Tuesday, July 30, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့်အဖွဲ့ အာဆီယံ-တရုတ် ပြန်ကြားရေးဝန်ကြီးများအဆင့် သတင်းမီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့




Image may contain: 9 people, people standing
နေပြည်တော် ဇူလိုင် ၂၉




ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၄ ရက်အထိ ''Connected For A Better Future''ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အာဆီယံ-တရုတ် ပြန်ကြားရေးဝန်ကြီးများအဆင့် သတင်းမီဒီယာဖိုရမ်သို့ တက်ရောက်ခဲ့သည်။
ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ဂျကာတာမြို့ရှိ Hotel Mulia Senayan ၌ ကျင်းပသည့်High Level Confe-rence on ASEAN – China Media Cooperation ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ အာဆီယံနိုင်ငံများမှ ပြန်ကြား ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ၊ တရုတ်ပြည်သှူသမ္မတနိုင်ငံ အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဝန်ကြီး မစ္စတာဖန်ဝေပင်း၊ အာဆီယံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာဟောင်ရှီလန်၊ တရုတ်နိုင်ငံတက္ကသိုလ်များ နှင့် ရုပ်မြင်သံကြားဌာနများမှ ကိုယ်စားလှယ်အဖွဲ့များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှASCC Deputy Secretary – General မစ္စတာကွန်ဖုတ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အာဆီယံ-တရုတ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အာဆီယံ-တရုတ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ဆိုင်ရာကိစ္စရပ်များကို ပါဝင်ဆွေးနွေး ပြောကြားသည်။
ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် ASEAN- China High Level Media Forum ကို ကျင်းပရာ တရုတ်နိုင်ငံ အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယ ဝန်ကြီး မစ္စတာဖန်ဝေပင်း၊ အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ် ဒါတိုလင်မ် ဂျော့ဟွိုင်းနှင့် အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟောင်ရှီလန်နှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ နှင့် ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲ နှစ်ရပ် ကျင်းပရာ''The Role of Media in Building a Closer ASEAN– China Community with a Shared Future''ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ၌ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက Panelistအဖြစ် ပါဝင်၍ ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာကဏ္ဍအရေးကြီးပုံကို မြန်မာ နိုင်ငံ၏ အတွေ့ အကြုံများနှင့် နှိုင်းယှဉ်၍ ဆွေးနွေးပြောကြား သည်။
လှည့်လည်ကြည့်ရှု
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အဖွဲ့သည် ဂျကာတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူး ချုပ်ရုံးသို့ သွားရောက်ခဲ့ရာ အာဆီယံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းလွင်နှင့် မြန်မာဝန်ထမ်းများက ကြိုဆိုခဲ့ ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးရှိ စာကြည့်တိုက်၊ ပြခန်း များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ရုံးသစ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment