Wednesday, July 31, 2019

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ






Image may contain: 7 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃၀




စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ထိုင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr.Veerathai Santiprabhob နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က နေပြည် တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဖြတ် ကျော်ကုန်သွယ်မှုများနှင့် ရွှေ့ပြောင်း လုပ်သားများ ငွေလွှဲပို့ခြင်းများတွင် ပိုမို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment