Thursday, July 11, 2019

ဂျပန်နိုင်ငံ၏လူဦးရေ ၁၀ နှစ် ဆက်တိုက်ကျဆင်း
Image may contain: 2 people, crowd and outdoor
=
တိုကျို ဇူလိုင် ၁၀
ဂျပန်နိုင်ငံ၏ လူဦးရေပမာဏသည် ၁၀ နှစ်ဆက်တိုက် ကျဆင်းနေချိန်တွင် ၎င်းနိုင်ငံတွင်း၌ နေထိုင်သည့် နိုင်ငံခြားသားဦးရေသည် ဂျပန်နိုင်ငံ လူဦးရေ၏ နှစ်ရာခိုင်နှုန်းကျော်အထိ ပထမဆုံးအကြိမ် ရောက်ရှိလာကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဂျပန်နိုင်ငံ၌ လူဦးရေ ၁၂၄ ဒသမ ၇ သန်းရှိကြောင်း၊ ယင်းပမာဏသည် ၂၀၁၉ ခုနှစ်မှစ၍ လူဦးရေပမာဏ အနိမ့်ကျဆုံးဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဂျပန်နိုင်ငံ၏ ၂၀၁၉ ခုနှစ် လူဦးရေသည် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လူဦးရေ ၄၃၃၀ဝ၀ လျော့နည်းသွားပြီး ယင်းပမာဏမှာ ၁၉၆၈ ခုနှစ်မှစပြီး စစ်တမ်းကောက် ယူခဲ့ချိန်နောက်ပိုင်းတွင် ပမာဏ အကြီးမားဆုံး ကျဆင်းမှုဖြစ် သည်။
ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားမှု နှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ကလေးဦးရေ ၉၂၁၀ဝ၀ ရှိပြီး ၎င်းမှာ ၁၉၇၂ ခုနှစ်က စတင် စစ်တမ်းကောက်ယူစဉ် ကတည်းကစ၍ အနိမ့်ဆုံးဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှု ဦးရေ တစ်သန်းအောက်သို့ သုံးနှစ် ဆက်တိုက်ကျဆင်းမှု ဖြစ်ပွားခဲ့သည်။
ဂျပန်နိုင်ငံတွင် နေထိုင်ခွင့် ကတ်ပြား ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားဦးရေသည် ၂ ဒသမ ၆၆ သန်းကျော်ရှိပြီး ယင်းပမာဏ သည် လက်ရှိဂျပန်နိုင်ငံ လူဦးရေ၏ နှစ်ရာခိုင်နှုန်းကို ပထမဆုံးအကြိမ် ကျော်လွန်သွားခြင်းဖြစ်သည်။ ဂျပန် နိုင်ငံတွင်းရှိ ခရိုင်အားလုံးတွင် နိုင်ငံ ခြားသားနေထိုင်သူဦးရေ တိုးမြင့် သွားခြင်းလည်း ဖြစ်သည်။
ဂျပန်နိုင်ငံ၏ မြို့တော် တိုကျို သည် နိုင်ငံခြားသားနေထိုင်မှု အများဆုံးဖြစ်ပြီး လူဦးရေ ၅၅၀ဝ၀ဝ ရှိသည်။ ၎င်းနောက်တွင် အီချီခရိုင်၌ နိုင်ငံခြားသားဦးရေ ၂၅၀ဝ၀ဝ ခန့် နေထိုင်ပြီး အိုဆာကာ ခရိုင်တွင် နိုင်ငံခြားသားဦးရေ ၂၃၀ဝ၀ဝ နေထိုင် လျက်ရှိသည်။
အင်န်အိတ်ချ်ကေ

No comments:

Post a Comment