Monday, July 29, 2019

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မွန်ဒရာမြို့ရှိ Adani Ports and Logistics နှင့် SEZ & Solar Panel manufacturing unit သို့ သွားရောက်လေ့လာ




Image may contain: 7 people, people standing and wedding
နေပြည်တော် ဇူလိုင် ၂၈ 





အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် အိန္ဒိယတပ်မတော် အထူးလေယာဉ်ဖြင့် မွန်ဒရာမြို့သို့ ရောက်ရှိ ကြရာ အိန္ဒိယရေတပ်မှ Rear Admiral Sanjay Roye နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် မွန်ဒရာဆိပ်ကမ်းရှိ Adani Ports and Logistics သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် စက်ရုံများ အတွင်း ဘေးအ္တရာယ်လုံခြုံစိတ်ချမှုရှိစေရေးအတွက် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရေနက်ဆိပ်ကမ်း တစ်လျှောက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြသည်။
အဆိုပါ Adani Ports and Logisticsသည် အိန္ဒိယ နိုင်ငံ Kutch ပင်လယ်ကွေ့ရှိ ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများအနက် အကြီးစားသင်္ဘာများ ဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအတွင်းပိုင်းသို့ ကုန်စည်များပို့ဆောင်ရန်အတွက် အဓိကဝင်ပေါက်တစ်ခုဖြစ်ကာ ရေနံစိမ်း၊ ယာဉ်နှင့် အခြား ပို့ကုန်၊ သွင်းကုန်ပစ္စည်းအမျိုးမျိုးတို့အား သိုလှောင်ထားနိုင်ပြီး ပြန်လည်ဖြန့်ဖြူးပို့ဆောင်လျက်ရှိကြောင်း၊ တန်ချိန်ကြီးမား သည့် ကုန်တင်သင်္ဘောများဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား များရှိသည့် ဆိပ်ကမ်းဖြစ်ကြောင်း၊ ကမ္ဘာ့ အကြီးမားဆုံး ကျောက်မီးသွေးတင်သွင်းသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကာ Adani ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် TATA ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ နှစ်ရုံအတွက် ကျောက်မီးသွေးများ ပို့ဆောင်ထောက်ပံ့ပေးလျက်ရှိကြောင်း နှင့် ၎င်းကျောက်မီးသွေး စက်ရုံနှစ်ရုံသည် သဘာ၀ပတ်ဝန်း ကျင်ထိခိုက်မှုအနည်းဆုံး ထုတ်လုပ်မှုနည်းစနစ်ဖြင့် လျှပ်စစ် ဓာတ်အားမဂ္ဂါဝပ် ၈၆၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိကာ အိန္ဒိယ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
သွားရောက်ကြည့်ရှုလေ့လာ
ယင်းနောက် တပ်မတော်fကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် SEZ & Solar Panel manufacturing unit သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ က စွမ်းအင်ထုတ်လုပ်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များက သိရှိလိုသည်များကို မေးမြန်းကြသည်။
တင်ပို့ရောင်းချလျက်ရှိ
အဆိုပါ SEZ & Solar Panel manufacturing unit သည် သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြင်းမရှိသည့် ဆိုလာစနစ်ဖြင့် စွမ်းအင်ထုတ်လုပ်နိုင်သည့် ဆိုလာ ပြားများ ထုတ်လုပ်လျက်ရှိကြောင်း၊ တစ်နှစ်လျှင် ၁၂၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်သည့် ဆိုလာများထုတ်လုပ်နိုင် ကြောင်းနှင့် အဆိုပါဆိုလာများသည် ဘက်ထရီစနစ် သီးခြား ထပ်မံတပ်ဆင်ရန်မလိုဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေး နိုင်သည့် ဆိုလာပြားများဖြစ်ကာ ၎င်းဆိုလာပြားများအား အိန္ဒိယနိုင်ငံအပြင် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အခြားဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment