Thursday, July 25, 2019

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ညှိနှိုင်းစည်းဝေး





Image may contain: 3 people, people sitting
နေပြည်တော် ဇူလိုင် ၂၄




လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ၏ (၂/၂၀၁၉) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီး ရေးနှင့် ပတ်သက်၍ဆောင်ရွက်ရန် ကော်မတီကို ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်(၁၀)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအကြိမ် အစည်းအဝေး ၏ အရေးကြီးသော ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ UNCTFMR နှင့် ပူးပေါင်းတွေ့ဆုံညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂမှပေးပို့သော ကလေးသူငယ်များ အပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုအား အဆုံးသတ်စေရေး နှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများအား အဆုံးသတ်စေရေး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်(၂)ရပ်ကို ပေါင်းစပ် ရေးဆွဲရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရာတွင် အချိန်တစ်ခု သတ်မှတ်၍ UNCTFMR နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင် ရန် ရှိပါကြောင်းနှင့် ယခုလုပ်ငန်းစီမံချက်ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ဟန့်တားကာကွယ်ရေး အမျိုးသား အဆင့် တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး လုပ်ငန်း စီမံချက်(မူကြမ်း) ရေးဆွဲထားမှုအား ပြန်လည်ထူထောင်ရေးဦးစီး ဌာန ဒုတိယòန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လုပ်ငန်းစီမံချက် (မူကြမ်း)နှင့် ပတ်သက်၍ လိုအပ်သော အချက်အလက်များကို အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အစိုးရကဦးဆောင်၍ ရေးဆွဲပြီး သော စီမံချက်မူကြမ်းကို သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် ဆွေးနွေးညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment