Thursday, July 4, 2019

မြန်မာ-တရုတ် နှစ်နိုင်ငံ အဝင်/အထွက် ဂိတ်အသစ် ဇူလိုင် ၅ ရက်တွင် တိုးချဲ့ဖွင့်လှစ်မည်
Image may contain: 6 people, people smiling, people standing, wedding and indoor
မူဆယ် ဇူလိုင် ၃
မြန်မာအလုပ်သမားများ၊ အလည်ပတ်ခရီးသည်များနှင့်နယ်စပ်ဒေသ မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ အဝင်/ အထွက်များ အဆင်ပြေချောမွေ့စေရန်နှင့် ပိုမိုလျင်မြန် စေရန်အတွက် တရုတ်နိုင်ငံမှ အသစ်ဆောက်လုပ်ထား သည့် နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်သစ်ကို ယခုလ ၅ ရက်တွင် ဖွင့်လှစ်၍ စတင်အသုံးပြုနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။
လက်ရှိနယ်စပ်ဒေသ မူဆယ်မြို့မှ တရုတ်နိုင်ငံ ဘက်သို့ ဝင်ရောက်နိုင်ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရခြင်းသည် တရုတ်နိုင်ငံဘက်ရှိ လက်ရှိအဝင်/အထွက် ဂိတ်များတွင် စက်ပစ္စည်းတပ်ဆင်မှုနည်းပါးမှုကြောင့် လက်ဗွေအချက်အလက်များနှင့် မျက်နှာ ှခညေ ရယူရာ တွင် အချိန်ကြန့်ကြာနေရခြင်းဖြစ်သည်။ ယခုလတွင် ဂိတ်အသစ် (၁)တစ်ခု ထပ်မံဖွင့်လှစ်မည်ဖြစ်ပြီး တရုတ် နိုင်ငံဘက်သို့ ဝင်ရောက်ရာတွင် ပိုမိုမြန်ဆန်တော့မည် ဖြစ်ကြောင်း သိရသည်။
ယခုဂိတ်အသစ်ကို နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (ဆင်ဖြူဂိတ်)တိုးချဲ့ဆောင်အသစ် ဖွင့်လှစ်မည်ဖြစ်ပြီး မူဆယ်မြို့မှ ထွက်ပေါက်တွင် စက်အသစ် ခုနစ်လုံးနှင့် အဝင်ဂိတ်တွင် စက်အသစ် ခြောက်လုံး ထပ်မံတိုးချဲ့ထား ကြောင်း သိရသည်။ ယခုလတွင် အသစ်ထပ်မံတိုးချဲ့ ဖွင့်လှစ်မည့် မြေနေရာအနေအထားနှင့် အဆင်ပြေချောမွေ့ စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဂိတ်အသစ်ကို ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကြိုတင်၍ မူဆယ်ခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ ဦးဆောင်သည့် တာဝန် ရှိသူများနှင့် တရုတ်နိုင်ငံ ဒုတိယမြို့တော်ဝန် မစ္စတာ ချန့်ရောက် ဦးဆောင်သည့်အဖွဲ့များက လေ့လာကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

No comments:

Post a Comment