီမိုကရေစီစံနှုန်းနှင့် အလေ့အထများ ရှင်သန် ဖွံ့ဖြိုးစေရန်၊ ဒီမိုကရေစီယ္တရားများနှင့် တရားဥပဒေစိုးမိုးမှု ခိုင်မာစေရန်နှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိ စေရန်အတွက် ကြိုးပမ်းဆောင် ရွက်နေကြောင်း၊ အစိုးရ အနေဖြင့် တိုးတက်မှုများ ရရှိနေသကဲ့သို့ တစ်ဖက်တွင် ကြီးမားသည့် စိန်ခေါ်မှုများရှိ နေကြောင်းနှင့် ဆက်လက် ကြိုးပမ်းအားထုတ်ရန် လိုအပ်သည်ကို ကောင်းစွာသိရှိ ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ တိုးတက်မှုများ အပေါ် ပြည်တွင်းမှအမြင်နှင့် ပြည်ပမှအမြင်တို့မှာ မတူကြ ပါကြောင်းနှင့် ယခုအချိန်တွင် မြန်မာနိုင်ငံ နေရာအနှံ့ အပြားမှ ပြည်သူများအနေဖြင့် နိုင်ငံခေါင်းဆောင်များအား တိုက်ရိုက်ထိ တွေ့တင်ပြခွင့် ရရှိနေပြီဖြစ်ကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ မိုဘိုင်းဖုန်း၊ အင်တာနက်၊ လူမှုကွန်ရက်မီဒီယာများ သုံးစွဲလာနိုင်မှုတို့မှာလည်း မြင်သာသော တိုးတက်မှုများ ဖြစ်ကြောင်းနှင့် တစ်ချိန်တည်းတွင် "လုံခြုံရေးနှင့် လွတ်လပ်မှု" အကြား၊ "အခွင့်အရေးနှင့် တာဝန်" တို့ အကြား ထိန်းညှိဆောင်ရွက်ရန် လိုအပ်ကြောင်း။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အစိုးရ အနေဖြင့် မိမိပင်မတာဝန်ကို ကောင်းစွာသိရှိသဖြင့် နိုင်ငံ တော်၏တာဝန် စတင်တာဝန်ယူခဲ့သည့်နေ့မှစ၍ ဦးစား ပေးအဆင့် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များ နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တို့၏ ဆောင်ရွက်ချက်များက ပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် အဓိကအရေးပါသည့် လမ်းပြမီးအိမ်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သည့် ဖြေရှင်းမှုကို ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံ လွှမ်းခြုံသုံးသပ်၍ အားလုံးပါဝင်သည့် ချဉ်းကပ်ဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်နေကြောင်း၊ ထိခိုက်ခံစားခဲ့ရသည့် အသိုက်အဝန်းအားလုံးမှ နေရပ် စွန့်ခွာသူများအပေါ် စာနာစိုးရိမ်ပူပန်ကြောင်းနှင့် မြန်မာ နိုင်ငံအနေဖြင့် နှစ်နိုင်ငံ သဘောတူစာချုပ်တွင် သဘော တူညီခဲ့သည့်အတိုင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ကတည်းက နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားလိုကြောင်း၊ ယခုအချိန်တွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အမြန်ဆုံး စတင်ရန် လိုအပ်ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ စစ်မှန်သော ကြိုးပမ်း အားထုတ်ဆောင်ရွက်မှုအပေါ် လျစ်လျူရှု မသိကျိုးကျွန် မပြုသင့်ကြောင်း ပြောကြားခဲ့သည်။
မျှတမှုရှိရန် လိုအပ်ကြောင်း ထောက်ပြ
အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအပေါ် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် နာမည်ဖျက်ခြင်း၊ အရှက်ရစေခြင်း၊ ဖိအားပေးခြင်းတို့ကို ပြုလုပ်မည့်အစား ရေရှည်တည်တံ့သည့် အဖြေရှာမှုအတွက် မိမိတို့နှင့်အတူ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဖိတ်ခေါ်ပါကြောင်း၊ မတ် ၁၁ ရက်တွင် လှူအခွင့်အရေးကောင်စီ၌ ကျင်းပခဲ့သည့် အစီရင်ခံစာ တင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုတွင် အမြဲတမ်း ကိုယ်စားလှယ်က ၎င်းအား ကော့ခ်စ်ဘဇားစခန်း၌ ဟိန္ဒူ ၄၄၄ ဦးအပါအဝင် နေရပ်စွန့်ခွာသူများက နေရပ်ပြန်လာ လိုသည့်ဆန္ဒရှိကြောင်း ထပ်တလဲလဲ ဖော်ပြနေခြင်းကို သှူအနေဖြင့် သတိပြုမိခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ရာ အထူးအစီရင်ခံစာ တင်သွင်းသူက ဖြေကြားရန် ပျက်ကွက် ခဲ့သဖြင့် ယင်းမေးခွန်းကို ထပ်မံမေးမြန်းလိုကြောင်း ပြောကြားခဲ့ပြီး အထူးအစီရင်ခံစာ တင်သွင်းသူတစ်ဦး အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် မျှတမှုရှိရန်နှင့် ရွေးချယ်ဆောင်ရွက်ခြင်းမပြုလုပ်ရန် လိုအပ်ကြောင်း ကို ထောက်ပြခဲ့သည်။
ဆက်လက်၍ အထူးအစီရင်ခံစာ တင်သွင်းသူ အနေဖြင့် ပြဿနာကို ဓမ္မဓိဋ္ဌာန်ကျကျ ဘက်မလိုက်ဘဲ ရှုမြင်တတ်ရန်၊ မှန်ကန်စွာ ဆန်းစစ်နိုင်ရန်၊ မှန်ကန်သော အဖြေရှာနိုင်ရန်၊ သက်ဆိုင်သည့်နိုင်ငံတွင် လှူအခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် ပံ့ပိုးကူညီရန် အရေးကြီးကြောင်းကို အလေး အနက်ပြောကြားခဲ့သည့်အပြင် နိုင်ငံတွင်းရှိ ပြည်သူများနှင့် အစိုးရတို့၏ ရှုထောင့်အမြင်၊ နိုင်ငံ၏ ထူးခြားသည့် အခြေအနေနှင့် သမိုင်းကြောင်း၊ ယဉ်ကျေးမှုနောက်ခံများ၊ ကန့်သတ်ချက်များ၊ စိန်ခေါ်မှုများနှင့် ရှုပ်ထွေးနက်နဲမှုများ ကို လျစ်လျူမရှုသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂယ္တရားများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ကို ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။
နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိပါးစေသည့်
လုပ်ရပ်များကို သည်းခံမည်မဟုတ်ဟူ၍ ပြောကြား
ထို့ပြင် ဒီမိုကရေစီပြည်ထောင်စုဆီသို့ ဦးတည် ခရီးနှင်နေသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ အရေးအကြီး ဆုံးအချိန်တွင် လှူအခွင့်အရေးကာကွယ် မြှင့်တင်ရာ၌ အပြုသဘောမဆောင်သည့် ဆောင်ရွက်မှု များနှင့် ပြည်သူများ စည်းလုံးမှုပျက်ပြားစေသည့် အပြုအမူများ၊ နိုင်ငံအချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုကို ထိပါးစေသည့် လုပ်ရပ်များကို လုံးဝ သည်းခံမည်မဟုတ်ဟူ၍ အခိုင်အမာပြောကြားခဲ့သည်။
နိဂုံးချုပ်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီသက်တမ်းမှာ နုနယ်၍ ပြီးပြည့်စုံ မှု မရှိသေး ကြောင်း၊ မြန်မာနိုင်ငံ၏ ရှေ့ဆက်မည့် ခရီးလမ်း တွင် က္ဘာတစ်ဝန်းမှ မိတ်ဆွေနိုင်ငံများမှ အပြုသဘော ဆောင်သော နည်းလမ်းဖြင့် ပံ့ပိုးကြမည်ဟု မျှော်လင့်ပါ ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment