Sunday, July 7, 2019

လယ်ယာထုတ်ကုန်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး သမဝါယမအသင်းများအနေဖြင့် ကူညီဆောင်ရွက်သွားကြရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တိုက်တွန်း

Image may contain: 3 people, people sitting, people standing, crowd and indoor

နေပြည်တော်   ဇူလိုင်   ၆

၂၀၁၉ ခုနှစ်   အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန သမဝါယမဦးစီး ဌာန ရုံးအမှတ် (၁၆)၌   ကျင်းပရာ ဒုတိယသမ္မတ   ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြား သည်။

တက်ရောက်

အခမ်းအနားသို့   ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်   ဒေါက်တာ အောင်သူ၊      ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊    ဦးသောင်းထွန်း၊ နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေ ချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးလှကျော်၊   လွှတ်တော်ကိုယ်စား လှယ်များ၊ နေပြည်တော် စည်ပင် သာယာရေး      ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ òန်ကြား ရေးမှူးချုပ်များ၊     ဗဟိုသမဝါယမ အသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမအသင်းစုဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊  INGOs  အဖွဲ့အစည်းများမှ      ကိုယ်စားလှယ် များ၊ သမဝါယမအသင်းသူ အသင်း သားများနှင့်     တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ၂၀၁၉  ခုနှစ်     အပြည် ပြည်ဆိုင်ရာသမဝါယမနေ့ ဈေးရောင်းပွဲတော်        ဖွင့်ပွဲအခမ်းအနားကို သမဝါယမဦးစီးဌာနရုံး ရှေ့မျက်နှာစာ၌  ကျင်းပရာ  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊      ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ရေလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့်   တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထို့နောက် ၂၀၁၉ ခုနှစ်  အပြည်ပြည် ဆိုင်ရာ     သမဝါယမနေ့အခမ်းအနားကို သမဝါယမဦးစီးဌာန  အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ရှေးဦးစွာ    တေးသံရှင်   စောဖိုးခွား၏ "နှလုံးအိမ်ထက်ကသက်တံ့ရောင်" သမဝါယမ တေးသီချင်းဖြင့်   အခမ်းအနားကို  ဖွင့်လှစ် သည်။

ICA အဖွဲ့ဝင်အဖြစ်ဝင်ရောက်


ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက အမှာစကားပြောကြားရာတွင် နိုင်ငံတကာရှိ သမဝါယမအသင်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ     ပေါင်းသင်းဆက်ဆံ ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေး ဟူသည့် ရည်ရွယ်ချက် များဖြင့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်  (International Cooperative Alliance - ICA) ကို ၁၈၉၅ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ခဲ့ပါကြောင်း၊   သမဝါယမ ဦးစီးဌာနတွင်  မှတ်ပုံတင်ထားသည့်   ဗဟို သမဝါယမအသင်းလီမိတက်သည် ၁၉၉၃ ခုနှစ်တွင် ICA အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ ပါကြောင်း၊ ICA အဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ   အပြည်ပြည်ဆိုင်ရာသမဝါယမ အဖွဲ့ချုပ်၏    လှုပ်ရှားဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။


၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄၉)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက  နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အဖြစ် ဂုဏ်ပြုသတ်မှတ်ချက်အရ နှစ်စဉ် ဇူလိုင်လပထမပတ်    စနေနေ့တွင်  ကမ္ဘာ အရပ်ရပ်ရှိ သမဝါယမအဖွဲ့အစည်းများအနေ ဖြင့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်း အနားကို  နိုင်ငံအလိုက်   ကျင်းပခဲ့ကြရာ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာနိုင်ငံ၌   (၂၅)ကြိမ်မြောက် ကျင်းပ ပြုလုပ်သည့် အခမ်းအနားဖြစ်ပါကြောင်း။

အချိတ်အဆက်မိမိ ပူးပေါင်း

ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့   ဆောင်ပုဒ်ဖြစ်သည့်    "Inclusive Development and Decent Work - အားလုံးပါဝင်သော  ဖွံ့ဖြိုးမှုတွင်   သင့်တင့် လျောက်ပတ်သော အလုပ်အကိုင်ဖော်ဆောင် ပေးရေး" ဆိုသည့်     ဆောင်ပုဒ်နှင့်အညီ သမဝါယမအသင်းအဖွဲ့များအနေဖြင့် အသင်း ဝင်အချင်းချင်း၊ အသင်းအချင်းချင်း အလျား လိုက်၊ ဒေါင်လိုက် အချိတ်အဆက်မိမိ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်အတွင်း တရားမျှတမှုရှိသည့်   လူမှုအသိုက်အဝန်း တစ်ခု ဖြစ်ပေါ်လာရေး၊ လက်ရှိအလုပ်အကိုင် များ   ခန့်ထားပေးနိုင်မှုကို   တည်မြဲစေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရေး၊ ကောင်းမွန်သည့်အလုပ်အကိုင်များ ဖန်တီး ပေးရာတွင် အားပေးမြှင့်တင်ဆောင်ရွက်ပေး ရေးနှင့်    လူသားအရင်းအမြစ်များ  ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဒီမိုကရေစီနည်းလမ်း ဖြင့် စနစ်တကျ အဓိကဦးစားပေး ထိန်းချုပ် ဖော်ဆောင်ပေးလျက်ရှိသည့် ပြည်သူဗဟိုပြု သမဝါယမလုပ်ငန်းများဖြစ်ကြောင်း  အများ ပြည်သူသိမြင်နိုင်စေရေးကို   အပြည်ပြည် ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီးက တိုက်တွန်း နှိုးဆော်ထားပါကြောင်း။

တိုက်တွန်းနှိုးဆော်ထား

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထား သည့် ၂၀၃၀ ပြည့်နှစ်အထိ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်  ၁၇ ရပ်ကို   ကမ္ဘာ့နိုင်ငံ အသီးသီးက  အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိနေကြပါကြောင်း၊ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်အနေဖြင့် ကုလ သမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၈)တွင် ပါရှိသည့် "Inclusive Develop- ment and Decent Work - အားလုံးပါဝင် သော     ဖွံ့ဖြိုးမှုတွင်  သင့်တင့်လျောက်ပတ် သော  အလုပ်အကိုင်ဖော်ဆောင်ပေးရေး"ကို သိသာပေါ်လွင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့သမဝါယမ အသင်းအဖွဲ့များကို တိုက်တွန်းနှိုးဆော်ထား သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။


အဆိုပါ    ပန်းတိုင်(၈)ကို  အကောင် အထည်ဖော်ရာတွင် နိုင်ငံအလိုက်တစ်ဦးကျ   ဝင်ငွေတိုးတက်မှုနှုန်း      စဉ်ဆက်မပြတ် ထိန်းသိမ်းရေး၊   ထုတ်ကုန်ထုတ်လုပ်သည့် ကဏ္ဍနှင့်    လုပ်သားအင်အားအသုံးပြု လုပ်ဆောင်သည့်ကဏ္ဍများ   အလေးပေး ဆောင်ရွက်ရေး၊ သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ စီးပွားရေး စွန့်စားလိုစိတ်၊    ဖန်တီးတီထွင်နိုင်စွမ်းနှင့် ပြုပြင်ပြောင်းလဲလိုမှုများကို အားပေးမည့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ အားပေးမြှင့်တင် ရေး၊    ၂၀၃၀ ပြည့်နှစ်တွင် လူငယ်များနှင့် မသန်စွမ်းသူများအပါအဝင် အမျိုးသမီးများ နှင့် အမျိုးသားများအားလုံး အလုပ်အကိုင် အပြည့်အဝရရှိရေးနှင့် တူညီသည့်အလုပ် အတွက်   တူညီသည့်  လုပ်ခလစာရရှိရေး၊ ကလေးလုပ်သားများကို အတင်းအဓမ္မခိုင်းစေ ခြင်းများအဆုံးသတ်ရေး၊    အလုပ်သမား အားလုံးအတွက် လုပ်ငန်းခွင်ဘေးကင်းလုံခြံမှု တိုးမြှင့်ရေးနှင့် လုပ်သားအခွင့်အရေးများ ကာကွယ်ပေးရေး၊ ၂၀၃၀ ပြည့်နှစ်တွင် အလုပ် အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင် သည့်မူဝါဒများ   အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင် မှု အားကောင်းလာစေရေး၊ ကုန်သွယ်ရေး ဆိုင်ရာ အကူအညီအထောက်အပံ့ တိုးမြှင့်ရေး တို့ကို ဦးစားပေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

အထောက်အကူပြု

ယနေ့ ကမ္ဘာတွင် ဆင်းရဲချမ်းသာကွာဟ ချက်များ၊   လူမှုရေးနှင့်  စီးပွားရေးမညီမျှမှု များကို စိန်ခေါ်မှုများအဖြစ် နေ့စဉ် ကြုံတွေ့နေ ရပါကြောင်း၊ စစ်မက်ဖြစ်ပွားမှု၊ အစားအစာ ငတ်မွတ်ခေါင်းပါးမှု၊ သဘာ၀ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာ၀ဘေးဆိုးများ ကျရောက်မှု၊ ရောဂါဆိုးဖြစ်ပွားမှု၊ လူကုန်ကူးမှု စသည့် များစွာသော ပြဿနာများကိုလည်း ရင်ဆိုင်နေကြရပါကြောင်း၊ ထိုသို့သော မညီမျှ မှုများနှင့်   ပဋိပက္ခစိန်ခေါ်မှုများ လျော့ပါး သက်သာစေရေးအတွက် သမဝါယမအသင်း အဖွဲ့များအနေဖြင့်လည်း တစ်ဖက်တစ်လမ်း က  အထောက်အကူပြုနိုင်ရန် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့သမဝါယမများအနေဖြင့် ၂၀၁၂ ခုနှစ်  ကာလများက  လူဦးရေသန်း ၁၀၀ ကျော်ကို ဝင်ငွေရရှိနိုင်သည့် အလုပ်အကိုင်    များ ဖန်တီးပေးနိုင်ခဲ့ပြီး မျက်မှောက်ကာလ တွင် လူဦးရေ ၂၇၉ သန်းကျော်ကို အလုပ် အကိုင်များ      ဖန်တီးပေးနိုင်နေပြီဖြစ်ပါ ကြောင်း။

မြန်မာ့သမဝါယမကဏ္ဍအနေဖြင့်လည်း ကျေးလက်နေအသင်းသား  တောင်သူများအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများကို လက်တွေ့ကျကျ   ဆောင်ရွက်လျက်ရှိပြီး လက်ရှိရရှိထားသည့် အောင်မြင်မှုအရှိန်အဟုန်အတိုင်း          ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

ချေးငွေများပေးအပ်သွားမည်ဖြစ်

ယနေ့အခမ်းအနားနှင့်အတူ (၁၁)ကြိမ်မြောက်အတွက် တာဝန်ကျေ ပြန်လည်ပေးဆပ်ပြီးသည့်   စိုက်ပျိုးရေးသမဝါယမအသင်းသားများအတွက်       (၁၂)ကြိမ်မြောက်အဖြစ် အသေးစားအရင်းအနှီးချေးငွေကျပ် ကျပ် ၂၁၁ ဒသမ ၉၉၂ ဘီလီယံ၊ စက်မှုလယ်ယာစနစ်သို့ အဆင့်မြှင့်တင်ရန်လယ်ဧက ၃၇၅၃ ဧကအတွက် ချေးငွေကျပ်  ၁ ဒသမ ၁၁၀ ဘီလီယံနှင့် မျိုးစေ့ထုတ်သမဝါယမ အသင်းများသို့ ချေးငွေကျပ်  သုည ဒသမ ၁၃၄ ဘီလီယံတို့ကို ဗဟိုသမဝါယမ အသင်းမှတစ်ဆင့်  အသင်းစုချုပ်များသို့  ချေးငွေများပေးအပ်သွားမည်ဖြစ်ပါ ကြောင်း၊ အဆိုပါချေးငွေများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်  ပြည်နယ် အတွင်းရှိ သမဝါယမအသင်းသားများသို့ အသင်းအဆင့်ဆင့်လမ်းကြောင်းမှ တစ်ဆင့် စနစ်တကျ အမြန်ဆုံး ဆက်လက်ထုတ်ချေးပေးသွားရန် တိုက်တွန်း မှာကြားလိုပါကြောင်း။

လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များတွင် သမဝါယမကဏ္ဍအနေဖြင့် ယခုကဲ့သို့ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် တိုင်းပြည် စီးပွားရေး   ဖွံ့ဖြိုးတိုးတက်ရေးကို  အထောက်အကူပြုနေပါကြောင်း၊ ယနေ့ က္ဘာ့နိုင်ငံများရှိ    သမဝါယမလုပ်ငန်းများ  အောင်မြင်ဖွံ့ဖြိုးတိုးတက်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက် ရှိနေသည်ကို တွေ့မြင်ကြားသိရပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သမဝါယမ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍများတွင် သမဝါယမအသင်းများအနေဖြင့် ယခုလက်ရှိအနေအထား ထက် ပိုမိုလုပ်ဆောင်ပေးကြရန်   တိုက်တွန်းလိုပါကြောင်း၊  မျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းနှင့်   လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမ အသင်းတို့အနေဖြင့် လယ်ယာသွင်းအားစုများ ရောင်းချခြင်းလုပ်ငန်းကို တောင်သူများ၏  ဆန္ဒနှင့်အညီ တိုးချဲ့ ဖွဲ့စည်းသွားကြရန်နှင့် လယ်ယာထုတ်ကုန် သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး ကွင်းဆက်တစ်လျှောက် တတ်နိုင်သည့်အပိုင်းတွင် သမဝါယမအသင်းများအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်သွားကြရန်   တိုက်တွန်း လိုပါကြောင်း။

ကောင်းမွန်သည့်အလုပ်အကိုင်များ ဖန်တီးပေး

လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်နေသည့် ကာလတွင် မြန်မာ့သမဝါယမအသင်းအဖွဲ့များအနေဖြင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းခွင်အတွင်း တရားမျှတမှုရှိသည့် လူမှုအသိုက် အဝန်းတစ်ခုဖြစ်ပေါ်လာရေး၊ လက်ရှိအလုပ်အကိုင်များ ခန့်ထားပေးနိုင်မှုကို    တည်မြဲစေရန်  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရေး၊ ကောင်းမွန်သည့် အလုပ်အကိုင်များ ဖန်တီးပေးရာတွင် အားပေးမြှင့်တင်ဆောင်ရွက်ပေးရေးနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒီမိုကရေစီနည်းလမ်းဖြင့် စနစ်တကျ ဦးစားပေး ပူးပေါင်းပါဝင်ဖြည့်ဆည်းဆောင်ရွက်ကြပါဟု တိုက်တွန်း အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ   သမဝါယမနေ့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက်  ဗဟိုသမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတိုးနန္ဒာတင်က အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှ  ပေးပို့ သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ဆုများပေးအပ်ချီးမြှင့်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊   ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊        နိုင်သက်လွင်နှင့် ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမျိုးသား လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင် ကြည်ညွန့်တို့က တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အသေးစားအရင်းအနှီး ချေးငွေများ၊ မျိုးစေ့ထုတ်လုပ်ငန်းနှင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့အတွက် ချေးငွေများ၊သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည် အမြင့်မားဆုံးဆုရ   သမဝါယမအသင်းစုချုပ်များ၊  မြို့နယ် သမဝါယမအသင်းစုများ၊ ကုန်ထုတ်/ဝန်ဆောင်/ကုန်သွယ်မှုလုပ်ငန်းများ တွင် အမြင့်မားဆုံးစွမ်းဆောင်နိုင်သည့် သမဝါယမအသင်းများနှင့် ဘက်စုံ ထူးချွန်ဆုရ သမဝါယမအသင်းများ၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်း အနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများမှ ဆုရရှိကြသည့် ပြခန်းများ ကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ပြခန်း များကို လှည့်လည်ကြည့်ရှုကြသည်။                                    

 သတင်းစဉ်


No comments:

Post a Comment