Friday, July 5, 2019

တရုတ်နိုင်ငံတွင် လေဆင်နှာမောင်းတိုက်ခတ်၊ အနည်းဆုံး လူခြောက်ဦး သေဆုံး 
Image may contain: one or more people, sky, cloud and outdoor
ပေကျင်း ဇူလိုင် ၄
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လီအိုနင်းစီရင်စုတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ ခြောက်ဦး သေဆုံးခဲ့ပြီး ၁၉၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် ကိုင်ယွမ်မြို့၌ လေဆင်နှာမောင်း တိုက်ခတ်သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်သံမီဒီယာက သတင်း တင်ဆက်ပြသခဲ့သည်။ အဆိုပါမှတ်တမ်းဗီဒီယိုတွင် လေဆင်နှာမောင်းသည် တဖြည်းဖြည်းရွေ့လျားလာခဲ့ပြီး လေပြင်းများတိုက်ခတ်ကာ ပစ္စည်းများ လေထဲ၌ လွင့်ပျံလျက်ရှိသည်ကို တွေ့မြင်ရသည်။ ထို့ပြင် မော်တော်ယာဉ် များ လေဆင်နှာမောင်းကွန်ရက်အတွင်း၌ ရောက်ရှိသွားပြီး ပျံ့လွင့်နေသည် ကိုလည်း တွေ့မြင်ရသည်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ သည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၃၀ဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး စိုက်ခင်း ၁၀ဝ ဟတ်တာဝန်းကျင် ဆုံးရှုံးခဲ့ကြောင်း သိရ သည်။
ကယ်ဆယ်ရေးလုပ်သားများက အပျက်အစီးများအောက်တွင် ပိတ်မိ လျက်ရှိသူ ၂၁၀ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်။ လူပေါင်း ၁၆၀ဝ ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိ သူများအား နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသ္တရအစိုးရက ဆိုသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီး များ၏ တန်ဖိုးကို အတိအကျ မသိရသေးပေ။
ဆင်ဟွာ

No comments:

Post a Comment