Monday, July 29, 2019

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး




Image may contain: 2 people, indoor
နေပြည်တော် ဇူလိုင် ၂၈ 




တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်၊ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီးMr. Zhao Kezhi ၏ ဖိတ်ကြားချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့သည် ဇူလိုင် ၂၃ ရက် မှ ၂၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၄ ရက်က ပေကျင်းမြို့ ပြည်သူ့ရေးရာ လုံခြုံရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာနကြီးမှူး၊ ပြည်သူ့ရေးရာ လုံခြုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးMr.XuGan Lu နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံခေါင်းဆောင် များအကြား သဘောတူညီချက်အရ ဝန်ထမ်းများအား နှစ်စဉ်သင်တန်းပေး ခြင်း၊ နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ထွက်မှုများ ထိန်းချုပ်နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဖက်နိုင်ငံ သားများအား စိစစ်လွှဲပြောင်းလက်ခံရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းကျူးလွန်သူများ ၏ ကိုယ်ရေးအချက်အလက်များ ဖလှယ် နိုင်ရေး၊ သတင်းအချက်အလက် နည်းပညာဖြင့် ပြစ်မှုကျူးလွန်သူများ အား နှစ်နိုင်ငံပူးပေါင်းဖော်ထုတ်နိုင်ရေး၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး တရား မဝင် သယ်ဆောင်ခြင်းနှင့် တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်မှုများတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။
ညှိနှိုင်းဆွေးနွေး
ပြည်ထောင်စုဝန်ကြီးသည် ညနေ ၅ နာရီခွဲတွင် နိုင်ငံတော်ကောင်စီဝင်၊တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီးMr. Zhao Kezhi နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် ဝင်/ ထွက်မှုများ ထိန်းချုပ်နိုင်ရေး၊ တရားမဝင် ဝင်ရောက်သည့် နှစ်ဖက် နိုင်ငံသားများအား စိစစ်လက်ခံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ သတင်း အချက်အလက်နည်းပညာဖြင့် ပြစ်မှု ကျူးလွန်ခြင်း၊ လူကုန်ကူးမှုနှင့် လက်နက် မှောင်ခို ရောင်းဝယ်မှုများတွင် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၅ ရက်တွင် ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့ ပြည်သှူလုံခြုံရေးဌာန ဌာန ကြီးမှူး Mr. Zhao Haishan အား သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
ရှင်းလင်းတင်ပြ
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၆ ရက်တွင် ကွမ်တုန်းပြည်နယ် ပြည်သူ့ လုံခြုံရေး ဌာနကွပ်ကဲမှု ဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ရာ Mr. Zhao Haishan နှင့် တာဝန်ရှိသူများကArtificial Intelligence နည်းပညာ အသုံးပြု၍ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ထိန်းချုပ်မှုစနစ်၊ ပြစ်မှုကျူးလွန် သူများအား စောင့်ကြည့်ထိန်းချုပ် ရေးစနစ်၊ ကွန်ရက် တည်ဆောက်ထားရှိ မှုများ၊ မြေပြင်မှရရှိသည့် သတင်း အချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ ပေးပို့ဖလှယ်သည့်စနစ်များ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။
စီစဉ်ဆောင်ရွက်
ယင်းနောက် ကွမ်တုန်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ လုံခြုံရေး ပြည်နယ်ဦးစီးဌာနမှူးMr. Li Chunsheng နှင့် တွေ့ဆုံရာ ၎င်းမှ ကွမ်တုန်းပြည်နယ်သည် မြန်မာနိုင်ငံနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်ပ၌ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးအရေးယူမှု တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက် အရ ကွမ်တုန်းပြည်နယ်သည် မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိ ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရန် အတွက် သင်တန်းများ ဖွင့်လှစ်လေ့ကျင့် ပေးနိုင်ရေးကိုလည်း တရုတ်နိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဇူလိုင် ၂၇ ရက်တွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment