Friday, July 5, 2019

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့နယ်/ မြို့စည်ပင်သာယာရေးကော်မတီများသို့ ယာဉ်၊ စက်ယ္တရားများ လွှဲပြောင်းပေးအပ်
Image may contain: one or more people and outdoor
ပုသိမ် ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့နယ်/ မြို့စည်ပင်သာယာရေးကော်မတီများသို ထောက်ပံ့ သည့် ယာဉ်၊ စက်ယန္တရားများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။
လွှဲပြောင်းပေးအပ်
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/မြို့ စည်ပင်သာယာရေးကော်မတီများအနေ ဖြင့် စည်ပင်သာယာရေးလုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လိုအပ်လျက်ရှိသည့် ယာဉ်၊ စက်ယန္တရား များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ဝယ်ယူပြီး ဖြည့်တင်း လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် ပေးအပ်သွားမည့် ယာဉ်၊ စက်ယန္တရားများမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေကျပ် ၂ ဒသမ ၃၇၈ ဘီလီယံ တန်ဖိုးရှိ မြေတူးစက်(မြေ+ရေ)တစ်စီး၊ မြေတူးစက်(မြေ) ၁၃ စီး၊ ရေပုပ်စုပ် ယာဉ် ၂၄ စီး၊ အမှိုက်ကန်ယာဉ် သုံးစီး၊ အမှိုက်သိမ်းယာဉ်(တစ်ပါ) ၁၆ စီး စုစုပေါင်း ၅၇ စီး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေ ကျပ် ၁ ဒသမ ဝ၈၂ ဘီလီယံဖြင့် မြေတူးစက်(မြေ) ခုနစ်စီး၊ အမှိုက်သိမ်းယာဉ်(တစ်ပါ)အစီး ၂၀ တို့ကိုလည်းကောင်း၊ ဧရာဝတီဖောင်ဒေးရှင်းက ပြန်ရသည့်ငွေများ အနက် ငွေ$ကျပ် ၁ ဒသမ ၁၃ ဘီလီယံဖြင့် မြေတူးစက် ၃ ဒသမ ၅ တန် ကိုးစီး၊ မြေတူးစက် တန် ၂၀ တစ်စီး၊ ရေသယ်ယာဉ်(ကိုရီးယား)လေးစီးတို့ကို လည်ကောင်း ဝယ်ယူထောက်ပံ့သွားမည်ဖြစ်သည့်အတွက် နောင်နှစ် ကုန်အထိ ယာဉ်၊ စက်ယန္တတရား ၉၈ စီး လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများသို့ ခွဲဝေ ချထားပေးသည့် ယာဉ်၊ စက်ယန္တရား စာရင်းအား ကြေညာသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်/မြို့စည် ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌများထံသို့ ယာဉ်၊ စက်ယန္တရားများကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် မြို့နယ်/မြို့စည် ပင်သာယာရေးကော်မတီများကိုယ်စား စည်ပင်သာယာရေး ဝန်ကြီးဦးကျော်မြင့်က ကျေးဇူးတင် စကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက ပြသထားသော ယာဉ်၊ စက်ယန္တရားများကို ကြည်ရှုခဲ့ ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-မောင်မောင်မြင့် (ပြန်/ဆက်)

No comments:

Post a Comment