Friday, July 5, 2019

ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးအတွက်ခရစ္စတင်းလားဂတ်ကို အမည်စာရင်းသွင်း
Image may contain: 1 person, smiling, standing and text
ပါရီ ဇူလိုင် ၄
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ခရစ္စတင်းလားဂတ်ကို ဥရောပဗဟိုဘဏ် (အီးစီဘီ)၏ ဥက္ကဋ္ဌအဖြစ် ဥရောပသမဂ္ဂက အမည်စာရင်းတင်သွင်း လိုက်ကြောင်း သိရသည်။
ဇူလိုင် ၂ ရက်က ပြုလုပ်သည့် ဥရောပသမဂ္ဂ ထိပ်သီး အစည်းအဝေး၌ ယင်းအမည်စာရင်းတင်သွင်းမှုကို ဥရောပသမဂ္ဂခေါင်းဆောင်များက သဘောတူညီခဲ့ကြ သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက သဘောတူဆန္ဒပြု မည်ဆိုပါက ခရစ္စတင်းလားဂတ်သည် ဥရောပ ဗဟိုဘဏ်၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌဖြစ်လာဖွယ် ရှိသည်။
ယူရိုအတွင်းရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံအတွင်း စီးပွားရေး လုပ်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာစံနှုန်းများ နောက်ထပ် လျှော့ပေါ့မှုပြုရေးအတွက် ဥရောပဗဟိုဘဏ် က စဉ်းစားမှုများ ပြုလုပ်နေသည်။
ပြင်သစ်အစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဟောင်း တစ်ဦးဖြစ်သူနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ òန်ကြားရေးမှူးတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် လားဂတ်သည် က္ဘာ့အကြီးဆုံး စီးပွားရေး အသိုက်အဝန်း တစ်ခုဖြစ်သည့် အီးစီဘီအား ဦးဆောင်ရာ၌ စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ရနိုင်သည်ဟု စီးပွားရေးသုံးသပ်သူများက ပြောကြားသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment