Thursday, July 4, 2019

အထူးပြင်ဆင်မှုများ ပြုလုပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့လာရောက်လေ့လာကြည့်ရှုသူ ယမန်နှစ်ထက် ပိုများနိုင်
Image may contain: house, sky, tree, plant and outdoor
ရန်ကုန် ဇူလိုင် ၃
မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစုနေထိုင်ခဲ့သော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ် ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်အား ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် အထူး ပြင်ဆင်ထားမှုနှစ်ရပ်နှင့် ပြတိုက်အပေါ်ထပ်သို့ လေ့လာ ကြည့်ရှုခွင့်ရရှိမည်ဖြစ်ရာ ယမန်နှစ်ကထက် လာရောက် ကြည့်ရှုလေ့လာသူ ပိုမိုများပြားနိုင်ကြောင်း သိရသည်။
ပြင်ဆင်ထားရှိ
ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်က မိသားစုနှင့်အတူ ယခုပြတိုက်နေအိမ်တွင် နေထိုင်ခဲ့သော ဧည့်ခန်းကို ထိုအချိန်ကပုံစံအတိုင်း ပြင်ဆင်ထားရှိမှုနှင့် အပေါ်ထပ်ရှိ ဗီရိုအတွင်းပြသခဲ့သော ဗိုလ်ချုပ် အောင်ဆန်း ဝတ်စုံအား ယခုနှစ်တွင် အပြင်ထုတ်၍ ပြသမည့် အထူး ပြင်ဆင်မှု နှစ်ရပ်နှင့်အတူ ပြတိုက်အပေါ်ထပ် ကြံ့ခိုင်မှုကို ပြင်ဆင်ခဲ့၍ပိတ်ထားခဲ့ရာမှ ယခုနှစ် အာဇာနည်နေ့တွင် တစ်ကြိမ်လျှင် လူ ၅၀ ဖြင့် အပေါ်ထပ်သို့ အလှည့်ကျ လေ့လာကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။
စာမျက်နှာ ၁၀ ကော်လံ ၁ သို့ လ
"ပြီးခဲ့တဲ့နှစ်က အပေါ်ထပ်ကို တက်ခွင့်ပိတ်ထားခဲ့ပေမယ့် လှေကားကြံ့ခိုင်မှုပြီးစီး သွားပြီဖြစ်လို့ တစ်ကြိမ်ကိုလူ ၅၀ လေ့လာကြည့်ရှုလို့ရပါပြီ။ အောက်ထပ်အပန်းဖြေဝိုင်းနဲ့ထမင်းစားခန်းကို ကြည့်ရှုပြီးတော့(၁၉၄၇)ခုနှစ်က ပုံစံအတိုင်းဧည့်ခန်းကို လေ့လာရမှာပါ။ အပေါ်ထပ်က ဗိုလ်ချုပ်အိပ်ခန်းကခုတင်ခြေရင်းမှာ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့ တဲ့ဝတ်စုံကို ပြသပါ မယ်။ ကလေးတွေအိပ်ခန်းနဲ့ အထူးစည်းဝေးခန်းကို ကြည့်ရှုပြီးတော့ ခြံထဲကစိုက်ခင်းကို လေ့လာနိုင်အောင်ဆောင်ရွက်ထားပါတယ်"ဟု အမျိုးသားပြတိုက်(ရန်ကုန်)မှ လက်ထောက် òန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောသည်။
နိုင်ငံခြားသားတစ်ဦးလျှင်$ ကျပ် ၅၀ဝ၀
ပြီးခဲ့သည့်နှစ်က ပြတိုက်အတက်လမ်းတစ်လျှောက်တွင် ဗိုလ်ချုပ်၏အဆိုအမိန့်များကို ပြသခဲ့ပြီး ယခုနှစ်တွင် ဗိုလ်ချုပ်ပုံပါသောတံဆိပ်ခေါင်းများကို ဘုတ် ၁၈ ခုဖြင့် ပြသွားမည် ဖြစ်သည်။ ဗိုလ်ချုပ်စိုက်ခင်းစိမ်း လန်းစိုပြည်မှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်ဌာနနှင့် လာရောက်လေ့ လာကြည့်ရှုသူများ မိုးမစိုစေရန် ပြတိုက် တက်လမ်းတစ်လျှောက် ပေါင်းမိုးများကို အင်ဂျင်နီယာဌာနတို့မှ ဖြည့်ဆည်းဆောင်ရွက်ထား သည်။ အာဇာနည်နေ့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသမည်ဖြစ်သည်။ ပုံမှန်ရက်များ၌ တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်မှအပ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အခမဲ့ပြသလျက်ရှိကာ နိုင်ငံခြားသားတစ်ဦးလျှင်$ ကျပ် ၅၀ဝ၀ ဖြင့် ပြသလျက်ရှိ သည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းòန်မှုနှင့်အတူ ဗိုလ်ချုပ် အောင်ဆန်းပြတိုက် အထွေထွေမွမ်းမံခြင်းလုပ်ငန်းကို အပိုင်း သုံးပိုင်း၊ လုပ်ငန်းစဉ်ကိုးခုဖြင့် လုပ်ဆောင် လျက်ရှိရာ အဆောက်အဦကြံ့ခိုင်မှုကို ဦးစားပေး လုပ်ဆောင်ခဲ့၍ ဧည့်ခန်းပြင်ဆင်မှုကို ဇူလိုင် ၁၆ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ပြတိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စိမ်းလန်းစိုပြည်သာယာလှပရေးကို မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း၊ ရန်ကုန်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင် ရွက်လျက်ရှိရာ ပြတိုက်မွမ်းမံမှုကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်က ပြည်သူနှစ်သောင်းကျော်နှင့် နိုင်ငံခြားသား ၉၇ ဦး သုံးရက်အတွင်း လာရောက်ကြည့်ရှု လေ့လာခဲ့ပြီး ယခုနှစ်တွင် (၁၉၄၇)ခုနှစ်က ဧည့်ခန်းပုံစံအတိုင်း ပြင်ဆင် ထားရှိမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ဝတ်ဆင်ခဲ့သည့် အင်္ကျီကိုလည်း အပြင်တွင် ပြသသွားမည့် အပြင် ပြတိုက်အပေါ်ထပ်ကို ကြည့်ရှုလေ့လာ ခွင့်ရရှိမည်ဖြစ်၍ ယမန်နှစ်ထက် ကြည့်ရှု လေ့လာသူ ပိုမိုများပြားစည်ကားနိုင်ကြောင်း သိရသည်။
သတင်း-သန်းထိုက်၊ ဓာတ်ပုံ -သန်းစိုး၊

No comments:

Post a Comment