Thursday, July 4, 2019

ရုရှားရေတပ်မှ ရေနက်ပိုင်းသုတေသနပြု ရေငုပ်သင်္ဘော မီးလောင်ရေတပ်သား ၁၄ ဦး သေဆုံး
Image may contain: sky and outdoor
မော်စကို ဇူလိုင် ၃
ရေနက်ပိုင်းငုပ်လျှိုးနိုင်သည့် သုတေသန ရေငုပ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် သင်္ဘောသား ၁၄ ဦး သေဆုံးခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်တွင် ပြောကြားသည်။
မီးလောင်မှုဖြစ်ပွားသည့် ရေယာဉ်မှာ လျှို့ဝှက်စွာထားရှိသော အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောအငယ် စားဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများက သတင်းဖော်ပြသည့်အပြင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ကလည်း ယင်းသို့ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါရေယာဉ်အခြေအနေနှင့်ပတ်သက်၍ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သတင်း အချက်အလက် အနည်း ငယ်မျှသာ ထုတ်ပြန်ခဲ့သော်လည်း အဆိုပါရေယာဉ်တွင် ရုရှား စစ်ဘက်မှ အထက်တန်း အဆင့်မြင့်အရာရှိများ လိုက်ပါခဲ့ပြီး ယင်းသို့ လိုက်ပါခြင်းမှာ အဆိုပါရေယာဉ်သည် သာမန်လုပ် ငန်းတာဝန်တစ်ရပ် ထမ်းဆောင်ခြင်း မဟုတ်သည်ကို òန်ပြနေဖွယ်ရှိသည်။
ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့သည့် ယင်းရေယာဉ်မီးလောင်မှု တွင် ရေတပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး မီးလောင်မှုဖြစ်ပေါ်ရာမှ ထွက်ပေါ်လာသည့် အဆိပ်သင့်ဓာတ်ငွေ့များကို ရှူရှိုက်မိ၍ သေဆုံး ခဲ့ကြောင်းနှင့် အဆိုပါရေနက်ပိုင်းသုတေသနပြု ရေငုပ်သင်္ဘောသည် ရုရှားနိုင်ငံမြောက်ဖျားရှိ ရုရှားရေပိုင်နက်နယ်မြေအတွင်း ပင်လယ် ကြမ်းပြင်၏ မြေပြင်အနေအထားများကို လေ့လာမှုပြုနေခြင်း ဖြစ်ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment