Friday, July 19, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် အတွင်းဝန် ရုံးဟောင်း(ယခင်ဝန်ကြီးများရုံး)တို့ကို ကြည့်ရှုလေ့လာ


ရန်ကုန် ဇူလိုင် ၁၈


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံးဟောင်း(ယခင်ဝန်ကြီးများရုံး)တို့အား ကြည့်ရှုလေ့လာသည်။


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ရန်ကုန်မြို့ သို့ရောက်ရှိရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ရောက်ရှိပြီး ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူနှင့် ဦးကြည်မင်း၊
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တာဝန်ရှိသူများနှင့်အတူ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ဝင်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော မော်တော်ယာဉ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ပြည်တွင်း ပြည်ပခရီးစဉ် မှတ်တမ်း ဓာတ်ပုံများ၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော စာပို့ခ တံဆိပ်ခေါင်းများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ စာပို့ခ တံဆိပ်ခေါင်းများ၊ ငွေစက္ကူများနှင့် ငွေအကြွေစေ့များ ခင်းကျင်း ပြသထားရှိမှုကို ကြည့်ရှုလေ့လာသည်။


ကြည့်ရှုလေ့လာ

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းပုံစံတူရုပ်တု၊ ဘုရားခန်း၊ အိပ်ခန်း၊ စာဖတ် ခန်း၊ ဧည့်ခန်းနှင့် ထမင်းစားခန်းတို့ကို လှည့်လည်ကြည့်ရှု လေ့လာပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ဂါရ၀ပြုကာ ပြတိုက်ဝင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စိုက်ပျိုးခဲ့သည့် စိုက်ခင်းနေရာနှင့် ရေကန်တို့ကို ကြည့်ရှု လေ့လာသည်။


ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အတွင်းဝန်ရုံးဟောင်း (ယခင်ဝန်ကြီးများရုံး) သို့ ရောက်ရှိပြီး ဝင်းအတွင်းရှိ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ပြုလုပ်ထားသည့် အထိမ်းအမှတ်ကျောက်တိုင်၊ လွတ်လပ်ရေး မရမီအသုံးပြုခဲ့သည့် တိုင်းပြု ပြည်ပြုလွှတ်တော်အဆောက်အဦ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးဆောင်တို့ကို ကြည့်ရှုလေ့လာ သည်။


သတင်းစဉ်

No comments:

Post a Comment