Friday, July 5, 2019

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းစုလီမိတက်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Image may contain: one or more people and indoor
နေပြည်တော် ဇူလိုင် ၄
သမဝါယမအသင်းဝင်အားလုံးသည် အသင်း၏ စားသုံးသူဖြစ်သကဲ့သို့ အလုပ်ရှင်လည်း ဖြစ်ပါကြောင်း၊ သမဝါယမဆိုင်ရာ စီးပွားရေးလုပ်ငန်း များကို အကျိုးအမြတ်နှင့် မောင်းနှင် ခြင်းမဟုတ်ဘဲ တန်ဖိုးဖြင့် မောင်းနှင် ရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
တူညီသည့်သဘောထားဖြင့် ပူးပေါင်း
အသင်းသားများအတွက် အရပ်ရပ် ဆိုင်ရာ အကျိုးစီးပွားဆောင်ရွက် ရာတွင် လွတ်လပ်စွာဖွဲ့စည်းထား သည့် အသင်းအဖွဲ့ဖြစ်သည့် အားလျော်စွာ သမဝါယမအသင်းဝင် အားလုံးတို့၏ တူညီသည့် သဘော ထားများဖြင့် ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါကြောင်း ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၃၆)အစည်းအဝေးခန်းမ၌ ကျင်းပ သည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ထမ်း ပေါင်းစုံသမဝါယမအသင်းစုလီမိတက် ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
အစည်းအဝေးတွင် အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းစုလီမိတက် စတင် ဖြစ်ပေါ်လာပုံနှင့် ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး သမဝါယမဦးစီး ဌာန ဒုတိယòန်ကြားရေးမှူးချုပ်က အသင်း၏ ဆောင်ရွက်ချက်များအား ဂုဏ်ပြုစကားပြောကြားသည်။
ဆွေးနွေးအကြံပြုချက်များရယူ
ဆက်လက်၍ အသင်းစုလီမိတက် ၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စာရင်းစစ်ရှင်းတမ်းများကို ဖတ်ကြားတင်ပြပြီး အစည်းအဝေး တက်ရောက်လာကြသော အသင်းသူ အသင်းသားများ၏ ဆွေးနွေးအကြံပြု ချက်များနှင့် သဘောတူညီမှုကို ရယူ ဆောင်ရွက်ခဲ့သည်။
ဝန်ထမ်းများ၏ လူမှုရေး၊ ကျန်းမာ ရေး သက်သာချောင်ချိရေးနှင့် ဝန်ထမ်းသားသမီးများ၏ ပညာရေး အတွက် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ထမ်း ပေါင်းစုံသမဝါယမအသင်းစုလီမိတက် ကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်၍ အသင်း၏ သက်တမ်း ခုနစ်နှစ်တာကာလအတွင်း မွေး၊ ရေ၊ ကျေးလက်ဝန်ထမ်း ၇၀ဝ ကျော်ကို ရုံးဖွင့်ရက်တိုင်း နံနက်စာ ကျွေးမွေး ခြင်း၊ ဝတ်စုံစရိတ်ထောက်ပံ့ခြင်း၊ သာရေး၊ နာရေး ထောက်ပံ့ခြင်းနှင့် ဝန်ထမ်းသားသမီးများအတွက် ပညာ သင်ထောက်ပံ့ခြင်း၊ ပညာရည်ချွန်ဆု ထောက်ပံ့ခြင်း၊ မြန်မာ့ရိုးရာ ထုံးတမ်း စဉ်လာ အခမ်းအနားများ ကျင်းပပေး ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပ ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment