ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်း အမှတ်စဉ်(၁) သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ် စဉ်(၁)၌ တက်ရောက်နေသော သင်တန်းသား သင်တန်းသူများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ သည်။(ယာပုံ)
အမြဲတမ်းလေ့လာသင်ယူ
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာ သိနား လည်မှု သင်တန်းသည် ခေတ်ကာလအလျောက် ပေါ်ပေါက်လာသည့် သင်တန်းဖြစ်ကြောင်း၊ လက်ရှိဖြစ် ပေါ်နေ သည့် အခြေအနေများကို ပိုမိုသိရှိနားလည်ပြီး ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ ပြောင်းလဲနေသည့် ပတ်ဝန်းကျင် အနေအထားနှင့် အဆင်ပြေလိုက်လျော ညီထွေဖြစ်အောင် အကောင်းဆုံးမလုပ်နိုင်ပါက ရှင်သန်နိုင်မည်၊ ရပ်တည်နိုင်မည် မဟုတ် သည့်အတွက် အမြဲတမ်းလေ့ လာသင် ယူကြရ မည်ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေးဦးစီးဌာန များက ဆောင်ရွက်နေသည့် လူထုအခြေပြု ဗဟိုဌာနများ အောင်မြင်အောင် အကောင် အထည်ဖော်ရန်နှင့် အကျိုးရှိရှိ အသုံးပြု သွားရန် လိုအပ်ကြောင်း၊ လူထုအခြေပြု ဗဟိုဌာနများတွင် ပြည်သူ့စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ ဆောင်ရွက် နေကြောင်း၊ ထို့ပြင် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့် အရေးပါသည့် ကိစ္စရပ်များအပြင် အခြား ကိစ္စရပ်များကိုလည်း လူထုအခြေပြု ဗဟိုဌာန၌ လာရောက်ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်အောင် စီစဉ်ဆောင် ရွက်ပေးရ မည် ဖြစ်ကြောင်း။
ရှင်းလင်းတင်ပြ
သတင်းရေးသားရာတွင် အကြောင်း အရာ၊ အချက်အလက် မှန်ကန်ရန်လိုအပ် ကြောင်း၊ စာနယ်ဇင်း ကျင့်ဝတ် (သို့မဟုတ်) စာနယ်ဇင်းသမားကောင်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ် များကို လိုက်နာရန်လိုအပ်ကြောင်း၊ ယခုအခါ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်းကို သင်ကြား ပို့ချပေးရခြင်းမှာ သတင်းများတွင်ပါဝင်သည့် အချက်အလက်များကို သေချာစွာ ခွဲခြမ်း စိတ်ဖြာပြီး စိစစ်အတည်ပြု ချင့်ချိန်ယုံကြည် တတ်ရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ အနှစ် သာရတစ်ခုဖြစ်သော ပြည်သူကိုကိုယ်စားပြု သည့်စနစ်ကို ပြသသော ရွေးကောက်ပွဲကို ပြည့်ပြည့်ဝ၀ မှန်မှန်ကန်ကန်ဖြစ်စေရန်နှင့် အများပြည်သူက စိတ်ပါဝင်စားပြီး ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက် တတ်လာစေရန်လည်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေး ဦးစီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများမှ သတင်းပေးပို့မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ပြည်သူ့ စကားဝိုင်းများ၊ စာဖတ်ဝိုင်းများနှင့် လူထု အခြေပြုဗဟိုဌာနများတွင် လှုပ်ရှားဆောင်ရွက် နိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် သင်တန်းသားများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူထုအခြေပြုဗဟိုဌာနများကို အခြေပြုပြီး ဆောင်ရွက်နေသည့် လှုပ်ရှားမှုများ၊ ပြည်သူ့စကားဝိုင်းများ၊ ကျေးလက်စကားဝိုင်းများ၊ စာဖတ် ဝိုင်းများ ကျင်းပပေးနေမှုနှင့် လုပ်ငန်း အခက်အခဲများကို တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်တို့က အခြားသော ဌာနဆိုင်ရာများနှင့် ပိုမိုချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်တို့က အခြားသော ဌာနဆိုင်ရာများနှင့် ပိုမိုချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
တက်ရောက်
အဆိုပါ မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းကို ဇူလိုင် ၈ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သှူဆက်ဆံရေးဦးစီး ဌာနရုံးချုပ် သင်တန်းကျောင်း(ဒက္ခိဏ)၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး တိုင်းဒေသ ကြီး၊ ပြည်နယ် ပြန်/ဆက်ရုံးများမှ လက်ထောက်òန်ကြားရေးမှူး ၁၉ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment