Thursday, July 25, 2019

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၂/၂၀၁၉) ကျင်းပ



Image may contain: 4 people, crowd and text
နေပြည်တော် ဇူလိုင် ၂၄




အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ်(UNDP)နှင့် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)တို့ ပူးပေါင်းကျင်းပသည့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
ပွင့်လင်းမြင်သာစွာ တင်ပြသွားမည်
အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီမှစတင်၍ ပြည်ထောင်စု ဝန်ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိတို့၏ စိတ်ဆန္ဒအလျောက် ထပ်မံဖွဲ့စည်းလာ သည့် ပြည်ထောင်စုဝန်ကြီးဌာနများ ရှိလာသဖြင့် ယခုအခါ ပြည်ထောင်စု ဝန်ကြီးဌာန ၁၈ ခုတွင် CPU၃၂ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ကော်မရှင် အနေဖြင့်လည်း CPU တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို ကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြ၍ နိုင်ငံတော်သမ္မတနှင့် အကြီးအကဲများ သာမက ပြည်သူလူထုတစ်ရပ်လုံးသို့ လည်း ပွင့်လင်းမြင်သာစွာ အသေးစိတ် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ CPU များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် မိမိတို့၏ ရည်မှန်းချက်တာဝန်များကို လက်တွေ့ ကျကျ အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ CPU များသည် အချို့ဝန်ကြီးဌာနများတွင် ထိထိရောက်ရောက် စတင်လှုပ်ရှား ဆောင်ရွက်နေပြီဖြစ်ပြီး ယခုဒုတိယ အကြိမ် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ တွင် CPU နည်းပညာနှင့် လက်သုံး ကိရိယာများ အသစ်တပ်ဆင်ပေးမည် ဖြစ်သဖြင့် မကြာမီတွင် ပြည်သူလူထုကို ပိုမိုကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ကြောင်း။
ယနေ့ပြုလုပ်သည့် နည်းပညာ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၂/၂၀၁၉)တွင် ဘာသာရပ်အသစ်များအနက် ကမ္ဘာ့ ဘဏ်အုပ်စု၊ မြန်မာနိုင်ငံဆိုင်ရာရုံး က CPU Toolkit အဖြစ် လွှဲပြောင်း ပေးအပ်မည့် (Proactive Benefici-ary Engagement – PBE) လုပ်ငန်း သုံး ပရိုဂရမ်တစ်ခုလည်း ပါဝင်မည်ဖြစ်ပါ ကြောင်း၊ ဤပရိုဂရမ်သည် မိမိတို့၏ လိုအပ်ချက်နှင့်အညီ အသေးစားအဂတိ လိုက်စားမှုများကို တိုက်ဖျက်ရာတွင် များစွာအသုံးဝင်လာမည် ဖြစ်ပါကြောင်း၊ ဤနည်းပညာသည်CPU အဖွဲ့ဝင်များနှင့် ဝန်ဆောင်မှုရယူသော ပြည်သူတစ်ဦး ချင်းတို့ကို တိုက်ရိုက်ချိတ်ဆက်ပေးပြီး မိမိရုံးဌာနတာဝန်ကို အလွဲသုံးစားပြုလုပ် နေသော တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကျေးရုံးမှ ဝန်ထမ်းများကို ပြုပြင်ထိန်းကျောင်း အရေးယူခြင်း ပြုနိုင် သည့် နည်းပညာဖြစ်ပါကြောင်း။
အထူးသတိ ဝီရိယရှိကြရန်
ထိရောက်သော အရေးယူဆောင် ရွက်မှုများကြောင့် အဂတိလိုက်စားမှုသည် ဘေးအန္တရာယ်ကြီးမားကြောင်း လူအများ က အသိအမှတ်ပြုလာကြပြီ ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီး ရှေ့ကိုပိုမိုရောက်လာသည်နှင့်အမျှ အဂတိလိုက်စားမှုပြုလုပ်လျှင် ဖော်ထုတ် အရေးယူခြင်းခံရမည့် ဘေးအန္တရာယ် သည် ပိုကြီးမားလာရန်သာရှိပါကြောင်း၊ ထို့ကြောင့် ပြည်သှူဝန်ထမ်းများနှင့် နိုင်ငံ့ ဝန်ထမ်းများသည် အဂတိလိုက်စားမှုဘေး အန္တရာယ်ကို မိမိအပါအဝင် မိမိဌာန အဖွဲ့အစည်းများပေါ်သို့ ကျရောက်မလာ စေရန်အတွက် အထူးသတိ ဝီရိယရှိကြရန် လိုအပ်ပါကြောင်း၊ (CPU)များ၏လုပ်ငန်းတာဝန်သည် မိမိဌာနအဖွဲ့အစည်း အား အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ် နိုင်သည့် ဘေးအ္တရာယ်များမှ ကင်းဝေး စေရန်ဖြစ်သလို အများပြည်သူအကျိုး စီးပွားကို ကာကွယ်ပေးနိုင်ရန်လည်း ဖြစ်သည့်အတွက် ဌာနအကျိုးနှင့် အများ ပြည်သူအကျိုးတို့ တစ်ထပ်တည်း ဖြစ်ပေါ် စေပါကြောင်း၊ ထို့ကြောင့်(CPU)၏ လုပ်ငန်းတာဝန်များအပေါ် ဒွိဟသံသယ ပွားမနေတော့ဘဲ တာဝန်ရှိသူများ နှင့်တကွ နိုင်ငံ့ဝန်ထမ်းများပါ (CPU)၏ ရည်မှန်းချက်များအတိုင်း စေတနာထား ပူးပေါင်း ဆောင်ရွက်ပေးသွားကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မည်
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ် (UNDP)မှ Resident Repre-sentative, Mr. Peter Batchelor က ပြည်ထောင်စုဝန်ကြီးဌာန ၁၈ ခုတွင် CPU အဖွဲ့ ၃၂ ဖွဲ့ ဖွဲ့စည်းထားနိုင်သဖြင့် အောင်မြင်နေပြီဖြစ်ကြောင်း၊ CPU အဖွဲ့များ၏ လုပ်ငန်းဆောင်တာများ ထိရောက်အောင်မြင်ရန်တွက် ကော်မရှင် နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ အဂတိလိုက်စား မှု တိုက်ဖျက်ရေးကိုနိုင်ငံရေး စိတ်ဆန္ဒ ပြင်းပြစွာ အလေးထားပြောဆိုနေမှုကို များစွာဂုဏ်ယူမိပါကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် ဦးဆောင်မှုကောင်းရန်၊ ပြည်သူများ စိတ်ဓာတ်ကောင်းရန်နှင့် အချိန်လိုအပ် ပါကြောင်း ပြောကြားသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ Anti-Corruption Programme Mana-ger, Ms. Marie Pegie Cauchois က အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာသူအားလုံးသည် ဒီမိုကရေစီစနစ် ကူးပြောင်းရာတွင် အရေးပါသည့် ကိစ္စရပ် များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအစိုးရ အားလုံးအတွက် အဂတိလိုက်စားမှုသည် ခေါင်းခဲစရာ ကိစ္စဖြစ်နေပြီး အဂတိတိုက်ဖျက်ရေးကို အလေးထား ဆောင်ရွက်နေကြကြောင်း၊ အဂတိလိုက်စားမှု ဖြစ်ပွားစေသည့် အကြောင်းအရာများကို လျော့ပါးအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ ဖော်ထုတ်ရန်အရေးကြီးကြောင်း၊ ပြည်သူ များကလည်း ပူးပေါင်းပါဝင်ရန်အရေးကြီး ပြီး ပြည်သူကို ဝန်ဆောင်မှုပေးနေသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိရန်လိုကြောင်း ပြောကြား သည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများသည် မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ရှင်းလင်းဆွေးနွေးမည်
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက်အထိ ဆက်လက်ကျင်းပ မည်ဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊UNDP ၊ UNODC နှင့်ကမ္ဘာ့ ဘဏ်တို့မှ ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားသော ပြည်ထောင်စုဝန်ကြီး ဌာန ၁၈ ခုနှင့် ကော်မရှင်ရုံးမှ သင်တန်း သား စုစုပေါင်း ၁၅၆ ဦး တက်ရောက် ကြသည်။ သတင်းစဉ်

No comments:

Post a Comment