Friday, July 5, 2019

ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ယူကရိန်းနှင့် ကနေဒါ သဘောတူ
Image may contain: 2 people, suit
ကိယက်ဗ် ဇူလိုင် ၄
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလင်စကီနှင့် ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်းထရူးဒိုးတို့သည် ကနေဒါနိုင်ငံ တိုရွန်တိုမြို့၌ ဇွန် ၃ ရက်က တွေ့ဆုံခဲ့ကြရာ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့ကြ သည်။
ကနေဒါဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ယူကရိန်းနိုင်ငံ အား သံချပ်ကာယာဉ်များ ပံ့ပိုးပေးရေးနှင့် ကာကွယ်ရေး နယ်ပယ်၌ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေးအပေါ် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြကြောင်း ယူကရိန်းသမ္မတက တွေ့ဆုံပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့ သည်။
ကနေဒါဝန်ကြီးချုပ် ထရူးဒိုးသည် ကာကွယ်ရေး နယ်ပယ်၌ ယူကရိန်းနိုင်ငံအား ထောက်ပံ့ပေးရန် ၎င်း၏ ရည်ရွယ်ချက်များကို အခိုင်အမာ ပြောကြားခဲ့သလို ယူကရိန်းနိုင်ငံကိုလည်း ကနေဒါလုပ် စစ်လက်နက်များ ဝယ်ယူမည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ယူကရိန်းသမ္မတက ထပ်မံပြောကြားခဲ့သည်။
ထို့အပြင် ကနေဒါနိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီး အန်ဒရီးရှက်ဗ်ချင်ကိုက ယူကရိန်းနိုင်ငံသည် ကနေဒါလုပ် တာဝေးပစ်လက်ဖြောင့်ရိုင်ဖယ်သေနတ် များကို ယခုနှစ်အတွင်း လက်ခံရရှိမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြားခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတသည် ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တတိယအကြိမ်မြောက် ယူကရိန်း ပြုပြင်ပြောင်းလဲရေး ညီလာခံကို တက်ရောက်ရန် ကနေဒါနိုင်ငံသို့ ပထမ အကြိမ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ညီလာခံသည် ယူကရိန်းနိုင်ငံ၏ အနာဂတ်အရေးနှင့် ပတ်သက်၍ အဓိကကျသော နိုင်ငံတကာညီလာခံတစ်ရပ် ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဂျေတီ

No comments:

Post a Comment