Thursday, July 4, 2019

e-ID စနစ်လုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Image may contain: 2 people, people sitting, crowd, table and indoor
နေပြည်တော် ဇူလိုင် ၃
မြန်မာနိုင်ငံ၏ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
တက်ရောက်
အခမ်းအနားသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူ များတက် ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် e-ID Population Registry စနစ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လည်း ညှိနှိုင်းဆွေး နွေးဆောင် ရွက်ခဲ့ရာ သြစတြီးယားနိုင်ငံ OeSD မှ e-ID စနစ် တည်ဆောက်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ် များနှင့် ပတ်သက်၍ စီမံကိန်းအဆိုပြုဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစီမံကိန်းအဆိုပြု လွှာနှင့် ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့ နေချုပ်ရုံးနှင့် ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU) တို့သို့ သဘောထားမှတ်ချက် များ တောင်းခံခဲ့ပြီး ဖြစ်ပါကြောင်း။
အပိုင်း သုံးပိုင်းခွဲခြားစုစည်းထား
ထို့အပြင် e-ID စနစ် လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီများ အလိုက် စီမံကိန်းအဆိုပြုလွှာအပေါ် အကြံပြုချက်များ တောင်းခံစုစည်း ထားပြီးဖြစ်ရာ အကြံပြုချက်များနှင့်ပတ်သက်၍ စီမံခန့်ခွဲရေးဆိုင်ရာအကြံပြု ချက်၊ နည်းပညာပိုင်းဆိုင်ရာအကြံပြုချက်၊ သဘောတူစာချုပ်ဆိုင်ရာအကြံပြု ချက်များဟူ၍ အပိုင်း သုံးပိုင်းခွဲခြားစုစည်းထားပါကြောင်း၊ ယခုတက်ရောက် လာသည့် ကော်မတီဝင်များအနေဖြင့် ယင်းအကြံပြုချက် များကို ထပ်မံဖြည့်စွက် လိုသည့်အချက်များ၊ ညှိနှိုင်းဆွေးနွေးလိုသည့်အချက်များရှိပါက ဖြည့်စွက် ဆွေးနွေးပေး ကြရန်ဖြစ်ပါကြောင်း၊ သြစတြီးယားနိုင်ငံ OeSD ၏ အဆိုပြုလွှာ တွင် Unique ID ထုတ်ပေးသည့် အဆင့် အထိသာပါရှိပြီး ကတ်ထုတ်ပေးခြင်း၊ ရုံးအဆောက်အအုံနှင့် အင်တာနက်ကွန်ရက်များ၊ အုပ်ချုပ်မှုဆိုင်ရာ အထွေထွေ ကုန်ကျစရိတ်များ ပါဝင်ခြင်းမရှိသဖြင့် ကျန်ရှိသည့်ကုန်ကျမည့်ငွေများကို နိုင်ငံတော်ဘတ်ဂျက်မှ တောင်းခံသုံးစွဲရမည်ဖြစ်ပါကြောင်း ယင်းခန့်မှန်း ကုန်ကျစရိတ်များကို သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ခန့်မှန်း တွက်ချက်ပေးထားပါကြောင်း၊ OeSD ၏ အဆိုပြုလွှာအပေါ် အကြောင်း ပြန်ကြားနိုင်ရေးအတွက် စီးပွားရေး ရာကော်မတီထံ အမှာစာပေးပို့တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါ ကြောင်း၊ ယင်းကာလအတွင်း စီမံကိန်းအဆိုပြုလွှာနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးပေးကြ စေလိုကြောင်း၊ အပြီးသတ်ဆွေးနွေးအကြံပြုချက်များကို OeSD နှင့် အသေးစိတ်ပြန်လည်ညှိနှိုင်း ဆွေးနွေး သွား မည်ဖြစ်သဖြင့် တက်ရောက် လာကြသူများအနေဖြင့် OeSD ၏ အဆိုပြုလွှာအပေါ် ပွင့်ပွင့် လင်းလင်း သုံးသပ် ဆွေးနွေးအကြံပြု ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။
သုံးသပ်ဆွေးနွေး
ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ကော်မတီဝင်များက e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ၊ သြစတြီးယားနိုင်ငံ OeSD ၏ စီမံကိန်း အဆိုပြုလွှာနှင့် ပတ်သက်၍ စီမံခန့်ခွဲရေး၊ နည်းပညာပိုင်းနှင့်လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ် စသည့် အကြံပြုချက်များအပေါ် ကဏ္ဍအလိုက် သုံးသပ်တွေ့ရှိမှုများ၊ မိမိတို့နိုင်ငံ၌ အသုံးပြုမည့် e-ID စနစ်အတွက် အထောက်အကူပြုနိုင်မှုနှင့် လက်တွေ့ ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ပြည်တွင်း၊ ပြည်ပအပါအဝင် နိုင်ငံတကာ အဆင့်ဖြင့် စနစ်တစ်ခုလုံး ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများ၊ စနစ်များကို ဆက်လက်လွှဲပြောင်းထိန်းသိမ်း၍ အဆင့်မြှင့်တင်ဆောင်ရွက်မည့် အစီအစဉ်များ လုပ်ဆောင်နိုင်ရေးအခြေအနေ၊ e-ID စနစ်အကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ပြည်သူလူထုကသိရှိစေရန် အတွက် မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန် ကြေညာအသိ ပေးသွားရန်လိုအပ်မှုအခြေအနေ လုပ်ဆောင်မည့်လုပ်ငန်းများအား အသေးစိတ်စီမံချက်ရေးဆွဲ၍ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်လုပ်ဆောင် သွားမည့်အခြေအနေတို့နှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အားလုံး၏ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး OeSD မှ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ယခုလ ဒုတိယပတ်အတွင်းလာရောက်ရန်ရှိသဖြင့် လုပ်ငန်းများဆက်လက် လုပ်ဆောင်နိုင်ရန် မိမိတို့ဘက်မှ တွေ့ရှိချက်၊ အကြံပြုချက်များကို တိတိကျကျ ဆွေးနွေးနိုင်ရန် တာဝန်ရှိသူများအနေဖြင့် ကြိုတင်ပြင်ဆင် ထားကြရန်နှင့် ယခု e-ID စနစ်လုပ်ငန်းစဉ်သည် နိုင်ငံအတွက်အရေးကြီးသည့်လုပ်ငန်း တစ်ခုဖြစ်သဖြင့် e-ID စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment