Wednesday, July 24, 2019

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ





Image may contain: one or more people
နေပြည်တော် ဇူလိုင် ၂၃





တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် သည် ကယားပြည်နယ်နှင့် ချင်းပြည်နယ် တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များ အား ယနေ့နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စုဖွားတိုင်းရင်းသား များ၏ ဓလေ့ထုံးတမ်းအစဉ်အလာများ မည်သို့ပင်ကွဲပြားခြားနားကြသော်လည်း တိုင်းရင်းသားအားလုံး တစ်ရေတည်း သောက် တစ်ခရီးတည်းသွားကြသူများပီပီ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်း နှမကဲ့သို့ အချင်းချင်း ချစ်ချစ်ခင်ခင် ရိုင်းပင်းကူညီကြမည်၊ တစ်ဦး၏ ရိုးရာ ဓလေ့ကို တစ်ဦးက လေးစားကြမည်၊ မရှိ အတူ ရှိအတူ အေးအတူ ပူအမျှ မိသားစု စိတ်ဓာတ်များ မွေးမြူကြမည်၊ တစ်ဦး အခက်အခဲပြဿနာကို တစ်ဦးက ဝိုင်းဝန်း ဖြေရှင်းပေးကြမည်ဆိုပါက ပြည်ထောင်စု ကြီးသည် ရေရှည်တည်တံ့ခိုင်မြဲပြီး အေးချမ်းသာယာမှုရှိမည် ဖြစ်ပါကြောင်း။
တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အမှန်တကယ် ဖြစ်စေချင်သည်မှာ နိုင်ငံတော်၏ စေတနာအမှန်ဖြစ်ပါ ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန် အတွက် အဓိကအကျဆုံးမှာ နယ်မြေ အေးချမ်းသာယာရေးပင်ဖြစ်ပါကြောင်း၊ နယ်မြေဒေသတစ်ခုသည် တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေး ကင်းမဲ့သွားမည်ဆိုပါက ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်သည် လုံခြုံ မည်မဟုတ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုမရှိပါက ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှု စီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ခေတ်နောက်ကျ ကျန်ခဲ့မည်ဖြစ်ပါ ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက အရေးအကြီးဆုံးဖြစ် သည့် ငြိမ်းချမ်းရေးရရှိရေးသည် အထူး လိုအပ် နေပြီး တိုင်းရင်းသားများအားလုံး က ပူးပေါင်းပါဝင်ရန် တာဝန်ရှိကာ ဝိုင်းဝန်း ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က တတိယအကြိမ် နေပြည်တော်လေ့လာ ရေးခရီးစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ကယားပြည်နယ်မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များကိုယ်စား ဦးခွန်သာဒူး ဦးနှင့် ချင်းပြည်နယ်မှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ကိုယ်စား ဦးဇိုပဲန်းတို့က မိတ်ဆက်စကား ပြောကြားပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များ နှင့် မိတ်ဆက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် လေ့လာရေးအဖွဲ့ များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
ယခုလေ့လာရေးခရီးစဉ်သို့ ကယား ပြည်နယ်ရှိ ကယား၊ ကယန်းကခေါင်း၊ ကယန်း ကဲဒေါ့၊ ကယန်းလထာ၊ ကယန်း ယင်းဘော်၊ ကယော၊ ဂေဘား၊ မနုမနော ကော်ယော်၊ ရှမ်း၊ ပအိုဝ်း၊ ကရင်၊ ဗမာနှင့် ယင်းတလဲ အစရှိသည့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ ၁၃ ဖွဲ့မှ အဖွဲ့ဝင်ကိုယ်စားလှယ် ၅၅ ဦးနှင့် ချင်းပြည်နယ်ရှိဟားခါးချင်း၊ မရာ၊ ဖလမ်း၊ ဟွာငို၊ ဇိုမီး၊ ဆီးယင်း၊ တွန်းဇံ၊ မတူပီ၊ မတူ၊ဇိုတုန်၊ ချိုး၊ ကာဏ်း၊ ဒိုင် အစရှိသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ် ၅၂ ဦး စုစုပေါင်း ၁၀၇ ဦး လာရောက်လေ့လာ ကြကြောင်း သိရသည်။
လေ့လာရေးအဖွဲ့သည် နေပြည် တော်ရှိ Junction ဈေးဝယ်စင်တာ၊ ရေပန်းဥယျာဉ်၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား(တပ်ကုန်း)၊ ဗုဒ္ဓဂယာ၊ မဟာ သကျရံသီ၊ ဥပ္ပါတသ္တိ၊ ငလိုက်ဆည် ဆင်စခန်း၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ ဆာဖာရီ ဥယျာဉ်၊ တိရ္ဆာန်ဥယျာဉ်၊ လွှတ်တော်၊ အမျိုးသားပြတိုက်၊ ကျောက်မျက်ပြတိုက် များသို့ ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အထိ လေ့လာသွားကြမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment