Thursday, July 4, 2019

တရုတ်နိုင်ငံမှ ထောက်ပံ့ပေးသော ဘတ်စ်ကားများကို ပြည်သူများအတွက် သုံးစွဲမည်ဟု ဗင်နီဇွဲလားသမ္မတ မာဒူရိုပြောကြား 
Image may contain: 1 personကာရာကတ် ဇူလိုင် ၃

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုက တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ထားသည့် ဘတ်စ်ကား အစီး ၂၀ဝ၀ ကို ပြည်သူ့ပို့ဆောင်ရေးကဏ္ဍတွင် သုံးစွဲသွားမည်ဖြစ်သည် ဟု ပြောကြားခဲ့သည်။
သမ္မတ နီကိုလက်စ် မာဒူရိုနှင့် အတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွါအီဒိုတို့၏ အပြိုင်အဆိုင် အာဏာ လွန်ဆွဲပွဲကြောင့် နိုင်ငံ၏စီးပွားရေးအခြေအနေသည် ယခင်ကထက် ပိုမိုနိမ့်ကျကာ ပျက်ကပ်ရောက်လျက် ရှိသည်။
နိုင်ငံအတွင်း လျှပ်စစ်မီးပေးဝေမှုစနစ်များ ရပ်ဆိုင်း ထားသည့်အတွက် မီးရထားပြေးဆွဲမှုများ ရပ်ဆိုင်းထား ရသည့်အပြင် လောင်စာဆီပြတ်လပ်မှုကြောင့် မော်တော်ယာဉ်များ အသုံးပြုပြေးဆွဲရန် ခက်ခဲလျက် ရှိသည်။
တရုတ်နှင့် ရုရှားနိုင်ငံများက သမ္မတ နီကိုလက်စ် မာဒူရိုအား ထောက်ခံအားပေးလျက်ရှိစဉ် တစ်ဖက်က လည်း အမေရိကန်က သမ္မတ မာဒူရို၏သားကို စီးပွားရေး ပိတ်ဆို့မှုစာရင်းထဲတွင် ထည့်သွင်းခဲ့သည်။
တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးမှုများကို သမ္မတ မာဒူရိုက ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် ၎င်းအား က္ဘာ့ဒုတိယစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ထောက်ခံအားပေးလျက်ရှိကြောင်း သိသာထင်ရှားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
နိုင်ငံအတွင်း ပဋိပက္ခများ စတင်ချိန်မှစပြီး နိုင်ငံ အတွင်းမှ နေရပ်စွန့်ခွာသူဦးရေ လေးသန်းကျော် ရှိခဲ့ပြီ ဖြစ်သည်ဟု အမေရိကန်က ဆိုသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment