Thursday, July 4, 2019

လစ်ဗျားနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုအား လေကြောင်းမှတိုက်ခိုက်၊ ဒုက္ခသည် ၄၀ နီးပါး သေဆုံး
Image may contain: one or more people and outdoor
ထရီပိုလီ ဇူလိုင် ၃
လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတစ်ခုကို လေကြောင်း တိုက်ခိုက်မှုတစ်ခုပြု လုပ်ခဲ့ရာ ဒုက္ခသည် ၄၀ နီးပါး သေဆုံးခဲ့ပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 
အဆိုပါအကြမ်းဖက်မှုကို အာဏာရှင်ခေါင်းဆောင် ခါလီဖာ ဟာဖ်တာက ကျူးလွန် ခဲ့ခြင်းဖြစ်သည်ဟု လစ်ဗျားအာဏာပိုင်များက စွပ်စွဲလျက်ရှိသည်။
ခါလီဖာ ဟာဖ်တာသည် ထရီပိုလီမြို့တော်ကို သိမ်းပိုက်ရန် သုံးလတိုင်တိုင် စစ်ဆင်ရေးများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တာဂျိုရာဆင်ခြေဖုံးရှိ ဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒုက္ခသည် ၄၀ နီးပါးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ကျော်ရှိခဲ့သည်ဟု အရေးပေါ်ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားစဉ် ယင်းဒုက္ခသည်စခန်း၌ ဒုက္ခသည် ၁၂၀ ခန့်ရှိခဲ့ပြီး ကျည်ဆန်ထိမှန် သေဆုံးသူများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိခဲ့သည်။
လူနာတင်ယာဉ်များ ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများက အပျက်အစီးများအောက်တွင် အသက် ရှင်ကျန်နေသူများအား လိုက်လံရှာ ဖွေကယ်ဆယ်လျက်ရှိသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်ခဲ့ခြင်းဖြစ်သည် ကို အတိအကျ ပြောကြားခြင်းမရှိသေးသော်လည်း အာဏာရှင် ခါလီဖာ ဟာဖ်တာအား ထောက်ခံသည့်မီဒီယာက ဇူလိုင်၂ ရက် ညပိုင်းတွင် မြို့တော်ထရီပိုလီနှင့် တာဂျိုရာဆင်ခြေဖုံး တို့၌ လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment