Monday, July 29, 2019

(၂၀၁၉) ခုနှစ် ကမ္ဘာ့ အသည်းရောင် အသားဝါရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ




ရန်ကုန် ဇူလိုင် ၂၈



(၂၀၁၉) ခုနှစ် ကမ္ဘာ့ အသည်းရောင် အသားဝါရောဂါ တိုက်ဖျက်ရေးနေ့ (World Hepatitis Day) အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် သူနာပြုတက္ကသိုလ် ရန်ကုန်၌ ကျင်းပသည်။
ဂရုပြုမှုရှိလာစေရန်
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အသည်း ရောင် အသားဝါရောဂါဗိုင်းရပ်စ်ပိုးများ ကြောင့် ဖြစ်ပွားသည့် အသည်းရောင် အသားဝါရောဂါများနှင့် ပတ်သက်၍ ပြည်သူများပိုမိုသိရှိ ဂရုပြုမှုရှိလာစေရန် ရည်သန်၍ ကျင်းပသည့် ''ကမ္ဘာ့အသည်းရောင် အသားဝါရောဂါတိုက်ဖျက် ရေးနေ့''ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ ဝန်ကြီးဌာနသည် World Hepatitis Alliance အဖွဲ့နှင့် ပူးပေါင်း၍ ''အသည်းရောင်ရောဂါ ကင်းဝေးရေး၊ ဝိုင်းဝန်းရှာဖွေ စစ်ဆေးပေး (Finding the missing millions)'' ဆောင်ပုဒ် ဖြင့် အသည်းရောင် အသားဝါရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေး နှိုးဆော်မှု၊ ကျန်းမာရေးအသိပညာ မြှင့်တင်မှု၊ ရောဂါစစ်ဆေးမှု၊ ရောဂါ ကာကွယ်မှုနှင့် ကုသမှုလုပ်ငန်းများကို လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်ဆောင် ရွက်ခဲ့ပြီး ယခုနှစ်ဆောင်ပုဒ်ဖြစ်သော ''အသည်းရောင်ရောဂါ ကင်းဝေးဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်စို့ (Invest in Eliminating Hepatitis) နှင့်အညီ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
အသည်းရောင်အသားဝါ (စီ) ရောဂါ ကုသလမ်းညွှန် (Simplified Treatment Guidelines for Hepa-titis C Infection (2017))နှင့် အသည်းရောင်အသားဝါ (ဘီ) ရောဂါ ကုသရေးလမ်းညွှန် (Simplified Treatment Guidelines for Hepa-titis B Infection (2019)) အပါအဝင် လမ်းòန်များ ရေးဆွဲပြုစုခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေသည့် လမ်းညွှန်များနှင့် အမြဲကိုက်ညီမှု ရှိစေရေး အတွက် မွမ်းမံမှုများပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ်တွင် ပြည်သှူကျန်းမာရေးဦးစီးဌာန၊ ဆေး သုတေသနဦးစီးဌာနနှင့် မြန်မာအသည်း ဖောင်ဒေးရှင်းတို့ ဦးစီးကောက်ယူခဲ့သော စစ်တမ်းတွေ့ရှိချက်များအရ အသည်း ရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ဖြစ်ပွားမှုမှာ မြင့်တက်လျက်ရှိပြီး လူဦးရေ ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းမှာ အသည်း ရောင်အသားဝါ (ဘီ) ရောဂါနှင့် လူဦးရေ ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းမှာ အသည်း ရောင်အသားဝါ (စီ) ရောဂါဖြစ်ပွားလျက် ရှိသည်ကို တွေ့ရှိရကြောင်း။
အခမဲ့ထိုးနှံပေးလျက်ရှိ
ရောဂါဖြစ်ပွားသူများ၏ ၁၀ ဦးတွင် တစ်ဦးခန့်သည် ရောဂါဖြစ်ပွားနေသည် ကို မသိရှိကြသဖြင့် ကုသမှုများကို အချိန်မီ မခံယူနိုင်ကြသည်ကို တွေ့ရှိရပါ ကြောင်း၊ ဝန်ကြီးဌာနရှိ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းမှ ကလေးငယ်များ အတွက် အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို မွေးကင်းစ၊ အသက် (၂) လ၊ အသက် (၄)လနှင့် အသက် (၆) လ အရွယ်တို့တွင် အခမဲ့ ထိုးနှံပေးလျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံကြီး ခုနစ်ရုံ၌ လည်း ကောင်း၊ ၂၀၁၈ ခုနှစ်တွင် မြစ်ကြီးနားနှင့် မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံကြီးများ၌ လည်းကောင်း အသည်း ရောင်အသားဝါ (စီ) ကုသမှုဌာနများ ဖွင့်လှစ်၍ အသည်း ရောင် အသားဝါ (စီ) ရောဂါလူနာများကို အခမဲ့ကုသမှုပေးလျက်ရှိကြောင်း။
ထိုသို့ ကုသမှုပေးခဲ့ရာတွင် ၂၀၁၉ ခုနှစ် မေလအထိ အသည်းရောင် အသားဝါရောဂါ (စီ) ပိုးဝေဒနာရှင် ၅၀၀၀ ခန့်ကို ဆေးဝါးကုသမှုပေးနိုင်ခဲ့ ကြောင်း၊ ၂၀၁၉ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင်လည်း အသည်း ရောင် အသားဝါ (စီ) ကုသမှုဌာနများ ထပ်မံဖွင့်လှစ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာအသည်း ဖောင် ဒေးရှင်းအနေဖြင့်လည်း ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အသင်းခွဲ ၂၃ ခုဖြင့် အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ အသည်း ရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ အသည်းရောင် အသားဝါ (ဘီ) နှင့် (စီ) ရောဂါဖြစ်ပွားသူများကို ကုသမှု ပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရကြောင်း။
ဆက်လက်ဆောင်ရွက်
၂၀၃၀ ပြည့်နှစ်တွင် ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ပွားသော အသည်းရောင် အသားဝါရောဂါများဖြစ်ပွားမှု လျော့နည်း ကင်းစင်ကာ ပြည်သှူကျန်းမာရေး ခြိမ်းခြောက်မှုအဖြစ်မှ ဖယ်ရှားနိုင်စေရေး အတွက် စုစည်းဝိုင်းဝန်း၍ အရှိန်အဟုန် ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် နှင့် သက်ဆိုင်သူအားလုံးက မိမိ ကိုယ်တိုင် အသည်းရောင်အသားဝါ ရောဂါ ဖြစ်ပွားနေရသကဲသို့ ကြည့်ရှု ခံစားပြီးလည်း အသည်းရောင် အသားဝါ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအသည်း ဖောင် ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Dr. Stephen Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ World Hepatitis Alliance President Mr. Micheal-Nimberg ၏ သဝဏ်လွှာကို မြန်မာ အသည်းဖောင်ဒေးရှင်း အလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ စည်သူရ က ဖတ်ကြားသည်။
ထို့နောက် မြန်မာအသည်း ဖောင် ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်ညွန့်က ဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ နည်းပညာ ဆိုင်ရာ အကြံပေးဆိုင်ရာ အဖွဲ့ ခေါင်းဆောင် အသည်းအထူးကု ဆရာဝန် ကြီး ပါမောက္ခဒေါက်တာ ဝင်းနိုင်က ''အသည်းကင်ဆာရောဂါ သိကောင်း စရာ'' ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိ ပညာပေး ဟောပြောသည်။
၂၂၃ ဦးအား ထိုးနှံ
အဆိုပါ အခမ်းအနားတွင် အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးလိုသူ ၂၂၇ ဦးအား စစ်ဆေးပေးခဲ့ပြီး၊ အသည်း ရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးနှံလိုသူ ၂၂၃ ဦးအား ထိုးနှံပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယမန်နေ့ ညပိုင်းတွင် နိုင်ငံ ၁၆၅ နိုင်ငံ၌ အသင်းခွဲပေါင်း ၃၃၀၀၀ ကျော်နှင့် အသင်းဝင် ၁ ဒသမ ၂ သန်း ခန့်ရှိ၍ ပိုလီယိုရောဂါ တိုက်ဖျက်ရေး အပါအဝင် လူမှုရေးကဏ္ဍများ၊ ကျန်းမာ ရေးကဏ္ဍများ၌ အဓိကအလှူရှင် အဖွဲ့ အစည်းဖြစ်သည့် Rotary Interna-tional၏ အဖွဲ့ခွဲဖြစ်သော Rotary Club of Yangon, Rotary Club of Central Yangon နှင့် Rotary Club of Greater Yangon တို့မှ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော Officers Installation Ceremony (2018-2019) တွင် Guest of Honor အဖြစ် တက်ရောက်၍ အမှာစကားပြောကြား သည်။
တက်ရောက်
အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးများ၊ သံအမတ်ကြီး များ၊ ကမ္ဘာ့နိုင်ငံများမှRotary အဖွဲ့ အကြီးအကဲများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment