Thursday, July 4, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် ဇူလိုင် ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မကြာမီက စတင်တာဝန်ထမ်းဆောင်သည့် မစ္စတာ ချန်းဟိုင်အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း မူဘောင်အောက်မှ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်း အမှတ် အခမ်းအနားများ ပူးတွဲကျင်းပရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တို့တွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် တရုတ် နိုင်ငံမှ အပြုသဘော ဆက်လက်အကူအညီပေးအပ်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment