Friday, July 5, 2019

MMA ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန် တစ်နှစ်တာအကောင်းဆုံး နိုင်ငံတကာတိုက်ခိုက်ရေးသမားဆု ဆွတ်ခူး
Image may contain: 4 people, people smiling, people standing
ရန်ကုန် ဇူလိုင် ၄
Fighter Only မဂ္ဂဇင်းက ရွေးချယ်ချီးမြှင့်သည့် World MMA Awards 2019 ဆုပေးပွဲတွင် ဥညန ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန် က နာမည်ကြီးကစားသမားများကို ကျော်ဖြတ်ပြီး တစ်နှစ်တာ အကောင်း ဆုံး နိုင်ငံတကာတိုက်ခိုက်ရေး သမားဆုကို ဆွတ်ခူးရရှိခဲ့သည်။
ယင်းဆုပေးပွဲကို ဇူလိုင် ၃ ရက် (မြန်မာ စံတော်ချိန် ဇူလိုင် ၄ ရက် နံနက်ပိုင်း)က အမေရိကန် နိုင်ငံ လက်စ်ဗီးဂတ်စ်၌ ကျင်းပခဲ့သည်။
ဆန်ခါတင်စာရင်းတွင် ပါဝင်
အောင်လအန်ဆန်သည် တစ်နှစ်တာ အကောင်းဆုံး နိုင်ငံတကာတိုက်ခိုက်ရေးသမားဆု ဆန်ခါတင်စာရင်းတွင် UFC တွင် ရှုံးပွဲမရှိသေး သည့် ရွှေခါးပတ်ချန်ပီယံ နာမည်ကြီးရုရှား နိုင်ငံသား ခါဘစ်(UFC) ၊ မူဆာဆီ(Bellator) ၊ အူစမန်(UFC) ၊ အာဒေးဆန်ညာ(UFC)တို့နှင့် အတူ ပါဝင်ခဲ့ပြီး ၎င်းတို့ကို ကျော်ဖြတ်ကာ ဆုရရှိ ခဲ့ခြင်းဖြစ်သည်။ ONE Championships မှ ကျင်းပနေသည့် ပြိုင်ပွဲများတွင် အောင်မြင်မှုရပြီး ဝိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ခဲ့သည့် အောင်လအန်ဆန်သည် ယခု ဆုပေးပွဲတွင် ဆုနှစ်ခုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး DCharles "Mask" Lewis Fighter of the Year ဆုတွင်မူ ကော်မီယာ( UFC) က ရရှိခဲ့ပြီး အောင်လအန်ဆန်နှင့်အတူ ခါဘစ်၊ မူဆာ ဆီနှင့် ပွိုင်ရီယာတို့မှာ ဆန်ခါတင်စာရင်းဖြင့်ပင် ကျေနပ်ခဲ့ရသည်။ Fighter Only မဂ္ဂဇင်းသည် ယင်းဆုများကို ၂၀ဝ၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ဘက်စုံကိုယ်ခံပညာသုံး MMA အားကစား လောကတွင် ဂုဏ်သိက္ခာမြင့်မားသည့် ဆုချီးမြှင့်ပွဲ လည်းဖြစ်သလို အဖွဲ့အစည်းအသီးသီးက ကျင်းပ နေသည့် ဘက်စုံကိုယ်ခံပညာသုံးပြိုင်ပွဲများအားလုံးမှ အကောင်းဆုံးကစားသမားများကို ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည်။ ဆန်ခါတင်စာရင်းကို ဧပြီနောက်ဆုံး ပတ်ကတည်းက ထုတ်ပြန်ကြေညာခဲ့ပြီး ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ် သည်။
ကမ္ဘာ့ချန်ပီယံဆုရရှိ
အောင်လအန်ဆန်သည် ၂၀၁၈ နှစ်ကုန်ပိုင်း က စင်ကာပူနိုင်ငံ၌ ကျင်းပသည့် 2018 Global Martial Arts Awards ဆုပေးပွဲတွင် အကောင်း ဆုံး အမျိုးသားကစားသမားဆုရရှိခဲ့သလို ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့၌ ဟဆဲဂါဝါနှင့် ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲမှာ အကောင်းဆုံးပွဲဆုတို့ ရရှိခဲ့သည်။ အောင်လအန် ဆန် သည် MMA ပြိုင်ပွဲများတွင် ၂၀ဝ၅ ခုနှစ်ကတည်း က ထိုးသတ်ခဲ့ပြီး လက်ရှိတွင် ONE Championships မှကျင်းပနေသည့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေ ကာ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဆုရရှိထားသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ--ONE Championship

No comments:

Post a Comment