Thursday, July 25, 2019

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် အကြမ်းဖက်မှုတို့ကို တရားစွဲဆိုဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ





Image may contain: 25 people, people smiling, people standing and indoor
နေပြည်တော် ဇူလိုင် ၂၄





အမေရိကန်နိုင်ငံတရားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးတို့ ပူးပေါင်း၍ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် အကြမ်းဖက်မှုတို့ကို တရားစွဲဆိုဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်Hilton Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံ အားလုံးနီးပါး ကြုံတွေ့နေရသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများကို အရေးယူဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် နိုင်ငံတကာနှင့်ဒေသတွင်း ကွန်ဗင်းရှင်းများတွင် ပါဝင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လိုအပ် သည့် ပြည်တွင်းဥပဒေများကို ပြဋ္ဌာန်း၍ အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ အမေရိကန်နိုင်ငံတရားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဥပဒေအရာရှိ ၂၄ ဦးပါဝင်သော နိုင်ငံဖြတ်ကျော် မှုခင်းဆိုင်ရာအဖွဲ့ကို ၂၀၁၈ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါအရာရှိများကို နိုင်ငံဖြတ်ကျော်မှုခင်းများ စုံစမ်းစစ်ဆေး ခြင်း၊ တရားစွဲဆိုခြင်းနှင့် အမှုလိုက်ပါဆောင်ရွက်ခြင်းဆိုင်ရာ များ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည့်အတွက် များစွာအကျိုး ရှိပါကြောင်း ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားစွဲနှင့် အမှုလိုက်ဌာနမှ ဒု-လက်ထောက် အတွင်းဝန်က နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးတွင် ထိရောက်အောင်မြင်ရေးအတွက် ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အဆိုပါမှုခင်းများ တိုက်ဖျက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် အမေရိကန်နိုင်ငံ နိုင်ငံတကာမူးယစ်ဆေးဝါးနှင့် တရားစွဲနှင့်အမှုလိုက် ဌာနမှ ဒု-လက်ထောက်အတွင်းဝန်Mr. Jorgank. Andrewsက အမှာစကား ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ အမေရိကန်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံMr. George Sibley နှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment