Saturday, July 6, 2019

မိုးခေါင်မှုကြောင့် တရုတ်မြောက်ပိုင်းတွင် သီးနှံစိုက်ခင်း ဟက်တာ ရှစ်သိန်းနီးပါး ထိခိုက်ပျက်စီး
Image may contain: one or more people, people standing and outdoor
ရှီကျာကျွမ်းယ ဇူလိုင် ၅
ပြင်းထန်သည့် မိုးခေါင်မှုကြောင့် တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ်တွင် သီးနှံစိုက်ခင်း ၇၉၃ ၃၃၃ ဟက်တာ ( ၃၁၇ ၃၃၃ ဧက)ထိခိုက်ပျက်စီးခဲ့သည်ဟု ပြည်နယ် ရေသယံဇာတ ဌာနမှ သောကြာနေ့က ပြောသည်။
လူ ၁၅၇၀ဝ နှင့် အိမ်မွေးတိရ္ဆာန်ကောင်ရေ ၃၀ဝ၀ တို့သည် သောက်ရေအခက်အခဲ နှင့် ရင်ဆိုင်နေရသည်ဟု ၎င်းဌာနမှ သိရသည်။ ဟီဘေးပြည်နယ်တွင် ဇွန်လကတည်းက မိုးရွာသွန်းမှု လျော့နည်းခဲ့ပြီး ပျမ်းမျှမိုးရေချိန် ၃၇ မီလီမီတာ ရှိသဖြင့် ယခင်နှစ်များထက် ၅၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ မိုးခေါင်မှုကို တိုက်ဖျက်ရန်အတွက် မိုးခေါင်မှုကာကွယ်ရေး စီမံကိန်းများဖြစ်သည့် ရေကန်များ၊ မြေအောက်ရေကန်များ၊ ရေတွင်းများကို ယင်းပြည်နယ်တွင် တည်ဆောက် အကောင်အထည်ဖော်မည်ဖြစ်သည်။
ဟီဘေးပြည်နယ်ရှိ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် အသုံးပြုမည့်ရေရရှိရန် နှင့် မိုးခေါင်မှုဒဏ်ခံရသည့် လူနှင့် တိရ္ဆာန်များ၏ အခြေခံရေလိုအပ်ချက်ကို အာမခံပေးရန် အတွက် ရေသယ်ယူပို့ဆောင်ပေးရန် တာဝန်ရှိသူများက ပြည်သူလူထုကို ဆော်သြစည်းရုံး မည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ဇော်လင်း

No comments:

Post a Comment