ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေး၊ ဒေသတွင်းငြိမ်းချမ်းရေး၊
ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အာရှဗုဒ္ဓ ဘာသာအသင်းချုပ်ရုံး ဖွင့်လှစ်
ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် အာရှဗုဒ္ဓ ဘာသာအသင်းချုပ်ရုံး ဖွင့်လှစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း(ဗဟို)က ကြီးမှူး၍ နိုင်ငံ ပေါင်း ၁၂ နိုင်ငံပါဝင်သော အာရှ ဗုဒ္ဓဘာသာအသင်းချုပ်ရုံး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ဇမ္ဗူသီရိဗိမာန်၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ထိုင်းနိုင်ငံ မဟာ ချူလာလောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အမှူးပြုသော သင်ကြားစီမံ ဆရာတော်များ၊ ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရ၊ ထေရဝါ ဒဗုဒ္ဓ သာသနာပြု သြဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုမာရ၊ ဒုတိယ ကျိုက်ထီးဆောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ အမှူးပြု သော ဆရာတော်၊ သံဃာ တော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ နုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏ ကျော်ထင် ဒေါက်တာခင်ရွှေနှင့် ကော်မတီဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ ထိုင်း၊ ကမ္ဘေားဒီးယား၊ လာအို၊ သီရိလင်္ကာ၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ ကိုရီးယား၊ အင်ဒိုနီးရှားစသည့် နိုင်ငံ များမှ ဗုဒ္ဓဘာသာကိုယ်စားလှယ်များ နှင့် ဧည့်ပရိသတ်များ တက်ရောက် ကြသည်။
ဆွေးနွေး
ရှေးဦးစွာ အာရှဗုဒ္ဓဘာသာအသင်းချုပ် နာယက ထိုင်းနိုင်ငံ မဟာ ချူလာလောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်၊ ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်၊ ထိုင်းနိုင်ငံ မဟာချူလာ လောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော်နှင့် ကိုရီးယား သမ္မတနိုင်ငံမှ ကိုယ်စား လှယ် ဆရာတော်တို့က အမှာစကား များ မိန့်ကြားတော်မူကြသည်။
ထို့နောက် အသင်းချုပ်(ဗဟို)ဥက္ကဋ္ဌက INGO အဖွဲ့ဖြစ်သော အာရှဗုဒ္ဓဘာသာ အသင်းချုပ် (ABC) နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး အာရှဗုဒ္ဓဘာသာ အဖွဲ့ချုပ် ပါမောက္ခချုပ် အဖွဲ့ဝင် ၁၂ နိုင်ငံမှ ကိုယ်စားလှယ်တော်များက ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက INGO အဖွဲ့ ဖြစ်သော အာရှဗုဒ္ဓဘာသာအသင်း ချုပ် (ABC)ရုံးကို စတင်ဖွင့်လှစ် ခြင်းသည် နိုင်ငံတကာတွင် ဗုဒ္ဓ သာသနာတော် ထွန်းကားပြန့်ပွားရေး အတွက် ပထမဦးစွာလှမ်းသော မင်္ဂလာရှိသည့် ခြေလှမ်းတစ်လှမ်း ဖြစ်ပါကြောင်း၊ မတူကွဲပြားခြင်း အတွင်း ပေါင်းစည်း ညီညွတ်ခြင်း၊ Unity in Diversity သဘော တရားကို ဘာသာယုံကြည်မှု မတူသူ များအတွင်း၌ပင် လူမှုအဆောက် အအုံ ငြိမ်းချမ်းတိုးတက်ဖွံ့ဖြိုးရေး အတွက် လိုက်နာကျင့်သုံးနေသည့် ကာလ၌ ဘာသာတူအချင်းချင်း စုစည်းခြင်းသည် လွန်စွာမင်္ဂလာရှိပါ ကြောင်း၊ INGO အဖွဲ့များဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟ (ဗဟို)နှင့် ထိုင်းနိုင်ငံ မဟာချူလာ လောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ် တို့ ပူးပေါင်းပြီး အာရှနိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်များ အချင်းချင်း လက်တွဲပူးပေါင်းလျက် ဗုဒ္ဓသာသနာ တော် ထွန်းကားပြန့်ပွားရေးမှ တစ်ဆင့် လူမှုအဆောက်အအုံ ငြိမ်းချမ်း ရေး၊ ဒေသတွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို ဖော်ဆောင် နိုင်ရန်အတွက် အသင်းဖွဲ့စည်းရန် အစည်း အဝေး အကြိမ်ပေါင်းများစွာ ညှိနှိုင်းတိုင်ပင်ပြီးမှ အာရှဗုဒ္ဓဘာသာ အသင်းချုပ် (ABC)ကို INGO အဖွဲ့အဖြစ် ထူထောင်နိုင်ခြင်းသည် လောကကောင်းကျိုးကို အတူတကွ ကြိုးပမ်းအားထုတ်ကြရန် သန္နိဋ္ဌာန် စတင်သောနေ့ ဖြစ်ပါကြောင်း ဝမ်းမြောက်စကား ပြောကြားသည်။

ပေးအပ်လှူဒါန်း
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် နိုင်ငံ အသီးသီးမှ ကိုယ်စားလှယ်တော်များ အား အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment