NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အ¸နှင့် RCSS ငြိ်မ်းချမ်းရေး ဆွေးနွေး ရေးကိုယ် စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေးဦးဆောင်သည့်အဖွဲ့ တွေ့ဆုံဆွေးနွေး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင် စဝ်ဘောင်ခေးဦးဆောင်သည့် အဖွဲ့တို့၏ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC)၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)မှ အစပြုလိုက်သည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို အကောင်အထည်ဖော်သည့်နေရာ၌ အခက်အခဲ များ ကြုံတွေ့လာရချိန်တွင် မိမိတို့အားလုံး၏ စိတ်ရင်း အမှန်၊ ခံယူချက်အမှန်များ အထင်အရှားထွက်ပေါ်လာခဲ့ပါကြောင်း၊ ဝမ်းမြောက်ဖွယ်ရာကောင်းသည်မှာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် မပျက်ပြားစေရန် စိုးရိမ်ပူပန်စိတ် ကြောင့် မိမိတို့အကြားနားလည်မှုများရရှိပြီး ပိုမိုညီ ညွတ် လာခဲ့ကြပါကြောင်း၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ ကြောင့် မိမိတို့အားလုံး နိုင်ငံရေးရင့် ကျက်မှုရရှိလာခဲ့ပါ ကြောင်း။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)မှ အစပြုလိုက်သည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို အကောင်အထည်ဖော်သည့်နေရာ၌ အခက်အခဲ များ ကြုံတွေ့လာရချိန်တွင် မိမိတို့အားလုံး၏ စိတ်ရင်း အမှန်၊ ခံယူချက်အမှန်များ အထင်အရှားထွက်ပေါ်လာခဲ့ပါကြောင်း၊ ဝမ်းမြောက်ဖွယ်ရာကောင်းသည်မှာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် မပျက်ပြားစေရန် စိုးရိမ်ပူပန်စိတ် ကြောင့် မိမိတို့အကြားနားလည်မှုများရရှိပြီး ပိုမိုညီ ညွတ် လာခဲ့ကြပါကြောင်း၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ ကြောင့် မိမိတို့အားလုံး နိုင်ငံရေးရင့် ကျက်မှုရရှိလာခဲ့ပါ ကြောင်း။
စိန်ခေါ်မှုများကြားမှ အခွင့်အလမ်းများရယူ
မိမိတို့ ဘုံပိုင်ဆိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလမ်းကြောင်းမှန်မှ သွေဖည်သွားစေရန်၊ ပျက်ပြားသွားစေရန်၊ ကြန့်ကြာစေရန် လုပ်ဆောင်နေသူများလည်း ရှိနေမည်ဖြစ် ပါကြောင်း၊ သို့သော် မိမိတို့အချင်းချင်းအကြားတွင် ယုံကြည်မှုများပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ပြီဖြစ် သည့်အတွက် အောင်မြင်မည်ဆိုသည်ကို အခိုင်အမာ ယုံကြည်ပါကြောင်း၊ မည်သည့်လုပ်ငန်းစဉ်မဆိုအခက်အခဲ၊ အတားအဆီးများရှိမြဲဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ထိုအခက်အခဲများကြောင့် ပို၍ကျောချင်းကပ်လာခဲ့ကြပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တန်ဖိုးထား မှုများ ကြောင့် စိတ်ရှည်သည်းခံမှုနှင့် စာနာနားလည်မှုများဖြစ်ပေါ် လာခဲ့ပါကြောင်း၊ တွေ့ကြုံခဲ့ရသည့် အခက် အခဲများကြောင့် ယုံကြည်မှုတည်ဆောက်ရေးကို တိုး၍ ခိုင်မာလာစေပြီးစိန်ခေါ်မှုများကြားမှ အခွင့်အလမ်း များရယူနိုင်သည့် အတွေ့အကြုံတစ်ရပ်လည်းရရှိလာပါကြောင်း။
ယနေ့ ဆွေးနွေးပွဲသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးနောက်ပိုင်း ရှစ်ကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်ပါကြောင်း၊ ရှစ်လတာ ကာလအတွင်း ရှစ်ကြိမ်မြောက်တွေ့ဆုံခဲ့ခြင်းမှာ အနည်းဆုံး တစ်လတစ်ကြိမ် တွေ့ဆုံမှုရှိနေသည်ဟု ပြောနိုင်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရာတွင် မည်သို့ဆက်၍ ဆောင်ရွက်ကြမည်ဆို သည်ကို အလေးပေး ဆွေးနွေးကြမည်ဖြစ်ပါကြောင်း။
အစိုးရဘက်မှကမ်းလှမ်းထား
ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်ပြုလုပ်ခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘောအစည်းအဝေးတွင် အစိုးရဘက်မှကမ်းလှမ်းထားသည့် တစ်ချိန်တည်း တစ်ပြိုင်တည်း လျှောက်လှမ်းရမည့် လမ်းကြောင်းလေးခု အပေါ်တွင်လည်း RCSS ၏သဘောထားများထည့်သွင်း ဆွေးနွေးပေးရန် မျှော်လင့်ပါကြောင်း၊ ထို့အတူ RCSS နှင့် အစိုးရအကြား နှစ်ဖက်ပူးတွဲလုပ်ကိုင်ဆောင်ရွက်နိုင် မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံး နှင့် ပတ်သက်သည့်ကိစ္စများအပြင် တစ်ဖွဲ့ချင်းဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်နေသည့်အတွက် ယနေ့ဆွေးနွေးပွဲ သည် အရေးကြီးပါကြောင်း။
ယခုဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေး ကြရန်၊ အခက်အခဲများရှိပါက ဝိုင်းဝန်းအဖြေရှာပေးကြရန်၊ တစ်ဖွဲ့ချင်း ကိစ္စရပ်များအပြင် အဖွဲ့အားလုံးအတွက် အကြံပြုထားသည့်နည်းလမ်းများကိုလည်း ဆွေးနွေးပေး ကြရန် ပြောကြားလိုပါကြောင်း၊ အစိုးရဘက်က ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်း လင်းပြော ကြားစေလို ပါကြောင်း ပြောကြားသည်။
ပြန်လည်သုံးသပ်
ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် စဝ်ဘောင်ခေးက ယနေ့ဆွေးနွေးပွဲသည် မတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် NRPC-RCSS ဆွေးနွေးပွဲ၏ အဆက်ဖြစ်ပြီး ယခင်အစည်းအဝေး၏ သဘောထားစုစည်းချက်များအပေါ်တွင် မည်မျှအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို ပြန်လည် သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် မတ် ၁၁ ရက် တွင် ကျင်းပသည့် အစည်းအဝေးသဘောထားမှတ်ချက်အတိုင်း ဖမ်းဆီးခံထားရသည့် RCSS အဖွဲ့ဝင်(၃၀)ကို ပြန်လည်လွှတ်ပေးခဲ့သည့်အတွက် နိုင်ငံတော်အစိုးရအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍အားလုံးအတွက် အဆင်ပြေအောင် ပြီးခဲ့သည့် ငါးလတာကာလအတွင်း နှစ်ဦးနှစ်ဖက် ကြိုးပမ်းဆောင်ရွက်နေခြင်းမှာ ကောင်းမွန်သည့်ချဉ်းကပ်မှု ဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် (၂၁) ရာစုပင်လုံညီလာခံ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ တရားဝင် ကျင်းပနိုင်ရေးကိစ္စရပ်များကို အပြန်အလှန်အကျေအလည် ဆွေးနွေးပြီး ငြိမ်းချမ်းရေးရှေ့ခရီးအတွက် ညှိနှိုင်း ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးသဘောတူညီချက် မရသေးခင် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ဆောင် ရွက်နေသော ကြားကာလတွင် သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုအတွက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်သွားကြရ မည်ဖြစ်သည့် အတွက် ယနေ့အစည်း အဝေးတွင် ဆွေးနွေးသွားကြရမည်ဖြစ်ပါကြောင်း။
၂၀၂၀ပြည့်နှစ်မတိုင်မီနှင့် ၂၀၂၀ပြည့်နှစ်အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ဖက်ဒရယ်တည် ဆောက်ရေးလမ်းစဉ်များကို တိကျသည့် အစီအစဉ် အချိန်ဇယား ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ မိမိတို့လိုလားသည့် ဖက်ဒရယ် ပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွား နိုင်မည်ဖြစ် ပါကြောင်း ပြောကြားသည်။
၂၀၂၀ပြည့်နှစ်မတိုင်မီနှင့် ၂၀၂၀ပြည့်နှစ်အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ဖက်ဒရယ်တည် ဆောက်ရေးလမ်းစဉ်များကို တိကျသည့် အစီအစဉ် အချိန်ဇယား ချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ မိမိတို့လိုလားသည့် ဖက်ဒရယ် ပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွား နိုင်မည်ဖြစ် ပါကြောင်း ပြောကြားသည်။
ဆောင်ရွက်ချက်များကို ရှင်းလင်း
ယင်းနောက် တာဝန်ရှိသူများက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေး ဆိုင်ရာဆောင်ရွက်ချက်များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက် ချက်များကို ရှင်းလင်းကြသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကိစ္စ၊ တရားဝင် ဆွေးနွေးပွဲများကျင်းပနိုင်ရေးကိစ္စ၊ ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အကြိမ်အစည်းအဝေးကျင်းပနိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးကိစ္စများဖြစ်သည့် မုံးထ ဒေသနှင့် နမ့်ပန်ခွန်ဒေသမြောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိစ္စ၊ စာသင်ကျောင်းများနှင့် ကျေးလက်ဆေးပေးခန်း များ ဆောက်လုပ်ရေး လုပ်ငန်းကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကိစ္စနှင့် အကျဉ်းကျနေသည့် RCSS တပ်ဖွဲ့ဝင် များ ပြန်လည်လွတ်မြောက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။
ဆက်လက်၍ နှစ်ဖက် သဘောထားစုစည်းချက်များ ရယူခြင်းကိုဆောင်ရွက်ကြသည်။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် စဝ်ဘောင်ခေးက ယနေ့အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ပွင့်လင်း ရင်းနှီး စွာ ဆွေးနွေးနိုင်ခဲ့ပြီး နှစ်ဦးနှစ်ဖက်ကြားတွင် နားလည်မှု၊ ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် တန်းတူ ညီမှုများ ပိုမိုရရှိခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် သဘော ထားချမှတ်နိုင်ခဲ့ပါကြောင်း။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် အစိုးရ၏ အဆိုပြုချက်(၄)ရပ်ကို ဆွေးနွေး၍ ရှေ့ခရီးတွင် မည်သည့်အရာများကို လုပ်ဆောင်သင့်သည်ကို ညှိနှိုင်းနိုင် ခဲ့ပြီး ထိုအဆိုပြုချက်(၄)ချက်ကို EAO အစုအဖွဲ့အတွင်း ဆက်လက်ဆွေးနွေးသွားရန် ရှိပါကြောင်း၊ ယနေ့ဆွေးနွေး ပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အပြုသဘော ဆောင်သော ထိုက်သင့်သည့်ရလဒ်များကို ရရှိခဲ့ပါကြောင်း ပြောကြား သည်။
ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယနေ့ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ရှစ်ချက် ရရှိပါကြောင်း၊ အဆိုပါ ရှစ်ချက်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သည့်အချက်များ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုကိစ္စများကို အခြေခံရရှိလာသည့် အသီးအပွင့်များ ဖြစ်ပြီး မိမိတို့ပြည်သူများအားလုံး ခံစားကြရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့၏ဆွေးနွေးချက်များသည် တိုင်းရင်းသား ပြည်သူများနှင့် သက်ဆိုင်ရာဒေသရှိ ပြည်သူများ၏ အကျိုး စီးပွားကိုဖော်ဆောင်နိုင်သည့်အတွက် များစွာပီတိဖြစ်ရပါ ကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်ဖက်အနေဖြင့် ယခုဆွေးနွေးပွဲကို နမူနာယူ၍ ရှေ့ဆက်ပြီးတစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေး ကြမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယနေ့ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ရှစ်ချက် ရရှိပါကြောင်း၊ အဆိုပါ ရှစ်ချက်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သည့်အချက်များ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုကိစ္စများကို အခြေခံရရှိလာသည့် အသီးအပွင့်များ ဖြစ်ပြီး မိမိတို့ပြည်သူများအားလုံး ခံစားကြရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့၏ဆွေးနွေးချက်များသည် တိုင်းရင်းသား ပြည်သူများနှင့် သက်ဆိုင်ရာဒေသရှိ ပြည်သူများ၏ အကျိုး စီးပွားကိုဖော်ဆောင်နိုင်သည့်အတွက် များစွာပီတိဖြစ်ရပါ ကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်ဖက်အနေဖြင့် ယခုဆွေးနွေးပွဲကို နမူနာယူ၍ ရှေ့ဆက်ပြီးတစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေး ကြမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး (၂)ဦးစိုင်းငင်းတို့က ယနေ့ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားကြ သည်။
သဘောထားစုစည်းချက် ရှစ်ချက်ရရှိ
သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ NRPC နှင့် RCSS ဆွေးနွေးပွဲမှာ အလွတ်သဘောဆွေးနွေးပွဲများ အပါအဝင် ရှစ်လအတွင်း ရှစ်ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ယခု ရှစ်ကြိမ်မြောက် အစည်းအဝေးတွင် အဓိကအားဖြင့် သဘောထားစုစည်းချက် ရှစ်ချက်ရရှိပါကြောင်း၊ မိမိတို့ ဆွေးနွေးခြင်းများတွင် အဓိကအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ် များ အပိုင်း(၁)ကို ဆွေးနွေးပါ ကြောင်း၊ အဓိက အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စကို ဆွေးနွေးပါကြောင်း၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရန် ဆွေးနွေးပါကြောင်း၊ ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စအပေါ် သဘောထားများ ကို ဆွေးနွေးပါ ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ဒေသဖွံ့ဖြိုး ရေးကိစ္စများကို ဆွေးနွေးပါကြောင်း၊ အထူးသဖြင့် မုန်းထော်ဒေ သဖွံ့ဖြိုးရေးကိစ္စ၊ နမ့်ပန်ခွန်(မြောက်ခြမ်း) ဖွံ့ဖြိုးရေးကိစ္စ၊ စာသင်ခန်းနှင့် ကျေးလက်ဆေးပေးခန်းများ ဆောက်လုပ်ရေးကိစ္စများကို ဆွေးနွေးပါကြောင်း၊ တတိယပိုင်းအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပါ ကြောင်း၊ အကျဉ်းကျခံနေရသည့် ျွဃှ တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ယနေ့ထပ်မံ တင်ပြလာသည့် အပေါ်တွင်လည်း ဆွေးနွေး ပါကြောင်း၊ ဆွေးနွေးချက်များအပေါ်တွင် ပွင့်ပွင့်လင်းလင်းရင်းရင်း နှီးနှီးဆွေးနွေးခဲ့ပါကြောင်း၊ ပြဿနာ ပြေလည်ရေးကို အားလုံးက အပြုသဘောဆောင်၍ ဆွေးနွေးကြသည့် အတွက် ယနေ့ဆွေးနွေးပွဲသည် အောင်မြင်သည်ဟု ပြောရ မည်ဖြစ်ပါကြောင်း။
အထူးသဖြင့် Time Line မှအစ အကြမ်းဖျင်း လျာထားချက်များကို ဆွေးနွေးပါကြောင်း၊ ယနေ့ဆွေးနွေး ပွဲမှ ရလဒ်သည် RCSS နှင့် NRPC အကြားမှ စုစည်း ချက်များ ဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် RCSS မှ လည်း EAO များနှင့် ဆက်၍ဆွေးနွေးရမည်ဖြစ်ပါ ကြောင်း။
အထူးသဖြင့် Time Line မှအစ အကြမ်းဖျင်း လျာထားချက်များကို ဆွေးနွေးပါကြောင်း၊ ယနေ့ဆွေးနွေး ပွဲမှ ရလဒ်သည် RCSS နှင့် NRPC အကြားမှ စုစည်း ချက်များ ဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် RCSS မှ လည်း EAO များနှင့် ဆက်၍ဆွေးနွေးရမည်ဖြစ်ပါ ကြောင်း။
အဆိုပြုသဘောတူထား
NCA အကောင်အထည်ဖော်မှုများနှင့် ပတ်သက်ပြီး မိမိတို့နားလည်မှုများနှင့် ပြေလည်မှုများရအောင် အကြောင်း အရာများစွာ ပါရှိပါကြောင်း၊ Federal Principle များအား ညီလာခံတွင် မည်သည့် Federal Principle များရအောင်လုပ်မည်ဆိုသည်ကို ၂၀၂၀ ပြည့်နှစ်မတိုင်ခင်ဖြစ်စေ၊ နှစ်ဆန်းပိုင်းတွင်ဖြစ်စေ မိမိတို့ လုပ်ဆောင် မည်ဟု ရည်မှန်းပါကြောင်း၊ သို့သော်လည်း ယင်းကို ပြန်လည်အတည်ပြုမည်ဖြစ်ပါကြောင်း၊ ညီလာခံ တွင် ဒီမိုကရေစီဖက်ဒရယ်အခြေခံမူများ မည်သည့် အရာများ ရအောင်ဆောင်ရွက်မည်ဆိုသည်ကို လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှာ ၂၀၂၀ ပြည့်နှစ် မတိုင်ခင်နှင့် ၂၀၂၀ ပြည့်နှစ် အလွန်တွင် ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ အဆင့်လိုက်သွားရမည့်ကိစ္စရပ်များ ကို မိမိတို့ဘက်က အဆိုပြုသဘောတူထားပါကြောင်း၊ နောက်ဆုံးအချက်မှာ ဖွံ့ဖြိုးရေးဖြစ်ပါကြောင်း။
အထူးသဖြင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးရရှိသွားသည့် နယ်မြေဒေသများမှာ သိသိသာသာဖွံ့ဖြိုးရေးကို လိုပါ ကြောင်း၊ ဒေသခံပြည်သူများ ငြိမ်းချမ်းရေးအကျိုး တရားရရှိခံစားစေရေးကို မိမိတို့ အဓိကထားဆွေးနွေး ကြခြင်းဖြစ်ပါကြောင်း၊ ယင်းကိုလည်း EAOs (၁၀) ဖွဲ့လုံးနှင့် အဆိုပြုထားမည်ဖြစ်ပြီး ဆောင်ရွက်ရန် လမ်းကြောင်း လေးခုရှိပါကြောင်း၊ တစ်ခုပြီး တစ်ခုမဟုတ်ဘဲ တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်သွားရန်ဖြစ်ပါ ကြောင်းပြောကြားသည်။
သဘောတူညီချက်ရ
အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဦးစိုင်းငင်းက "နံပါတ် ၁ အချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတာကို ရှေ့ခရီးမှာ ဘယ်လိုလုပ်ကြမယ်။ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံကိစ္စရယ်။ နောက်ပြီး တရားဝင် ဆွေးနွေးပွဲကိစ္စကို ဘယ်လိုလုပ်ကြမလဲ။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲကိစ္စတွေကို ဆွေးနွေးပါတယ်။ ကျွန်တော်တို့ နယ်မြေမှာ ရှိနေတဲ့ လူထုတွေအတွက် ဒေသဖွံ့ဖြိုး ရေးကိစ္စတွေ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ ကျွန်တော်တို့ ဘက်က လက်ကျန် အကျဉ်းသားကိစ္စတွေကို ကျွန်တော်တို့ သဘောတူညီချက်ရခဲ့ပါတယ်။
"ဒီအစည်းအဝေးကတော့ ကျွန်တော်တို့ နှစ်ဦး နှစ်ဖက်ကြားမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ အသိ အမှတ်ပြုမှုတွေ၊ တန်းတူညီမှုတွေကို ပိုမိုတည်ဆောက်နိုင်ခဲ့ တယ်။ ကောင်းမွန်တာတွေ ရတယ်လို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်။ ၂၁ ရာစုပင်လုံကတော့ ဒီနှစ်အတွင်းမှာ ဒီဇင်ဘာလလား ဒါမှမဟုတ် နှစ်ဆန်း ဇန်နဝါရီ လပိုင်း လောက်မှာတော့ ကျင်းပလိုတဲ့ အနေအထားရှိပါတယ်။
"ကျွန်တော်တို့က အမျိုးသားအဆင့်ဆွေးနွေးပွဲ လုပ်တယ်ဆိုတဲ့နေရာမှာ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ SOP တွေရှိပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့က ဆက်လက်သွားဖို့ရှိပါတယ်။ တချို့နားလည်မှုလွဲနေ တာတွေကို ပြန်ညှိရမယ့်အပိုင်းလေးရှိပါတယ်။ ဆက်လက် ကျင်းပဖို့ လမ်းပွင့်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်"ဟု ပြောကြား သည်။
ယုံကြည်မှုများ ပိုမိုတည်ဆောက်
ဆက်လက်၍ ဦးဇော်ဌေးက အနှစ်ချုပ်ပြောရမည် ဆိုပါက ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က ရန်ကုန်မြို့တွင် KNU နှင့် အလွတ်သဘောတွေ့ခဲ့သလို ကျန်သည့် NCA လက်မှတ်ထိုးထားသည့်အဖွဲ့က ခေါင်းဆောင်များနှင့်လည်း မိမိတို့တွေ့ဆုံခဲ့ပါကြောင်း၊ ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးပြီးသည့် နောက်ရှစ်လခန့်အထိ အစည်း အဝေးများ မစတင်နိုင်ပါကြောင်း၊ ၎င်းမှာ နိုင်ငံတကာငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ဖြစ်လေ့ဖြစ်ထရှိပြီး အတက် အကျရှိပါ ကြောင်း၊ ယင်းမှာ နှစ်ဖက်စိတ်ရှည်သည်းခံပြီး ဆောင်ရွက် ရသည့် ကိစ္စများဖြစ်ပါကြောင်း၊ မကြာခင် မှာလည်း မိမိတို့ တရားဝင်နိုင်ငံရေးအစည်းအဝေးများ အမြန်ဆုံးစတင် နိုင်ရန် အားလုံးက ကြိုးစား နေကြသည့် အတွက် အားရပါ ကြောင်း၊ နိုင်ငံရေးအရဖြေရှင်းကြသည့် နိုင်ငံရေးဆွေးနွေး ပွဲများမှာ များစွာအခက်အခဲရှိပြီး ကျော်ဖြတ်ရမည့် ကိစ္စများရှိပါကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ယခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုး တစ်ခါမျှမရှိခဲ့ပါကြောင်း၊ နိုင်ငံရေးပြဿနာများကို ယခုလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း စားပွဲဝိုင်းတွင် စတင်ဖြေရှင်းသည့် ယဉ်ကျေးမှုမှာ ယခုရောက် နေပြီဖြစ်ပါကြောင်း၊ တွေ့ကြုံလာသည့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းသည့်အခါ ယုံကြည်မှုများ ပိုမိုတည်ဆောက် နိုင်ပါကြောင်း၊ အထူးသဖြင့် (RCSS) နှင့်ကျန်သည့်ကြား ကာလတွင် အလွတ်သဘောတွေ့ဆုံခဲ့သည့် အဖွဲ့များသည် များစွာနားလည်မှုနှင့် ယုံကြည်မှုရှိလာပါကြောင်း၊ တစ်ချိန် တည်းမှာ ရပ်ဆိုင်းနေသည့် အစည်းအဝေးများ စတင် နိုင်ရန် အလားအလာများစွာ ကောင်းသည်ဟု နိဂုံးချုပ် ပြောကြားလိုကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယ ဝန်ကြီးဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင် ခေး၊ ဦးစိုင်းငင်း၊ ဦးအောင်မြ၊ ဦးဆောင်းဟန်၊ ဦးစိုင်းဟန်၊ ဦးစိုင်းဦး၊ ဦးဒေဝိန်၊ ဦးစင်းသျှဲန်မိုင်တို့ တက်ရောက် ကြသည်။
မျိုးမြင့်၊ မျိုးသူဟိန်း(သတင်းစဉ်)
No comments:
Post a Comment