Saturday, July 13, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကြည့်ရှုစစ်ဆေး

Image may contain: 4 people, people smiling, bridge, plant, sky, outdoor, water and nature

နေပြည်တော် ဇူလိုင် ၁၂
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ် သန်းထွဋ်နှင့် ဦးတင်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေနံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာကြပြီး ရှမ်းပြည်နယ် ဖယ်ခုံ မြို့နယ်ရှိ မိုးဗြဲရေလှောင်တမံသို့ ရောက်ရှိကြသည်။
လိုအပ်ချက်များအား ရှင်းလင်း
ဒုတိယသမ္မတအား မိုးဗြဲရေလှောင်တမံ ရှင်းလင်းဆောင်၌ ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မိုးဗြဲရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့် မိုးဗြဲရေလှောင်တမံအား အခြေပြုပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မိုးဗြဲရေလှောင်တမံအနီးတွင် ခရီးသွားများ ခေတ္တနားနေနိုင်ရေးဆောင်ရွက် ပေးနိုင်ရန်အတွက် မြေနေရာရရှိရေး၊ ဘီလူးချောင်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ရေး၊ မိုးဗြဲရေလှောင်တမံမှ လွိုင်ကော် မြို့သို့သွားရောက်သည့် ကျောက်ခင်းလမ်းအား အဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက ယခုအခါပုဂံဒေသမှာ ကမ္ဘာ့ရှေး ဟောင်းအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခံရပြီဖြစ်ရာ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိုးဗြဲရေလှောင်တမံရေထိန်းတံခါးအသုံးပြု၍ ကယားပြည်နယ် လွိုင်ကော်မှ ရှမ်းပြည်နယ် အင်းလေးဒေသသို့ ရေလမ်းခရီးဖြင့် ပြည်တွင်း ပြည်ပခရီးသွားများ သွားရောက်နေပြီဖြစ်ရာ ယခုရေလှောင်တမံသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အတွက် တစ်ဖက်မှ အကျိုးပြုနေသဖြင့် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပြီး ရေထိန်းတံခါးများကြံ့ခိုင်ရေးနှင့် အဖွင့်အပိတ်ကို စနစ်တကျကြီးကြပ် ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုနှစ်တွင် မုတ်သုံအဝင်နောက်ကျပြီး မုတ်သုံအထွက် စောနိုင်မည်ဖြစ်သည့်အတွက် ရေဝင်ရောက်မှုနည်းနိုင်ကြောင်း၊ ထို့ကြောင့် ဝင်ရောက်သည့်ရေကို စနစ်တကျထိန်းသိမ်းသွားနိုင်ရန် ဆည်ရေကို စီမံခန့်ခွဲနေသည့် ဝန်ထမ်းများသာမက ရေအသုံးပြုပြည်သူများကိုလည်း ရေကိုအလေအလွင့်မရှိ စနစ်တကျထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်စေရေး အသိပညာပေးခြင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရာသီဥတုပြောင်းလဲမှု ကြောင့် မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်းနှင့် ဆည်တမံများ၏ သက်တမ်း များကို ထည့်သွင်းစဉ်းစား၍ ဆည်တမံများ ကြံ့ခိုင်ရေးကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မပြတ်စောင့်ကြည့်ရန်လိုကြောင်း မှာကြားသည်။
ရေဝင်ရောက်မှုကို ကြည့်ရှု
ထို့နောက် ဒုတိယသမ္မတသည် ရေပိုလွှဲအဆောက်အအုံပေါ်မှ စက်လှေဆိပ် ပြုလုပ်သည့်ရေထိန်းတံခါးနေရာနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုကို ကြည့်ရှုသည်။
မိုးဗြဲရေလှောင်တမံသည် ဘီလူးချောင်းမှ စီးဆင်းလာသည့်ရေကို ထိန်းသိမ်းသိုလှောင်၍ လောပိတရေအားလျှပ်စစ်စက်ရုံသုံးရုံ ပုံမှန်လည်ပတ် ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ရေပေးဝေလျက်ရှိကာ ဒေသခံပြည်သူ များကိုလည်း စိုက်ပျိုးရေ လုံလောက်စွာပေးဝေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ယခုအခါ မိုးဗြဲရေလှောင်တမံရေထိန်းတံခါးများမှ စက်လှေများ ဖြတ်သန်း၍ သွားလာနိုင်သဖြင့် ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကိုလည်းအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
ထီးစဲခါးရေတံခွန်သို့ ရောက်ရှိ
ယင်းနောက် ဒုတိယသမ္မတသည် လွိုင်လင်လေးမြို့ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးရေတံခွန်သို့ ရောက်ရှိပြီး ရေတံခွန်အားအခြေပြု၍ ခရီးသွားများ လာရောက်လည်ပတ်အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှု သည်။
အဆိုပါ ထီးစဲခါးရေတံခွန်သို့ ပွင့်လင်းရာသီတွင် ခရီးသွားများတစ်ရက်လျှင် ၁၀၀၀ကျော်လာရောက်လည်ပတ်အပန်းဖြေကြကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စု ရွမ်းကူးကျေးရွာသို့ ရောက်ရှိရာ ဒေသခံကယန်းတိုင်းရင်းသား၊ တိုင်းရင်းသူ များက ရိုးရာအကများဖြင့် ကြိုဆိုကြပြီး ဒုတိယသမ္မတက ရိုးရာယဉ်ကျေးမှု ပစ္စည်းအရောင်းဆိုင်များနှင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက် ထားမှုကို လိုက်လံကြည့်ရှုသည်။
မှတ်တမ်းဓာတ်ပုံရိုက်
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒေသခံကယန်းတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ပန်ပက်ကျေးရွာအုပ်စုသည် ယခင်ကသာမန် မိရိုးဖလာလုပ်ငန်းများ ကိုသာ လုပ်ကိုင်ခဲ့ကြရာ ၂၀၁၆ ခုနှစ်မှစတင်ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း များကို စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့လုပ်ကိုင်မှုများကြောင့် ယခုအခါ ပန်ပက်ကျေးရွာအုပ်စုမှ စလုံး၊ ရွမ်းကူး၊ ကတဲကူ၊ ပင်မဆောင်၊ ဒေါကီးကျေးရွာ များသို့ ပြည်တွင်း ပြည်ပခရီးသွားများ တစ်နှစ်လျှင် တစ်သောင်းကျော် လာရောက်၍ ကယန်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံများကို လာရောက်လေ့လာလျက်ရှိရာ ဒေသခံများ အလုပ်အကိုင် ရရှိလျက်ရှိကြောင်း သိရသည်။
နိင်ငံတော်အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပန်ပက်ကျေးရွာအုပ်စု ရွမ်းကူး၊ ကတဲကူ၊ ဆောင်လူးကနား၊ ပင်မဆောင်၊ ဒုန်းကဲ၊ သန်းကူးကျေးရွာ များနှင့် ၂၀၁၈-၂၀၁၉ခုနှစ်တွင် ပန်ပက်ကျေးရွာအုပ်စု ယဉ်ကျေးမှုဆိုင်တန်း၊ ပေါ်ကူး၊ ပရိုက်ကူ၊ လင်ဆောင်ဒေး(၁)နှင့်(၂) ကျေးရွာများအားလျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့
ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပန်ပက် ကျေးရွာအုပ်စုမှ ကျေးရွာခုနစ်ရွာအား ရွာတွင်းလမ်းများ ကျောက်ချော လမ်းခင်းခြင်း၊ ကတ္တရာလမ်းခင်းခြင်းနှင့် ရေပြွန်တည်ဆောက်ခြင်းများကို လည်းကောင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် ပန်ပက်ကျေးရွာအုပ်စုမှ ကျေးရွာများ အား တစ်နေ့လျှင် ရေဂါလန် ၃၀၀၀၀ ကျော်ပေးဝေနိုင်သည့် ရေပေးဝေရေး လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဒုတိယသမ္မတသည် ငွေတောင်ဆည်သို့ရောက်ရှိ၍ ဆည် အတွင်း ရေဝင်ရောက်မှုအခြေအနေကိုကြည့်ရှုရာ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေလွင်က ငွေတောင် ဆည်ဆိုင်ရာ အချက်အလက်များနှင့်ငွေတောင်ဆည်မှ ဒေသခံပြည်သူများအား စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်စွာပေးရေးဆောင်ရွက်မှုအခြေ အနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့အတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးဆောင်ရွက်ထားသည့် ဘီလူးချောင်းအတွင်း စက်လှေဖြင့် လိုက်လံကြည့်ရှုသည်။
သတင်းစဉ်

No comments:

Post a Comment