Thursday, July 4, 2019

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူမြန်မာနိုင်ငံသားများအား ဆက်လက်လက်ခံ
Image may contain: 13 people, people smiling, people standing
နေပြည်တော် ဇူလိုင် ၃
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသားများအား တတိယနေ့ပြန်လည်လက်ခံရေးအစီ အစဉ်ကို ဇူလိုင် ၃ ရက်တွင် အုန်းပြန်ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ ၁၄ ဦးနှင့် မယ်လဒုက္ခသည်စခန်းမှ ၉၄ ဦး၊ မယ်လအုန်းဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ ၁၁ ဦး တို့အား မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်း၌ မြန်မာဘက်မှ တာဝန် ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ပြန်လည်လက်ခံရေးအစီအစဉ်သို့ ကရင် ပြည်နယ်အစိုးရအဖွဲ့ ၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့၏ လက်ခံရေးကော်မတီဝင်များ၊ ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးမှ သံမှူးကြီး ဦးအောင်ကျော်သူရနှင့် မြန်မာသံရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား များအား စတုတ္ထအကြိမ် ပြန်လည် လက်ခံရေးလုပ်ငန်းဆောင်ရွက်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ နိုင်ငံသားစိစစ်ပြီးသူ စုစုပေါင်း ၃၁၀ အား သတ်မှတ်ထားသည့် နှစ်နိုင်ငံ နယ် စပ်ဂိတ် များမှတစ်ဆင့် အဆင်ပြေချောမွေ့ စွာ လက်ခံ ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment