Thursday, July 4, 2019

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၂) ကြိမ်မြောက် အစည်းအဝေး ကျင်းပ
Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃
တည်ဆဲလယ်ယာမြေဆိုင်ရာ ဥပဒေများနှင့်အညီ တောင်သူလယ်သမားတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ အပြည့်အဝရရှိစေရေး၊ မြေယာများ အသုံးပြုရာတွင် ရေးဆွဲချမှတ်ထားသည့် စီမံကိန်း ရည်မှန်းချက်ပါအတိုင်း စနစ်တကျ ဖော်ထုတ်အသုံးချ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
အကျိုးခံစားခွင့်များ ပြည့်ဝစွာ ခံစားနိုင်ကြမည်ဖြစ်
ဆက်လက်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၏ လိုအပ်ချက်များကို လွှတ်တော်အသီးသီး၌ ပြင်ဆင်ရေးဆွဲ လျက်ရှိရာပြင်ဆင်သည့်ဥပဒေ မပြဋ္ဌာန်းနိုင်သေးမီကာလ အတွင်း တည်ဆဲလယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ဥပဒေနှင့်ညီညွတ်သည့် òန်ကြားချက် များ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့မှသာ တည်ဆဲဥပဒေနှင့်အညီ လိုက်နာရမည့် စည်းကမ်း ချက်များ လိုက်နာဆောင်ရွက်နိုင်ကြမည်ဖြစ်သကဲ့သို့ တစ်ဖက် တွင်လည်း ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များ ပြည့်ဝစွာ ခံစားနိုင်ကြမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့၏ (၂၂) ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ထိုကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။
တက်ရောက်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၂) ကြိမ်မြောက် အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိ ယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့်အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် အတွင်းရေးမှူး ဦးသက်နိုင်ဦး က လယ်ယာမြေအခြားနည်း ခွင့်ပြုမိန့်ရရှိပြီးသော ကိစ္စအပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အစည်းအဝေးက ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များ အား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။
ဆွေးနွေး
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် နိုင်ငံတော် စီမံကိန်းလုပ်ငန်းများ၌ ပါဝင်ခဲ့သည့် လယ်မြေ၊ ယာမြေများ အတွက် နစ်နာကြေးလျော်ကြေးနှင့် သီးနှံလျော်ကြေး ဆိုင်ရာများ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့များက စိစစ်ထောက်ခံပေးပို့လာသည့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့်လုပ်ငန်းများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိ သူများ၏ ဖော်ထုတ်စိုက်ပျိုးမှုကြောင့် စိုက်ပျိုးမှုတည်ငြိမ် နေသောမြေများအား လယ်ယာမြေဥပဒေပုဒ်မ (၃၄) အရ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပေးခြင်းလုပ်ငန်းများ၊ လယ်ယာမြေဥပဒေပုဒ်မ ၂၈ (က) အရ မူလစိုက်ပျိုး လျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုး အစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန် လုပ်ငန်းကိစ္စရပ် များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment