Thursday, July 25, 2019

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစု ဒုတိယအကြိမ် မိုးရာသီ တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုး



Image may contain: one or more people, people standing, sky, wedding, tree, child, outdoor and nature
နေပြည်တော် ဇူလိုင် ၂၄




ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒုတိယအကြိမ် မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ရေဆင်းဆည် ပတ်ဝန်းကျင်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
စုပေါင်းစိုက်ပျိုး
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများက သတ်မှတ်နေရာ အသီးသီးတွင် ရတနာတန်းဝင်ကျွန်း၊ ပိတောက်၊ မဟော်ဂနီပင်များနှင့် မန်ဂျန် ရှားပင်များအား တစ်အုပ်တစ်မ စုပေါင်း စိုက်ပျိုးကြသည်။
ကြည့်ရှုအားပေး
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။
စုစုပေါင်း ၁၄၆၂၈၃ ပင် စိုက်ပျိုးခဲ့
ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၁၉ ခုနှစ် ဒုတိယ အကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်း ပင် ၃၃၀၊ ပိတောက် ၁၂၁၅ ပင်၊ မဟော်ဂနီ ၁၈၂၃ ပင်နှင့် မန်ဂျန်ရှား ၁၁၃၂ ပင် စုစုပေါင်းပျိုးပင် ၄၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟ စနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအထိ ရတနာ တန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင် နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၄၆၂၈၃ ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ်ပြုလုပ်
ထို့အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အသီးသီးတွင်လည်း မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲ များကို ဒုတိယအကြိမ်ပြုလုပ်ရာ တပ်မတော်တစ်ရပ်လုံး အနေဖြင့် စုစုပေါင်းပျိုးပင် ၃၉၄၁၀၁ ပင်အား စုပေါင်းစိုက်ပျိုးနိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment