Friday, July 19, 2019

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရရှိခဲ့သော ရွှေတံဆိပ်ဆုအား အမျိုးသားပြတိုက်(ရန်ကုန်)သို့ လှူဒါန်း

 
Image may contain: 7 people, people standing and indoor



ရန်ကုန် ဇူလိုင် ၁၈


အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဆရာကြီး ဦးရာဇတ် အထက်တန်းကျောင်းသား ဘ၀တွင် စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိခဲ့ သော အလေးချိန် ၈ ဒသမ ၀၈ ဂရမ်ရှိ ရွှေတံဆိပ်ဆု(၁၉၁၉- ၁၉၂၀)(metal) နှင့် ၎င်းအသုံးပြုခဲ့သော ကြေးမီးခြစ်ကို အများပြည်သူ ကြည့်ရှုနိုင်ရေးအတွက် ဆရာကြီး ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့်မိသားစုက အမျိုးသားပြတိုက် (ရန်ကုန်) သို့ ယမန်နေ့က လှူဒါန်းခဲ့ ကြောင်း သိရသည်။


ဂုဏ်ပြုမှတ်တမ်းလွှာ
ပြန်လည်ပေးအပ်

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က လက်ခံရယူကာ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားပြီး အလှူရှင်မိသားစုသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments:

Post a Comment