Wednesday, July 24, 2019

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံကို ပညာရေးနှင့်ပတ်သက်ပြီး တိုးမြှင့်ကူညီရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေး





နေပြည်တော် ဇူလိုင် ၂၃





ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် မြန်မာ နိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ရေးရာဆောင် (I-5) ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့၏ တိုးတက်ကောင်းမွန်သောနှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံလွှတ်တော်များ အပြန်အလှန်လေ့လာရေးနှင့် ချစ်ကြည်ရေး ဆက်ဆံမှုတိုးမြှင့်ရေး၊ နော်ဝေနိုင်ငံက ပေးအပ်လျက်ရှိသော သယံဇာတစီမံခန့်ခွဲမှုနှင့် ပတ်သက်သောအကူအညီများ၊ မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့တွင် ရာသီဥတုပြောင်းလဲ မှုကြောင့် ရင်ဆိုင်နေရသော ပြဿနာများနှင့် ပူးပေါင်းအဖြေရှာရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံကို ပညာရေးနှင့်ပတ်သက်ပြီး တိုးမြှင့်ကူညီရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment