Friday, July 5, 2019

သမ္မတထရန့်၏ တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို အမေရိကန် အစိုးရအရာရှိဟောင်းများ ရှုတ်ချ
Image may contain: 2 people, people smiling
ဝါရှင်တန် ဇူလိုင် ၄
တရုတ်နိုင်ငံအပေါ် ကျင့်သုံးသည့် သမ္မတထရန့်၏ မူဝါဒ နှင့်ပတ်သက်ပြီး အမေရိကန်ပညာရှင်များ အပါအဝင် အစိုးရအဖွဲ့ထိပ်တန်းအရာရှိဟောင်းများက ဆန့်ကျင်သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို လက်မှတ်ရေးထိုးကာ သမ္မတထရန့်ထံ ပေးပို့ခဲ့ကြောင်း သိရသည်။
'တရုတ်နိုင်ငံသည် ရန်သူမဟုတ်'ဟု ခေါင်းစဉ် ပေးထားသည့် အဆိုပါပေးစာကို ဇူလိုင် ၃ ရက်က သည်ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြခဲ့သည်။
ယင်းပေးစာကို တရုတ်နိုင်ငံရေးရာအထူးပြု ကျွမ်းကျင်ပညာရှင်များနှင့် တရုတ်နိုင်ငံအပေါ် ကျင့်သုံး သည့် အမေရိကန်၏ မူဝါဒဆိုင်ရာ အစိုးရအဆင့်မြင့် အရာရှိဟောင်း ၁၀ဝ ခန့်က လက်မှတ်ရေးထိုးခဲ့ကြ သည်။
ဝါရှင်တန်၏ ပေကျင်းအပေါ်ထားရှိသော ပဋိပက္ခ ဆန်သောသဘောထားသည် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို တန်ဖိုးထားသော တရုတ်တာဝန်ရှိသူ များ၏ သြဇာလွှမ်းမိုးမှုကို ထိခိုက်စေသည့်အပြင် က္ဘာ့ နိုင်ငံများ၏ စီးပွားရေးဆိုင်ရာ အကျိုးရလဒ် ဖြစ်ထွန်းမှုကိုပါ လျော့ကျစေသည်ဟု အဆိုပါပေးစာထဲတွင် ရေးသားထား သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မဟာမိတ်နိုင်ငံ များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် ရာတွင် တရုတ်နိုင်ငံကိုပါ ပါဝင်ဆောင်ရွက်ခွင့်ပေးသင့် သည်ဟု ယင်းပေးစာတွင် ဖော်ပြသည်။
အမေရိကန်အစိုးရအဖွဲ့က တရုတ်တယ်လီကွန်ကုမ္ပဏီ ဟွာဝေး၏ထုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင် ခဲ့ပြီးနောက် ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများ မြင့်တက်ခဲ့သည့် အချိန်ကတည်းက အဆိုပါပေးစာ ရေးသားခြင်းကို စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ အမေရိကန်အစိုးရအဖွဲ့ ကျင့်သုံးလျက်ရှိသည့် ပေကျင်းအပေါ်ထားရှိသော မူဝါဒကို အမေရိကန်ပြည်သူ များက ကြိုက်နှစ်သက်မှုမရှိကြောင်း သိသာပေါ်လွင် စေရန် ရည်ရွယ်ပြီး ယင်းပေးစာကို ရေးသားခဲ့ခြင်းဖြစ်သည် ဟု လွန်ခဲ့သောနှစ် ဇူလိုင်လအထိ အမေရိကန်ယာယီ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဆူဆန် သွန်ရန်တန်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရက်တစ် သမ္မတ အဆက်ဆက်လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ထိပ်တန်းအရာရှိကြီးများကလည်း အဆိုပါပေးစာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment