Friday, July 5, 2019

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပ
Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၄
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော ၂၀၁၇ ခုနှစ်၊မြေသိမ်းဥပဒေကြမ်းနှင့်မြန်မာ့ ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေ ကြမ်း၊ နိုင်ငံတော်သမ္မတက သဘော ထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။ သတင်းစဉ်

No comments:

Post a Comment