Friday, July 19, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

Image may contain: 3 people, outdoor


ရန်ကုန် ဇူလိုင် ၁၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာ အောင်ဇမ္ဗူပရိယတ္တိ စာသင်တိုက် ဆရာတော်အား သွားရောက်ဖူးမြော်ပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ယနေ့ နံနက် ၉ နာရီတွင် ကော့မှူး မြို့နယ်ရှိ အောင်ဇမ္ဗူပရိယတ္တိစာသင် တိုက်သို့ ရောက်ရှိရာ ကော့မှူးမြို့နယ် သံအိုင်ကျေးရွာ ခရစ်ယာန်အသင်းတော် တယောအဖွဲ့မှ လူငယ်များက ''ဇာတိမာန်'' သီချင်းဖြင့် ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကေတုမာလာအား ဖူးမြော်ကြည်ညို ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေတောင် ဖောင်ဒေးရှင်းက ပိန္နဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာ အောင်ဇမ္ဗူဘုန်းတော် ကြီးသင် ပညာရေးကျောင်းဝင်းအတွင်း ၌ တည်ဆောက်လှူဒါန်းသည့် အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း RC နှစ်ထပ်ကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်သည်။
လိုက်လံကြည့်ရှု
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းဆောင် သစ် ကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး စာသင် ခန်းများအတွင်း လိုက်လံကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် လည်းကောင်း၊ ကော့မှူးမြို့နယ် သံအိုင် ကျေးရွာ ခရစ်ယာန်အသင်းတော် တယောအဖွဲ့မှ လူငယ်များ၊ ဘင်ခရာ အဖွဲ့မှ ကျောင်းသား ကျောင်းသူများနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
လွှဲပြောင်းပေးအပ်
ဆက်လက်၍ ရွှေတောင် ဖောင်ဒေးရှင်းနာယက ဦးအိုက်ထွန်းက ကျောင်းဆောင်သစ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရဲမြင့်က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဂေဟာမှူး ဦးမင်းသိန်းထံ လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် ပညာရေးလုပ်ငန်းများ အား ကူညီဆောင်ရွက်ပေးနေသည့် နေအုပ် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနေအုပ် က ကျောင်းဆောင်သစ် လှူဒါန်း သည့်အတွက် ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ ပြည်တွင်း၊ ပြည်ပအလှူရှင်များက သန့်စင်ခန်း၊ ကွန်ပျူတာစားပွဲ၊ စာရေးထိုင်ခုံ၊ ကျောင်းအားကစားကွင်း၊ ရေစင် အဆောက်အဦ၊ ကျောင်းသား ကျောင်း သူများအတွက် ဗလာစာအုပ်နှင့် ရေသန့် ဘူးများ၊ ကျောင်းသုံးပရိဘောဂများကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ ကျောင်းဆောင်သစ်မှာ စာသင်ခန်း ရှစ်ခန်းပါဝင်သည့် RC နှစ်ထပ် ကျောင်းဆောင်သစ်ဖြစ် ကြောင်း သိရသည်။
နေ့ဆွမ်းဆက်ကပ်
ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အောင်ဇမ္ဗူ ပရိယတ္တိကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ ရွှေတောင် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment